Sun. Nov 28th, 2021

Zawgyi

ျမန္မာႏိုင္ငံႏွင့္ အိႏၵိယ ႏိုင္ငံတို႔ ရာသီဥတုပူေႏြးတဲ့ ႏိုင္ငံေတြပါ ။ ဒီလို ရာသီဥတုပူေႏြးတဲ့ ႏိုင္ငံေတြမွာ သခြားသီးစားသုံးျခင္း မ်ားျပားၿပီး သခြားသီးကို အိမ္ရွင္မမ်ားက နည္းလမ္းေပါင္းစုံျဖင့္ ခ်က္ျပဳတ္စားေသာက္ၾကပါတယ္ ။ သခြားသီးမွာ ပါဝင္တဲ့ ေရဓာတ္ဟာ

အျခားေသာ အသီအႏွံမ်ားမွာပါဝင္ေသာ ေရဓာတ္မ်ားထပ္ အဆေပါင္းမ်ားစြာ ပိုမိုပါဝင္ပါတယ္ ။ ဒီလို ေရဓာတ္ပါဝင္မႈႏႈန္း မ်ားျပားတဲ့ သခြားသီးကို စားသုံးျခင္းကေန ဘယ္လို အက်ိဳးေက်းဇူးေတြ ေဖာ္ျပေပးလိုက္ပါတယ္။

၁ ။ အာ႐ုံေၾကာေရာဂါေတြကို ကာကြယ္ေပးႏိုင္ပါတယ္

အသက္အ႐ြယ္ရလာတာႏွင္ အမွ် အာ႐ုံေၾကာႏွင့္ ဆိုင္ေသာ ေရာဂါမ်ားကို ခံစားႏိုင္ရေျခေတြ ျမင့္တက္လာပါတယ္ ။ သခြားသီးစားသုံးေပးမယ္ဆိုရင္ေတာ့ သခြားသီးဟာ ဦးေႏွာက္ က်န္းမာေရးကို ေကာင္းမြန္ေစႏိုင္တဲ့ အစြမ္းသတၱိပါဝင္ပါတယ္ ။ ေဖာ့္စေဖာ့ရပ္ ဓာတ္ခ်ိဳ႕တဲ့တဲ့အခါမွာ ဦးေႏွာက္ မွတ္ႏိုင္စြမ္း ခ်ိဳ႕တဲ့

လာၿပီး အတိတ္ေမ့ ေရာဂါ ႏွင့္ သူငယ္ျပန္ေရာဂါ စတာေတြကို ျဖစ္လာႏိုင္ေစပါတယ္ ။ သခြားသီးစားသုံးျခင္းကေန ေဖာ့စေဖာရပ္ ဓာတ္ကို ျပန္လည္ျဖည့္တင္းေပးျခင္းျဖင့္ မွတ္ညဏ္ႏွင့္ဆိုင္ေသာ ေရာဂါ ေတြကို ကာကြယ္ၿပီးသား ျဖစ္သြားမွာပါ ။

၂ ။ မလိုအပ္တဲ့ ကိုယ္အေလးခ်ိန္ေတြကို ေလ်ာ့ခ်ေပးႏိုင္ပါတယ္

ကိုယ္အေလးခ်ိန္ မ်ားျခင္းဟာ ေန႔စဥ္ လႈပ္ရွားသြားလာမႈမ်ားကို အေႏွာင့္အယွက္ ျဖစ္ေစနိင္ၿပီး ေရရွည္မွာလည္း က်န္းမာေရးကို ထိခိုက္ေစႏိုင္ပါတယ္ ။ က်န္းမာေရးအတြက္ ကိုယ္အေလးခ်ိန္ ခ်ေနစဥ္အတြင္းမွာ သခြားသီးကို စားသုံးေပးႏိုင္ပါတယ္ ။ သခြားသီးကို စားသုံးေပးျခင္းျဖင့္

သခြားသီးမွာပါဝင္တဲ့ ေရဓတ္ဟာ လိုတာထပ္ ပိုမစားမိေစဖို႔ အေထာက္အကူျပဳေပးနိင္ပါတယ္ ။ သခြားသီးဟာ အဆီပါဝင္မႈမရွိဘဲ ကယ္လိုရိနည္းပါးတဲ့ အသီးျဖစ္တာေၾကာင့္ ဝိတ္ခ်ခ်င္တဲ့ သူေတြအတြက္ သင့္ေတာ္ပါတယ္ ။

