Mon. Nov 29th, 2021

Zawgyi





Unicode

ထိုင်နေတုန်း အသက် ၈၅ နှစ်အရွယ် သနပ်ခါးသည်အဘွားက ကားလာဌားလို့ လိုက်ပို့ပေးလိုက်တဲ့အခါ ထိုင်နေတုန်း အသက် ၈၅ နှစ်အရွယ် သနပ်ခါးသည်အဘွားက ကားလာဌားလို့ လိုက်ပို့ပေးလိုက်တဲ့အခါမှာ အရမ်းကို အံသြသွားတဲ့ လူတစ်ယောက်ရဲ့ အဖြစ်ပဲဖြစ်ပါတယ်။ လူတွေဟာ အသက်အရွယ်ကြီးမြင့်လာတဲ့အခါမှာ ရုန်းကန်လှုပ်ရှားဖို့ တော်တော်လေးကို ခက်ခဲပါတယ်။

စားရေးသောက်ရေး နေရေးထိုင်ရေးအတွက် တစ်ကိုယ် တည်း ရှာဖွေဖို့ဆိုတာ ပိုခက်ခဲပါတယ်။ ယခုလို ခက်ခဲတဲ့ကြားက အသက် ၈၅ နှစ်အရွယ် အဖွားအိုတစ်ယောက်က ကားငှားခြင်းကို ခံခဲ့ရတဲ့ လူတစ်ယောက်ဟာ လူမှုကွန်ယက်မှာ ယခုကဲ့သို့ မျှဝေခဲ့ပါတယ်။ ကျောက်ဆည် Alpha ဘိလပ်မြေစက်ရုံရှေ့ထိုင်နေတုန်း မန္တလေးဘက်က သနပ်ခါးတုံးရောင်းပြီးပြန်လာတဲ့အသက် ၈၀ ကျော်အဖွားအိုတစ်ယောက်

သူ့အိမ်ကိုပြန်ဖို့ ကားကြုံစီးပါရစေ ပိုက်ဆံ ၅၀၀ ပေးပါ့မယ်ဆိုလို့ အိမ်အရောက် လိုက်ပို့ပေးလိုက်တယ်။ ၈၅ နှစ်အရွယ်ထိ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီးအလုပ် လုပ်နေတဲ့အ ဖွားကို လေးစားသောအားဖြင့် ပိုက်ဆံနဲ့ကန် တော့ပါရစေ ဆိုတော့ ဝမ်းသာလွန်းလို့ ဆုတွေတရစပ်ပေးနေတော့တာပဲ။ ၅၀၀၀ တန် ၅ ရွက်ကို မယုံနိုင်တဲ့မျက်လုံးနဲ့ ကြည့်ရင်း

ဆုတွေတရစပ်ပေးနေတော့တယ်။ ဝမ်းသာ ဝမ်းနဲတဲ့ မျက်ဝန်းတွေနဲ့ ငေးကျန်ခဲ့တဲ့ အဖွား ကျန်းမာပါစေ။ ပရိတ်သတ်ကြီးရေ Myozayar Lwin ရဲ့ စိတ်ဓါတ်လေးကို ချီးကျူးမိပါတယ်။ အဖွားအိုလည်း ကျန်းမာပါစေနော်။ ဖတ်ရှုပေးခဲ့ကြတဲ့ ပရိတ်သတ် တစ်ယောက်ချင်းဆီကို အထူးပင်ကျေး ဇူးတင်ရှိပါသည်။