Zawgyi

သြားကိုက္ျခင္းက တကယ့္ကိုဆိုး႐ြားလွတဲ့ ေဝဒနာတစ္ခုပါပဲ။ ေနမရထိုင္မရနဲ႔ ေတာ္ေတာ္ေလးကို ခံရခက္ပါတယ္။ သြားကိုက္ေဝဒနာမျဖစ္ေစဖို႔အတြက္ သြားသန႔္ရွင္းေရးကို ေသခ်ာဂ႐ုစိုက္ေပးသင့္ပါတယ္။ တကယ္လို႔ သြားကိုက္ျခင္းႀကဳံေတြ႕လာရၿပီဆိုရင္ေတာ့ အျမန္ဆုံး သက္သာေပ်ာက္ကင္းေစမယ့္ နည္းလမ္းမ်ားကိုေဖာ္ျပေပးလိုက္ပါတယ္။

(၁) ဆားနဲ႔ပလုပ္က်င္းေပးပါ။

သြားကိုက္ျခင္းကို သက္သာေစႏိုင္မယ့္ ေရွး႐ိုးဖလာ နည္းလမ္းတစ္ခုကေတာ့ ဆားနဲ႔ေရပလုပ္က်င္းျခင္းပါ။ ဆားအနည္းငယ္ကို ေရေႏြးေႏြးေလးထဲမွာ သမေအာင္ေမႊေပးပါ။ ေရေႏြေႏြးေလးက ေန ေသာက္လို႔ရတဲ့အထိ ေအးသြားၿပီဆိုရင္ေတာ့ ပါးစပ္ထဲ ငုံၿပီး ပလုပ္က်င္းေပး႐ုံပါပဲ။ သြားကိုက္ေပ်ာက္ကင္းခ်ိန္အထိ ပုံမွန္ျပဳလုပ္ေပးႏိုင္ပါတယ္။

(၂) ေရခဲကပ္ျခင္း

သြားကိုက္ျခင္းကို အျပင္းအထန္ ခံစားေနရတယ္ဆိုေတာ့ ေရခဲကပ္ျခင္းနည္းလမ္းကိုလည္းျပဳလုပ္ႏိုင္ပါတယ္။ ေရခဲကပ္ျခင္းက နာက်င္ကိုက္ခဲျခင္းကိုလည္း သက္သာေစႏိုင္သလို ေယာင္ယမ္းျခင္းကိုလည္း ေပ်ာက္ကင္းေစႏိုင္ပါတယ္။

(၃) ၾကက္သြန္နီ

ၾကက္သြန္နီကိုေတာ့ သြားကိုက္ေနတဲ့ေနရာမွာ ဖိကိုက္ထားေပးမယ္ဆိုရင္ ၾကက္သြန္နီရဲ႕အခိုးအေငြ႕ေတြက သြားကိုက္ျခင္းကို သက္သာေပ်ာက္ကင္းေစႏိုင္ပါတယ္။

(၄) ၾကက္သြန္ျဖဴ

ၾကက္သြန္နီ အရမ္းမႊန္လို႔ မကိုက္ခ်င္ဘူးဆိုရင္ေတာ့ ၾကက္သြန္ျဖဴကို အစားထိုးကိုက္ႏိုင္ပါတယ္။ ႏွစ္ခုစလုံးကေတာ့ သြားကိုက္ျခင္းကို သက္သာေပ်ာက္ကင္းေစႏိုင္ပါတယ္။

Unicode

သွားကိုက်ခြင်းက တကယ့်ကိုဆိုးရွားလှတဲ့ ဝေဒနာတစ်ခုပါပဲ။ နေမရထိုင်မရနဲ့ တော်တော်လေးကို ခံရခက်ပါတယ်။ သွားကိုက်ဝေဒနာမဖြစ်စေဖို့အတွက် သွားသန့်ရှင်းရေးကို သေချာဂရုစိုက်ပေးသင့်ပါတယ်။ တကယ်လို့ သွားကိုက်ခြင်းကြုံတွေ့လာရပြီဆိုရင်တော့ အမြန်ဆုံး သက်သာပျောက်ကင်းစေမယ့် နည်းလမ်းများကိုဖော်ပြပေးလိုက်ပါတယ်။

(၁) ဆားနဲ့ပလုပ်ကျင်းပေးပါ။

သွားကိုက်ခြင်းကို သက်သာစေနိုင်မယ့် ရှေးရိုးဖလာ နည်းလမ်းတစ်ခုကတော့ ဆားနဲ့ရေပလုပ်ကျင်းခြင်းပါ။ ဆားအနည်းငယ်ကို ရေနွေးနွေးလေးထဲမှာ သမအောင်မွှေပေးပါ။ ရေနွေနွေးလေးက နေ သောက်လို့ရတဲ့အထိ အေးသွားပြီဆိုရင်တော့ ပါးစပ်ထဲ ငုံပြီး ပလုပ်ကျင်းပေးရုံပါပဲ။ သွားကိုက်ပျောက်ကင်းချိန်အထိ ပုံမှန်ပြုလုပ်ပေးနိုင်ပါတယ်။

(၂) ရေခဲကပ်ခြင်း

သွားကိုက်ခြင်းကို အပြင်းအထန် ခံစားနေရတယ်ဆိုတော့ ရေခဲကပ်ခြင်းနည်းလမ်းကိုလည်းပြုလုပ်နိုင်ပါတယ်။ ရေခဲကပ်ခြင်းက နာကျင်ကိုက်ခဲခြင်းကိုလည်း သက်သာစေနိုင်သလို ယောင်ယမ်းခြင်းကိုလည်း ပျောက်ကင်းစေနိုင်ပါတယ်။

(၃) ကြက်သွန်နီ

ကြက်သွန်နီကိုတော့ သွားကိုက်နေတဲ့နေရာမှာ ဖိကိုက်ထားပေးမယ်ဆိုရင် ကြက်သွန်နီရဲ့အခိုးအငွေ့တွေက သွားကိုက်ခြင်းကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။

(၄) ကြက်သွန်ဖြူ

ကြက်သွန်နီ အရမ်းမွှန်လို့ မကိုက်ချင်ဘူးဆိုရင်တော့ ကြက်သွန်ဖြူကို အစားထိုးကိုက်နိုင်ပါတယ်။ နှစ်ခုစလုံးကတော့ သွားကိုက်ခြင်းကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။