၃ ။ အစာေျခစနစ္ကို အေထာက္အပံ့ျဖစ္ေစပါတယ္

သခြားသီးတြင္ အမွ်င္ဓာတ္ႏွင့္ ေရဓာတ္အေျမာက္အမ်ား ပါဝင္တာေၾကာင့္ အစာကိုေၾကညက္ေစဖို႔အတြက္ အက်ိဳးျပဳေပးပါတယ္ ။ သခြားသီးမွာ ပါဝင္တဲ့ ဗီတာမင္ဓာတ္မ်ားဟာလည္း အစာေျခစနစ္ကို တိုးတက္ေစဖို႔အတြက္လည္း အေထာက္အကူျဖစ္ေစပါတယ္ ။ သခြားသီးကို ေန႔စဥ္ပုံမွန္ စားသုံးေပးမယ္ဆိုရင္ေတာ့ အူသိမ္လႈပ္ရွားမႈကို မွန္ေစၿပီး က်န္းမာစြာလည္ပတ္ေစႏိုင္ပါတယ္ ။

၄ ။ ခႏၶာကိုယ္ကို ေရဓာတ္ျပည့္ဝေနေစပါတယ္

သခြားသီးမွာ ေရဓာတ္ပါဝင္ႏႈန္းဟာ အျခားေသာအသီးေတြ ထက္ ပိုမိုမ်ားျပားပါတယ္ ။ သခြားတစ္‌ေတာင့္တြင္ ေရဓာတ္ ၉၅ ရာခိုင္ႏႈန္း ပါဝင္တာေၾကာင့္ ေရဓာတ္ကို အျပည့္အဝေပးႏိုင္ၿပီး ခႏၶာကိုယ္ကို ေကာင္းမြန္တဲ့ အက်ိဳးေက်းဇူးေတြ ေပးနိင္ပါတယ္ ။ တကယ္လို႔ သင္ဟာ ေရေသာက္ဖို႔ ‌ေမ့တတ္သူဆိုရင္ေတာ့ တစ္ေန႔ကို သခြားသီးတစ္ေတာင့္ ပုံမွန္ စားသုံးေပးတာဟာ အေကာင္းဆုံးနည္းလမ္းတစ္ခုပါပဲ ။

၅ ။ အသားအေရ ပုံမွန္ထက္ စို‌ေျပလွပေစပါတယ္

သခြားသီးပုံမွန္ စားသုံးေပးမယ္ဆိုရင္ ခႏၶာကိုယ္ကို ေရဓာတ္ျပည့္ဝေနေစ႐ုံသာမကဘဲ အသားအေရကို ေရဓာတ္ ျပည့္ဝေစပါတယ္။ ေကာင္းမြန္တဲ့ အသားအေရကို ပိုင္ဆိုင္ႏိုင္ဖို႔အတြက္ လိုအပ္တဲ့ ဓာတ္ေတြ ျဖစ္တဲ့ ဗီတာမင္ဘီႏွင့္စီတို႔ကိုပါ သခြားသီးကျဖည့္တင္းေပးႏိုင္စြမ္းရွိပါတယ္ ။

အသားအေရနီရဲေရာင္ရမ္းျခင္းေတြ ျဖစ္ေပၚေနရင္ သခြားသီးကို အသုံးျပဳၿပီးေတာ့ ကုသႏိုင္ပါတယ္ ။ သခြားသီးဟာ အ႐ြယ္မတိုင္ခင္ အိုမင္းရင့္ေရာ္ျခင္းကိုလည္း ကာကြယ္တားဆီးႏိုင္ပါေသးတယ္ ။

Unicode

မြန်မာနိုင်ငံနှင့် အိန္ဒိယ နိုင်ငံတို့ ရာသီဥတုပူနွေးတဲ့ နိုင်ငံတွေပါ ။ ဒီလို ရာသီဥတုပူနွေးတဲ့ နိုင်ငံတွေမှာ သခွားသီးစားသုံးခြင်း များပြားပြီး သခွားသီးကို အိမ်ရှင်မများက နည်းလမ်းပေါင်းစုံဖြင့် ချက်ပြုတ်စားသောက်ကြပါတယ် ။ သခွားသီးမှာ ပါဝင်တဲ့ ရေဓာတ်ဟာ အခြားသော အသီအနှံများမှာပါဝင်သော ရေဓာတ်များထပ် အဆပေါင်းများစွာ ပိုမိုပါဝင်ပါတယ် ။ ဒီလို ရေဓာတ်ပါဝင်မှုနှုန်း များပြားတဲ့ သခွားသီးကို စားသုံးခြင်းကနေ ဘယ်လို အကျိုးကျေးဇူးတွေ ဖော်ပြပေးလိုက်ပါတယ်။

၁ ။ အာရုံကြောရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်

အသက်အရွယ်ရလာတာနှင် အမျှ အာရုံကြောနှင့် ဆိုင်သော ရောဂါများကို ခံစားနိုင်ရခြေတွေ မြင့်တက်လာပါတယ် ။ သခွားသီးစားသုံးပေးမယ်ဆိုရင်တော့ သခွားသီးဟာ ဦးနှောက် ကျန်းမာရေးကို ကောင်းမွန်စေနိုင်တဲ့ အစွမ်းသတ္တိပါဝင်ပါတယ် ။ ဖော့်စဖော့ရပ် ဓာတ်ချို့တဲ့တဲ့အခါမှာ ဦးနှောက်

