မြန်မာနိုင်ငံရဲ့ မိုးလေဝသ ရာသီဥတုကို ကြည့်မယ်ဆိုရင် အများအားဖြင့် လတိုင်းမိုးရွာလေ့ရှိပါတယ်။ နွေရာသီဖြစ်တဲ့ သင်္ကြန်ကာလမှာလည်း သင်္ကြန်မိုးရွာပါတယ်။ ကဆုန်၊ နယုန် ဆွေ့ဆွေ့ခုန်ဆိုတဲ့ စာချိုးအတိုင်း အင်မတန်ပူတဲ့လတွေမှာလည်း မြက်ကလေးတွေ သားမွေးလို့ရအောင် မိုးကရွာသေးတာပါပဲ။

လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ရာကျော် ၁၉၀၀ နောက်ပိုင်းကာလတွေက မိုးရေချိန်ရရှိမှုတွေကို ကြည့်မယ်ဆိုရင်လည်း ၂၀၁၀ ခုနှစ်အထိ နှစ်ပေါင်း ၁၁၀ မှာ မိုးရေချိန်မူမှန်တာဆိုလို့ ၁၉၀၄ ခုနှစ်နဲ့ ၁၉၃၉ ခုနှစ် ၂ နှစ်ပဲရှိပါတယ်။ ဒါပေမယ့် ၂၀၁၀ အလွန်ကာလတွေဟာ ရာသီဥတုအားဖြင့် အင်မတန်လှုတ်ခတ်တဲ့ ကာလတွေ ဖြစ်လာခဲ့ပါတယ်။

မိုးကာလတိုလာတယ်။ အရှိန်နဲ့ရွာသွန်းတာတွေ ဖြစ်လာတယ်။ အချိန်ကာလတိုတိုမှာ မိုးရေတွေအများကြီးရွာချတာမျိုးဖြစ်လာတယ်။ မုတ်သုန်အထွက်စောတယ်။ ဆောင်းဟာ နွေလိုမျိုး ပူလာတယ်။ အပူရှိန်မြင့်မားခြင်းရဲ့နောက်မှာ ရေရှားပါးမှုတွေ ဖြစ်လာတယ်။ ဒါတွေဟာ ရာသီဥတုပြောင်းလဲခြင်းရဲ့ အကျိုးဆက်တွေဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။

သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင် ပညာရှင် ဦးဝင်းမျိုးသူ က “ ကျွန်တော်တို့က ရာသီဥတုကို ချက်ချင်းကောင်းသွားအောင်ဆိုပြီးပြင်လို့မရဘူး။ ပိုပြီး ဆိုးမလာအောင်၊ လက်ရှိဖြစ်ပေါ်နေတာတွေနဲ့ လိုက်လျောညီထြွေုဖစ်အောင်၊ နေနိုင်အောင်ပဲ ကြိုးစားရမှာ၊ ပြင်ဆင်ရမှာဖြစ်တယ် ” လို့ အကြံပြုပါတယ်။ ဒါဆိုရင် အညာအရပ်လိုမျိုး၊ ရန်ကုန်တိုင်းဒေသကြီးက

ဒလမြို့နယ်လိုမျိုးနေရာတွေမှာ သောက်သုံးရေရှားပါးပြတ်လပ်မှုကို ဘယ်လိုတွေ လိုက်လျောညီထွေဖြစ်အောင် လုပ်လို့ရနိုင်မလဲ။ ငွေကြေးတတ်နိုင်တဲ့ နိုင်ငံတွေမှာတော့ ရနိုင်တဲ့ရေတွေကို ပြန်လည်သန့်စင်တာမျိုး၊ မိုးရွာလာအောင် တိမ်တွေပေါ်တက်ပြီး ဆားတွေဖြူးချတာမျိုး၊ အင်မတန်ကြီးမားတဲ့ ကန်ကြီးတွေတူးပြီး ရေကိုထိန်းသိမ်းထားတာမျိုးတွေ လုပ်ကြပါတယ်။

မြန်မာနိုင်ငံကတော့ ဖွံ့ဖြိုးစနိုင်ငံဖြစ်တဲ့အပြင် လိုအပ်ချက်တွေ အများကြီးရှိနေတာကြောင့် ဒီလိုတွေလုပ်ပေးနိုင်ဖို့ဆိုတာ မျှော်မှန်းလို့မရနိုင်သေးပါဘူး။ ဒီတော့ ရေအတွက် မိုးရေကိုသာ အားကိုးရတဲ့ ဒေသတွေအတွက် အလွယ်ကူဆုံးနည်းလမ်းက ရှိနေတဲ့ ကန်တွေကို ထိန်းသိမ်းပြုပြင်တာပါပဲ။ “ရသမျှမိုးရေတွေကို စုရမယ်။

