Zawgyi

တစ္ခါတြင္ ေႁမြတစ္ေကာင္က ဖားကို ကိုက္ မ်ိဳထားသည္ကို ေတြ႕ရေသာလူတစ္ေယာက္က ဖားမေသေစရန္အတြက္ ေႁမြကို ေျခာက္လွန႔္လႊတ္ လိုက္၏။ ထိုအခါ သူ၏မိတ္ေဆြအခ်ိဳ႕က ေႁမြစားရမည့္အစာကို ဖ်က္ဆီးသည့္အ တြက္ အကုသိုလ္ျဖစ္သည္။ငရဲက်မည္ ေျပာၾကသည့္အတြက္ ထိုသူသည္ အၿမဲစိတ္ဆင္းရဲေနရွာ၏။

ထိုသူက ဦးနီကို ထိုအေၾကာင္း လာေမးသည့္အခါ ဦးနီေျဖပုံကို ၾကည့္ပါ –‘မင္းက ေႁမြပါးစပ္က ဖားလြတ္သြားေအာင္ ေျခာက္လွန႔္ေမာင္းႏွင္ေပးသခိုက္မွာ မင္းစိတ္ထဲမွာ ဒီေႁမြႀကီး အစာငတ္ေသပါေစဆိုတဲ့ ေစတနာမ်ိဳးရွိသလား။ဒါမွမဟုတ္ ဒီဖားေလး ေႁမြေဘးကလြတ္ၿပီး အသက္ခ်မ္းသာရာရပါေစဆိုတဲ့ ေစတနာမ်ိဳးရွိသလား။

မလိမ္ဘဲ စိတ္ထဲရွိတဲ့အတိုင္း ေျဖၾကည့္လိုက္’ ‘ဒါကေတာ့ကြာ ရွင္းရွင္းေလးပဲ၊ ဖားေလး အသက္ရွင္ပါေစဆိုတဲ့ ေစတနာနဲ႔ပဲ ေမာင္းလိုက္တာပါ။ ေႁမြ အစာငတ္ပါေစဆိုတဲ့ ေစတနာ လုံးလုံးမပါပါဘူး’‘ဒါဆိုရင္ မင္းျပ ႆနာကို မင္းကိုယ္တိုင္ ေျဖရွင္းၿပီးသားျဖစ္သြားၿပီ။’ ေစတနာ ဟံ ဘိကၡေဝ ကမၼံဝဒါမိ’

ရဟန္းတို႔- ေစတနာကိုအက်ိဳးပတတ္ တဲ့ကံလို႔ ငါဘုရား ေဟာတယ္ဆိုတဲ့ ေဒသနာအရ မင္းရဲ႕ေစတနာက ဖားေလးကို အသက္ေဘးက လြတ္သြားေစခ်င္တယ္။ဒါဟာ ေကာင္းတဲ့ေစတနာပဲ။ဒါေၾကာင့္ မင္းလည္း အသက္ေဘးကလြတ္တဲ့ ေကာင္းက်ိဳးခံစားရမယ္။ ဒါ ရွင္းရွင္းေလးပဲ’…‘ေအးကြာ ဒီလို ရွင္းရွင္းလင္းလင္းသိရမွပဲ

စိတ္ခ်မ္း သာသြားေတာ့တယ္’‘ဒါတင္မကေသးဘူးကြ။ ေႁမြႀကီးဟာလည္း ဖားကို မသတ္ရေတာ့တဲ့အတြက္ ပါဏာတိပါတ အကု သိုလ္ကံက လြတ္သြားေသးတယ္။ ဒီအတြက္လည္း မင္းမွာ ကုသိုလ္ရဦးမယ္။မင္းက ဖားေလးကို ေမာင္ထုတ္ လိုက္တဲ့အတြက္ ေႁမြဟာ အစာငတ္ ေသမယ္ဆိုတာလည္း သဘာဝနဲ႔ၾကည့္ရင္ မျဖစ္ႏိုင္ဘူး။

ဒီဖားကို မစားရလည္း တျခားအစာကို ရွာစားမွာပါပဲ’ဤျပႆနာ၌ ဦးနီေျဖသည္မွာ အမွန္ပင္ျဖစ္သည္။ အရာရာတြင္ အကုသိုလ္ျဖစ္၊ မျဖစ္။ အျပစ္ျဖစ္၊ မျဖစ္ မဆုံးျဖတ္ႏိုင္ျဖစ္ခဲ့လွ်င္ ထိုသူ၏သႏၲာန္တြင္ျဖစ္ေနေသာေစတနာျဖင့္ ဆုံးျဖတ္လွ်င္ အမွန္ကိုေရာက္ မည္ျဖစ္၏။ တစ္ခါကလည္း ဘုရားေက်ာင္းေဆာင္ကို သန႔္ရွင္းေရးလုပ္ရင္း၊ ပင့္ကူ အိမ္ေတြ ပါသြားသျဖင့္ အျပစ္ရွိ၊ မရွိ ေမးဖူး၏။

အေျဖကား- ‘ဘုရားေက်ာင္းေဆာင္ကို သန႔္ရွင္းေရး လုပ္ေနကတည္းက ေက်ာင္းေဆာင္ကို သန႔္ရွင္းသြားေစလိုေသာ ေစတနာေကာင္းသာ ရွိေန ၏။ ပင့္ကူအိမ္ေတြပ်က္ၿပီး ပင့္ကူေတြကို ဒုကၡေရာက္ၾကပါေစဟူေသာ ေစတ နာဆိုးမရွိ။ထိုေၾကာင့္ အျပစ္မရွိ၊ ကုသိုလ္သာျဖစ္၏’ဟု ဆုံးျဖတ္ရပါမည္။

