Zawgyi

ဆီးလမ္းေၾကာင္းပိုးဝင္ျခင္းက ေယာက်ာ္းေလးမ်ားထက္ မိန္းကေလးမ်ားပါ ပိုမို အျဖစ္မ်ားတဲ့ ေရာဂါတစ္ခုျဖစ္ပါတယ္။ ဆီးလမ္းေၾကာင္းပိုးဝင္တာက အလုပ္ပ်က္အကိုင္ပ်က္နဲ႔ တကယ့္ကို စိတ္အေႏွာင့္အယွက္ျဖစ္ေစတဲ့ ေရာဂါတစ္ခုပါပဲ။ ဆီးလမ္းေၾကာင္း ပိုးဝင္ျခင္းကို ကာကြယ္ႏိုင္ဖို႔အတြက္ သိထားသင့္တဲ့အခ်က္ေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁) ေရမ်ားမ်ားေသာက္ပါ။

ဆီးလမ္းေၾကာင္းကို ပုံမွန္အလုပ္လုပ္ေစဖို႔အတြက္ ေရမ်ားမ်ားေသာက္ဖို႔အတြက္ လိုအပ္ပါတယ္။ ဆီးက်င္ဆီးေအာင့္ ျဖစ္ရတဲ့ အဓိကအေၾကာင္းရင္းကေတာ့ ေရမ်ားမ်ားမေသာက္ျခင္းေၾကာင့္လည္းျဖစ္ပါတယ္။ ဒါေၾကာင့္ ဆီးလမ္းေၾကာင္းပိုးဝင္ျခင္းကို ကာကြယ္ၿပီး ဆီး႐ႊင္ေစဖို႔အတြက္ ေရမ်ားမ်ားေသာက္သုံးသင့္တာပဲျဖစ္ပါတယ္။

(၂) ဆီးကိုမေအာင့္ထားပါနဲ႔။

အလုပ္ေတြ ရႈပ္ေနလို႔ ဆီးသြားခ်င္တာေတြကို ေအာင့္ထားလိုက္မယ္ဆိုရင္ ေနာက္ဆက္တြဲျပသနာေတြ အမ်ားႀကီးပါပဲ။ ဆီးသြားခ်င္တဲ့ အခ်ိန္မွာ ပုံမွန္ဆီးသြားျခင္းက က်န္းမာေရးနဲ႔ သင့္ေတာ္တဲ့ အျပဳအမူတစ္ရပ္ျဖစ္ပါတယ္ေနာ္။

(၃) အတြင္းခံ

မိန္းကေလးေတြအေနနဲ႔ ဆီးလမ္းေၾကာင္းပိုးဝင္ျခင္းက မသန႔္တဲ့ အတြင္းခံ ေတြကို ဝတ္ဆင္မိတာေၾကာင့္လည္းျဖစ္ႏိုင္ပါတယ္။ ဒါေၾကာင့္ အတြင္းခံမ်ားကို စနစ္တက် ေလွ်ာ္ဖြပ္ၿပီး ေနေရာင္နဲ႔ ေကာင္းေကာင္းေျခာက္ေသြ႕ေအာင္လည္း အေျခာက္ခံသင့္ပါတယ္။ အမ်ားအားျဖင့္ ခ်ည္ထည္လိုမ်ိဳး ေပါ့ေပါ့ပါးပါးနဲ႔ ေလဝင္ေလထြက္ေကာင္းတဲ့ အတြင္းခံမ်ားကို သာဝတ္ဆင္သင့္ပါတယ္။

(၄) လိင္ဆက္ဆံၿပီး သန႔္ရွင္းပါ။

ဆီးလမ္းေၾကာင္းပိုးဝင္ျခင္းရဲ႕ အေၾကာင္းအရင္းေတြထဲကတစ္ခုကေတာ့ မိန္းကေလးေတြ လိင္ဆက္ဆံၿပီးခ်ိန္ မိန္းမကိုယ္ သန႔္ရွင္းေရး မလုပ္တာေၾကာင့္ပါ။ မိန္းမကိုယ္သန႔္ရွင္းေရးက ဂ႐ုတစိုက္ လုပ္ရမွာျဖစ္ၿပီး အခန႔္မသင့္ရင္ ဆီးလမ္းေၾကာင္း ပိုးဝင္ျခင္း၊မိန္းမကိုယ္လမ္းေၾကာင္း ပိုးဝင္ၿပီး သားအိမ္ေယာင္ယမ္းျခင္းတို႔ကို ႀကဳံေတြ႕ရႏိုင္ပါတယ္။