ကျွန်တော်တို့ဆီမှက မြေအောက်ထဲကို ရေစိမ့်ဝင်သွားတာမျိုး၊ အငွေ့ပျံသွားတာမျိုး ပုံစံနှစ်မျိုးလုံးနဲ့ ရေကိုဆုံးရှုံးရတယ်။ ဒီတော့ ကန်တွေကို အောက်ခြေမှာ ရေမစိမ့်နိုင်အောင် ခင်းဖို့လိုတယ်။ နောက်တစ်ခါ ကန်ပတ်ပတ်လည်မှာ အပင်ကြီးကြီးမားမားတွေ ရှိဖို့လိုတယ်။ ဒါမှသူတို့က ရေစိမ့်ဝင်မှုကို သက်သာစေမယ် ” လို့ WWF-Myanmar ရဲ့ Freshwater Programme Officer ဖြစ်သူ

ကိုဆလိုင်းသူရဇော်က ဆိုပါတယ်။ ဒီလောက်နဲ့ လုံလောက်ပြီလား။ အရေးကြီးတဲ့ ကိစ္စတစ်ခုရှိနေပါသေးတယ်။ အဲ့ဒါကတော့ မြင့်လာတဲ့ အပူချိန်ရဲ့ နောက်ဆက်တွဲ ရေငွေ့ပျံမှု မြန်ဆန် မြင့်တက်လာခြင်းပါ။ ဒါနဲ့ပတ်သက်လို့ ဆရာ ဦးဝင်းမျိုးသူက “ ကန်တွေကို နက်နက်တူးရမယ်။ ပြီးတော့ ကန်ပတ်လည်မှာ ဝါးကွပ်ပျစ်တွေနဲ့ ရေသလျှောက်လိုမျိုး မိုရေများများဝင်အောင်စုပြီး ထည့်တဲ့သဘောပေါ့ အဲလိုလုပ်ရမယ်။

အဲ့ဒီတော့ မိုးခဏလေးပဲရွာလည်း ကန်ထဲကို မိုးရေများများရောက် မြန်မြန်ပြည့်ပေါ့။ နောက်တစ်ခါ မိုးကုန်သွားတဲ့အခါ အဲဒီ ဝါးကွပ်ပျစ်တွေကိုပဲ အမိုးပြန်လုပ်။ ဒါဆိုရင် အထိုက်အလျောက် အပူချိန်ကို လျှော့ချနိုင်မယ်။ ရေငွေ့ပျံတာကိုလည်း တတ်နိုင်သလောက် တားဆီးနိုင်မယ် ” လို့ နည်းလမ်းတစ်ခုအကြောင်း ရှင်းပြပါတယ်။ ဒီလိုမျိုး လုပ်ငန်းစဉ်ကို ဒလမြို့နယ်ထဲက ကန်အချို့မှာ စမ်းသပ်မှုတွေ ပြုလုပ်ဖူးတယ်လို့

ဆရာ့ဆီက သိရပါတယ်။ ဒီနည်းလမ်းဟာ မြန်မာနိုင်ငံနဲ့သင့်တော်ပြီး အခြေအနေတစ်ခုအထိတော့ ရေကိုထိန်းထားနိုင်မယ်လို့ ကိုဆလိုင်းသူရဇော်ကလည်း ထောက်ခံပါတယ်။ ရန်ကုန်တိုင်းဒေသကြီးရဲ့ သုံးနှစ်အတွင်း မိုးရေချိန် စာရင်းအရ ၂၀၂၀ ပြည့်နှစ်ဟာ ယခင်နှစ်တွေထက် ထက်ဝက်နီးပါး လျော့ကျသွားပါတယ်။ ဒါဟာ ဒလမြို့အတွက်တော့ ပူပင်စရာပါပဲ။ ၂၀၁၈၊ ၂၀၁၉ မှာကြုံခဲ့ရတဲ့ ရေရှားပါးမှုထက်

အများကြီးပိုဆိုးနိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။ မြို့နယ် စည်ပင်သာယာရေး ကော်မတီရဲ့ ကြိုးစားအားထုတ်မှုတွေက စိတ်သက်သာရာ ရစေပေမယ့် “ ရေအလှူရှင်တွေကို ဖိတ်ခေါ်ပါတယ်။ ကျွန်မတို့ ဘယ်လောက်ပဲ ကြိုးစားထားပေမယ့် လတ်တလော အနေအထားအရ ရေကလိုအပ်လာဦးမှာပါပဲ။ အခုတောင်တစ်ချို့ကန်တွေ ခမ်းနေပြီလို့ကြားတယ်။ ဒါကြောင့် အလှူရှင်တွေကို မျှော်နေရတုန်းပါပဲ။

လက်ကမ်းကြိုနေဆဲပါပဲ ” လို့ ဒေါ်မြင့်မြင့်ကြည်က ပြောပါတယ်။ ရေကိုထိန်းသိမ်းဖို့ နည်းလမ်းတွေ၊ အကြံပြုချက်တွေ အများကြီးရှိနိုင်ပါတယ်။ ဒါပေမယ့် အရေးကြီးတာက သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေမယ့် နည်းလမ်းတွေကို သုံးဖို့လိုအပ်ပါတယ်။ ရေချိုသယံဇာတကို ထိန်းသိမ်ဖို့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေမယ့် နည်းလမ်းတွေကို အသုံးပြုမယ်ဆိုရင်တော့ “သမင်မွေးရင်း ကျားစားရင်း” ဖြစ်နေမှာပါပဲ။

လူသားတွေ အသက်ရှင်နေထိုင်ဖို့အတွက် လိုအပ်ချက်တွေထဲမှာ မြေ၊ ရေ၊ လေ ဆိုတာ အဓိက အကျဆုံးပါ။ ဒါတွေကို သဘာဝတရားကပဲ ပေးထားပါတယ်။ အခု ဒီသုံးခုစလုံးမှာ ဒဏ်ရာ အနာတရတွေ ဗလပွဖြစ်နေပါပြီ။ ဒီဒဏ်ရာတွေနဲ့ ကမ္ဘာကြီး မြန်မြန်ပြောင်းလဲသွားရင် ကမ္ဘာကြီးက ရှိနေဦးမှာပါပဲ။ မရှိတော့မှာက လူတွေပါ။ သဘာဝပတ်ဝန်းကျင် သဘာတရားအရ ကမ္ဘာကြီးက

ဆင့်ကဲပြောင်းလဲမှုတွေ ဖြစ်ပေါ်နေမှာပါပဲ။ ဒီအထဲမှာ ရာသီဥတုဆိုတာလည်း အပါအဝင်ပါ။ သဘာဝအတိုင်း လည်ပတ်ပြောင်းလဲခြင်းဟာ နှစ်ပေါင်းအများကြီးကြာပြီးမှ ဖြစ်ပေါ်လေ့ရှိပါတယ်။ ဒါပေမယ့် ဒီကနေ့ ကမ္ဘာကြီးကတော့ လူသားတွေရဲ့ ဖွဲ့ဖြိုးတိုးတက်မှုခေါင်းစဉ်အောက်မှာ ခပ်မြန်မြန် ပြောင်းလဲလာပြီဆိုတာကို အားလုံးလက်တွေ့ခံစားနေရပါပြီ။ ဘယ်လိုသဘောတရားတွေပဲ ရှိလင့်ကစား စက်မြေ

ကူးတို့ဆိပ်မှာ သဗ္ဗာန်မောင်းတဲ့ ကိုဇော်ကတော့ “ ကံပေါ့။ ဒီနှစ်က ကိုဗစ်ကလည်းဖြစ်နေတာဆိုတော့ အလှူရှင်တွေ အများကြီးလာမယ်လို့ မထင်ဘူး။ ဖြစ်လာတော့လည်း ကိုယ်တစ်ယောက်တည်းမှ မဟုတ်တာ ခံရမှာပဲပေါ့။ အမေစုကတော့ ရန်ကုန်မြို့ကြီးနဲ့ နီးနီးလေးမှာ ရှိတဲ့ ကျွန်တော်တို့မြို့လေးရဲ့ ဒုက္ခကို မြင်မှာပါ။ သူနိုင်သလောက် ကူညီထောက်ပံ့ပေးမယ်ဆိုတာကို ယုံကြည်ပါတယ် ” တဲ့။