ေမတၱာရွင္(ေ႐ႊျပည္သာ)

Unicode

တစ်ခါတွင် မြွေတစ်ကောင်က ဖားကို ကိုက် မျိုထားသည်ကို တွေ့ရသောလူတစ်ယောက်က ဖားမသေစေရန်အတွက် မြွေကို ခြောက်လှန့်လွှတ် လိုက်၏။ ထိုအခါ သူ၏မိတ်ဆွေအချို့က မြွေစားရမည့်အစာကို ဖျက်ဆီးသည့်အ တွက် အကုသိုလ်ဖြစ်သည်။ငရဲကျမည် ပြောကြသည့်အတွက် ထိုသူသည် အမြဲစိတ်ဆင်းရဲနေရှာ၏။

ထိုသူက ဦးနီကို ထိုအကြောင်း လာမေးသည့်အခါ ဦးနီဖြေပုံကို ကြည့်ပါ –‘မင်းက မြွေပါးစပ်က ဖားလွတ်သွားအောင် ခြောက်လှန့်မောင်းနှင်ပေးသခိုက်မှာ မင်းစိတ်ထဲမှာ ဒီမြွေကြီး အစာငတ်သေပါစေဆိုတဲ့ စေတနာမျိုးရှိသလား။ဒါမှမဟုတ် ဒီဖားလေး မြွေဘေးကလွတ်ပြီး အသက်ချမ်းသာရာရပါစေဆိုတဲ့ စေတနာမျိုးရှိသလား။မလိမ်ဘဲ စိတ်ထဲရှိတဲ့အတိုင်း ဖြေကြည့်လိုက်’

‘ဒါကတော့ကွာ ရှင်းရှင်းလေးပဲ၊ ဖားလေး အသက်ရှင်ပါစေဆိုတဲ့ စေတနာနဲ့ပဲ မောင်းလိုက်တာပါ။ မြွေ အစာငတ်ပါစေဆိုတဲ့ စေတနာ လုံးလုံးမပါပါဘူး’‘ဒါဆိုရင် မင်းပြ ဿနာကို မင်းကိုယ်တိုင် ဖြေရှင်းပြီးသားဖြစ်သွားပြီ။’ စေတနာ ဟံ ဘိက္ခဝေ ကမ္မံဝဒါမိ’ ရဟန်းတို့- စေတနာကိုအကျိုးပတတ် တဲ့ကံလို့ ငါဘုရား ဟောတယ်ဆိုတဲ့ ဒေသနာအရ မင်းရဲ့စေတနာက

ဖားလေးကို အသက်ဘေးက လွတ်သွားစေချင်တယ်။ဒါဟာ ကောင်းတဲ့စေတနာပဲ။ဒါကြောင့် မင်းလည်း အသက်ဘေးကလွတ်တဲ့ ကောင်းကျိုးခံစားရမယ်။ ဒါ ရှင်းရှင်းလေးပဲ’…‘အေးကွာ ဒီလို ရှင်းရှင်းလင်းလင်းသိရမှပဲ စိတ်ချမ်း သာသွားတော့တယ်’‘ဒါတင်မကသေးဘူးကွ။ မြွေကြီးဟာလည်း ဖားကို

မသတ်ရတော့တဲ့အတွက် ပါဏာတိပါတ အကု သိုလ်ကံက လွတ်သွားသေးတယ်။ ဒီအတွက်လည်း မင်းမှာ ကုသိုလ်ရဦးမယ်။မင်းက ဖားလေးကို မောင်ထုတ် လိုက်တဲ့အတွက် မြွေဟာ အစာငတ် သေမယ်ဆိုတာလည်း သဘာဝနဲ့ကြည့်ရင် မဖြစ်နိုင်ဘူး။ ဒီဖားကို မစားရလည်း တခြားအစာကို ရှာစားမှာပါပဲ’ဤပြဿနာ၌ ဦးနီဖြေသည်မှာ အမှန်ပင်ဖြစ်သည်။

အရာရာတွင် အကုသိုလ်ဖြစ်၊ မဖြစ်။ အပြစ်ဖြစ်၊ မဖြစ် မဆုံးဖြတ်နိုင်ဖြစ်ခဲ့လျှင် ထိုသူ၏သန္တာန်တွင်ဖြစ်နေသောစေတနာဖြင့် ဆုံးဖြတ်လျှင် အမှန်ကိုရောက် မည်ဖြစ်၏။ တစ်ခါကလည်း ဘုရားကျောင်းဆောင်ကို သန့်ရှင်းရေးလုပ်ရင်း၊ ပင့်ကူ အိမ်တွေ ပါသွားသဖြင့် အပြစ်ရှိ၊ မရှိ မေးဖူး၏။

အဖြေကား- ‘ဘုရားကျောင်းဆောင်ကို သန့်ရှင်းရေး လုပ်နေကတည်းက ကျောင်းဆောင်ကို သန့်ရှင်းသွားစေလိုသော စေတနာကောင်းသာ ရှိနေ ၏။ ပင့်ကူအိမ်တွေပျက်ပြီး ပင့်ကူတွေကို ဒုက္ခရောက်ကြပါစေဟူသော စေတ နာဆိုးမရှိ။ထိုကြောင့် အပြစ်မရှိ၊ ကုသိုလ်သာဖြစ်၏’ဟု ဆုံးဖြတ်ရပါမည်။

မေတ္တာရှင်(ရွှေပြည်သာ)