မှတ်နိုင်စွမ်း ချို့တဲ့ လာပြီး အတိတ်မေ့ ရောဂါ နှင့် သူငယ်ပြန်ရောဂါ စတာတွေကို ဖြစ်လာနိုင်စေပါတယ် ။ သခွားသီးစားသုံးခြင်းကနေ ဖော့စဖောရပ် ဓာတ်ကို ပြန်လည်ဖြည့်တင်းပေးခြင်းဖြင့် မှတ်ညဏ်နှင့်ဆိုင်သော ရောဂါ တွေကို ကာကွယ်ပြီးသား ဖြစ်သွားမှာပါ ။

၂ ။ မလိုအပ်တဲ့ ကိုယ်အလေးချိန်တွေကို လျော့ချပေးနိုင်ပါတယ်

ကိုယ်အလေးချိန် များခြင်းဟာ နေ့စဉ် လှုပ်ရှားသွားလာမှုများကို အနှောင့်အယှက် ဖြစ်စေနိင်ပြီး ရေရှည်မှာလည်း ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ် ။ ကျန်းမာရေးအတွက် ကိုယ်အလေးချိန် ချနေစဉ်အတွင်းမှာ သခွားသီးကို စားသုံးပေးနိုင်ပါတယ် ။ သခွားသီးကို စားသုံးပေးခြင်းဖြင့် သခွားသီးမှာပါဝင်တဲ့ ရေဓတ်ဟာ လိုတာထပ် ပိုမစားမိစေဖို့ အထောက်အကူပြုပေးနိင်ပါတယ် ။ သခွားသီးဟာ အဆီပါဝင်မှုမရှိဘဲ ကယ်လိုရိနည်းပါးတဲ့ အသီးဖြစ်တာကြောင့် ဝိတ်ချချင်တဲ့ သူတွေအတွက် သင့်တော်ပါတယ် ။

၃ ။ အစာခြေစနစ်ကို အထောက်အပံ့ဖြစ်စေပါတယ်

သခွားသီးတွင် အမျှင်ဓာတ်နှင့် ရေဓာတ်အမြောက်အများ ပါဝင်တာကြောင့် အစာကိုကြေညက်စေဖို့အတွက် အကျိုးပြုပေးပါတယ် ။ သခွားသီးမှာ ပါဝင်တဲ့ ဗီတာမင်ဓာတ်များဟာလည်း အစာခြေစနစ်ကို တိုးတက်စေဖို့အတွက်လည်း အထောက်အကူဖြစ်စေပါတယ် ။ သခွားသီးကို နေ့စဉ်ပုံမှန် စားသုံးပေးမယ်ဆိုရင်တော့ အူသိမ်လှုပ်ရှားမှုကို မှန်စေပြီး ကျန်းမာစွာလည်ပတ်စေနိုင်ပါတယ် ။

၄ ။ ခန္ဓာကိုယ်ကို ရေဓာတ်ပြည့်ဝနေစေပါတယ်

သခွားသီးမှာ ရေဓာတ်ပါဝင်နှုန်းဟာ အခြားသောအသီးတွေ ထက် ပိုမိုများပြားပါတယ် ။ သခွားတစ်‌တောင့်တွင် ရေဓာတ် ၉၅ ရာခိုင်နှုန်း ပါဝင်တာကြောင့် ရေဓာတ်ကို အပြည့်အဝပေးနိုင်ပြီး ခန္ဓာကိုယ်ကို ကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေ ပေးနိင်ပါတယ် ။ တကယ်လို့ သင်ဟာ ရေသောက်ဖို့ ‌မေ့တတ်သူဆိုရင်တော့ တစ်နေ့ကို သခွားသီးတစ်တောင့် ပုံမှန် စားသုံးပေးတာဟာ အကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ ။

၅ ။ အသားအရေ ပုံမှန်ထက် စို‌ပြေလှပစေပါတယ်

သခွားသီးပုံမှန် စားသုံးပေးမယ်ဆိုရင် ခန္ဓာကိုယ်ကို ရေဓာတ်ပြည့်ဝနေစေရုံသာမကဘဲ အသားအရေကို ရေဓာတ် ပြည့်ဝစေပါတယ်။ ကောင်းမွန်တဲ့ အသားအရေကို ပိုင်ဆိုင်နိုင်ဖို့အတွက် လိုအပ်တဲ့ ဓာတ်တွေ ဖြစ်တဲ့ ဗီတာမင်ဘီနှင့်စီတို့ကိုပါ သခွားသီးကဖြည့်တင်းပေးနိုင်စွမ်းရှိပါတယ် ။ အသားအရေနီရဲရောင်ရမ်းခြင်းတွေ ဖြစ်ပေါ်နေရင် သခွားသီးကို အသုံးပြုပြီးတော့ ကုသနိုင်ပါတယ် ။ သခွားသီးဟာ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကိုလည်း ကာကွယ်တားဆီးနိုင်ပါသေးတယ် ။