(၅) အညစ္အေၾကးေဆးေၾကာရာတြင္ သတိခ်ပ္ပါ။

အေပါ့အေလးသြားၿပီးခ်ိန္ သန႔္ရွင္းေရးလုပ္ခ်ိန္မွာလည္း လမ္းေၾကာင္းက အေရးႀကီးပါေသးတယ္။ အေနာက္ဘက္ စအိုကို သန႔္ရွင္းခ်ိန္တြင္ အေရွ႕မွ အေနာက္ကို သာပြတ္ဆြဲၿပီး သန႔္ရွင္းရပါမယ္။ အေနာက္ကေန အေရွ႕ကို သန႔္ရွင္းေရး လုပ္ျခင္း ပိုးဝင္ျခင္းကို အားေပးႏိုင္ပါတယ္။

Unicode

ဆီးလမ်းကြောင်းပိုးဝင်ခြင်းက ယောကျာ်းလေးများထက် မိန်းကလေးများပါ ပိုမို အဖြစ်များတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်တာက အလုပ်ပျက်အကိုင်ပျက်နဲ့ တကယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ ရောဂါတစ်ခုပါပဲ။ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကို ကာကွယ်နိုင်ဖို့အတွက် သိထားသင့်တဲ့အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ရေများများသောက်ပါ။

ဆီးလမ်းကြောင်းကို ပုံမှန်အလုပ်လုပ်စေဖို့အတွက် ရေများများသောက်ဖို့အတွက် လိုအပ်ပါတယ်။ ဆီးကျင်ဆီးအောင့် ဖြစ်ရတဲ့ အဓိကအကြောင်းရင်းကတော့ ရေများများမသောက်ခြင်းကြောင့်လည်းဖြစ်ပါတယ်။ ဒါကြောင့် ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ကာကွယ်ပြီး ဆီးရွှင်စေဖို့အတွက် ရေများများသောက်သုံးသင့်တာပဲဖြစ်ပါတယ်။

(၂) ဆီးကိုမအောင့်ထားပါနဲ့။

အလုပ်တွေ ရှုပ်နေလို့ ဆီးသွားချင်တာတွေကို အောင့်ထားလိုက်မယ်ဆိုရင် နောက်ဆက်တွဲပြသနာတွေ အများကြီးပါပဲ။ ဆီးသွားချင်တဲ့ အချိန်မှာ ပုံမှန်ဆီးသွားခြင်းက ကျန်းမာရေးနဲ့ သင့်တော်တဲ့ အပြုအမူတစ်ရပ်ဖြစ်ပါတယ်နော်။

(၃) အတွင်းခံ

မိန်းကလေးတွေအနေနဲ့ ဆီးလမ်းကြောင်းပိုးဝင်ခြင်းက မသန့်တဲ့ အတွင်းခံ တွေကို ဝတ်ဆင်မိတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် အတွင်းခံများကို စနစ်တကျ လျှော်ဖွပ်ပြီး နေရောင်နဲ့ ကောင်းကောင်းခြောက်သွေ့အောင်လည်း အခြောက်ခံသင့်ပါတယ်။ အများအားဖြင့် ချည်ထည်လိုမျိုး ပေါ့ပေါ့ပါးပါးနဲ့ လေဝင်လေထွက်ကောင်းတဲ့ အတွင်းခံများကို သာဝတ်ဆင်သင့်ပါတယ်။

(၄) လိင်ဆက်ဆံပြီး သန့်ရှင်းပါ။

ဆီးလမ်းကြောင်းပိုးဝင်ခြင်းရဲ့ အကြောင်းအရင်းတွေထဲကတစ်ခုကတော့ မိန်းကလေးတွေ လိင်ဆက်ဆံပြီးချိန် မိန်းမကိုယ် သန့်ရှင်းရေး မလုပ်တာကြောင့်ပါ။ မိန်းမကိုယ်သန့်ရှင်းရေးက ဂရုတစိုက် လုပ်ရမှာဖြစ်ပြီး အခန့်မသင့်ရင် ဆီးလမ်းကြောင်း ပိုးဝင်ခြင်း၊မိန်းမကိုယ်လမ်းကြောင်း ပိုးဝင်ပြီး သားအိမ်ယောင်ယမ်းခြင်းတို့ကို ကြုံတွေ့ရနိုင်ပါတယ်။

(၅) အညစ်အကြေးဆေးကြောရာတွင် သတိချပ်ပါ။

အပေါ့အလေးသွားပြီးချိန် သန့်ရှင်းရေးလုပ်ချိန်မှာလည်း လမ်းကြောင်းက အရေးကြီးပါသေးတယ်။ အနောက်ဘက် စအိုကို သန့်ရှင်းချိန်တွင် အရှေ့မှ အနောက်ကို သာပွတ်ဆွဲပြီး သန့်ရှင်းရပါမယ်။ အနောက်ကနေ အရှေ့ကို သန့်ရှင်းရေး လုပ်ခြင်း ပိုးဝင်ခြင်းကို အားပေးနိုင်ပါတယ်။