Zawgyi






Unicode

မဂ်လာပါ ပရိတ်သတ်ကြီးရေ တောင်ပေါ်ကျောင်းမှာ တစ်ပါးတည်း များစွာသော ခက်ခဲ ဒုက္ခတွေကြားထဲကနေ တရားအားထုတ်နေတဲ့ ဆရာ တော် ကြီးအတွက် အလှူရှင် လိုအပ်နေလို့ တင်ပေးပါ ရစေနော်။ ယနေ့မှာ အစ်မ ခိုင်နဒီက သူမရဲ့fb acc ကနေ မိုးကုတ် တောင်ပေါ်က ဆရာတော်ကျောင်းကို အလှူငွေ သွားရောက်လှူဒါန်းရင်း

ဆရာတော်ရဲ့ လက်ရှိ အခက်အခဲတွေကို အားလုံး သိအောင် တင်ပေးရင်း လှူချင်သူများရှိရင်လည်း လှူလို့ရပါတယ်ဆိုပြီး ယခုလို တင်ပေးထားပါတယ်။ “ဒီနေ့မှာ မိုးကုတ်မြို့ရဲ့ တောင်အမြင့်ထဲက လက်ညိုး လက်မတောင်ပေါ် တောင်တက်ရောက်ခဲ့တယ် အရင် ရေကန်အလှူတော် ငွေမှ ကျန်ငွေ (81500)ကျပ်အား ငွေဖြည့်၍ ၁သိန်းကျပ် ပြန်လှူတန်း ခဲ့ပါတယ်

သူငယ်ချင်း အားလုံးကုသိုလ်ရ၍ နတ်လူ သာဓုခေါ်ပါစေသော် ထပ်မံလှူဒါန်း ချင်တယ်ဆို ဆရာတော် ဘုရားက ဘိလပ်မြေ အိတ် ၂၀နဲ့ သဲမူံ ၁၀စီးစာနဲ့ မီးရဖို့ အရေးပြောပါတယ် နိဗ္ဗာန်အကျိုးဆော် နိုးဆော်ပါတယ် လှူတန်းချင်တဲ့ အလှူရှင်တွေဆီက အလှူခံပါတယ် တောင်ပေါ် လမ်းလျှောက်တက်တာ ၂နာရီလောက်ကြာပါတယ် အလှူငွေကောက်ခံလို့ရရင် ငယ်

ကိုယ်တိုင် ပြန်တက်ပီး သွားရောက်လှူတန်းပေးပါ့မယ်” ဆိုပြီး အစ်မရဲ့ လူမှု့ကွန်ရက်မှာ တင်ထားတာပဲ ဖြစ်ပါတယ်။ ဆရာတော်အတွက် တကယ်လှူဒါန်းချင်တယ် ဆိုရင် အဲ့ အစ်မ ဆီကိုယုံယုံကြည်ကြည်နဲ့ ဆက်သွယ်လှူဒါန်းလို့ရတယ် ဆိုတာကို စေတနာ နဲ့ အခုလို ပြန်လည်ဝေမျှပေးခြင်းပဲ ဖြစ်ပါတယ်။ Fb မှာ Khaing NaDi ဆိုပြီး ရှာလိုက်ပါ။

အဲ့မှာ ဝင်ဖတ်ကြည့်ပြီး ဆက်သွယ်လို့ ရပါတယ်။ ပရိတ်သတ်ကြီးလည်း အားလုံးသိရအောင် share ပေးခြင်းဖြင့် ကုသိုလ်ယူလိုက်ကြပါနော်။ အခုလိုဝင်ရောက် ဖတ်ရူ့ပေးကြတဲ့ ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်သော နေ့ရက်များကို သက်ဆုံးတိုင် ပိုင်ဆိုင် နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။