Zawgyi

ယေန႔ စားသုံးသူတို႔ရဲ႕ လိုအပ္ခ်က္ မ်ားလားၿပီး ဝယ္လိုအားတိုးလာေသာေၾကာင့္ ထုတ္လုပ္သူတို႔ က လအနည္းငယ္ၾကာ ျပဳလုပ္ရေသာ ေဆးဘဲဥျဖစ္စဥ္ကို ရက္ပိုင္းႏွင့္ျပဳလုပ္ႏိုင္ရန္ နည္းလမ္းမ်ား ရွာေဖြ႕ လာၾကပါတယ္။ calcium hydroxide ႏွင့္ sodium carbonate ေပ်ာ္ရည္တြင္ ဘဲဥကိုစိမ္ျခင္းက ဆယ္ရက္အတြင္း ပုံမွန္႐ိုးရာနည္း ျဖင့္ျပဳလုပ္ေသာ

လအနည္းငယ္ၾကာ ေဆးဘဲဥကို ပုံမွန္အရသာမ ပ်က္ ရရွိေစ တာမို႔ အခ်ိန္ကုန္ခံထုတ္လုပ္မႈကို ေက်ာ္ျဖတ္ႏိုင္ခဲ့ပါတယ္။ ဆိုးက်ိဴး အေနနဲ႔ကေတာ့ lead (ခဲ) ဓာတ္ပါဝင္မႈေတြ တိုးလာ တာပါဘဲ။ ဘဲဥထဲသို႔ ျမန္ျမန္ဆန္ဆန္ hydroxide and sodium ကို ဝင္ေရာက္ေစျခင္းက ခဲဓာတ္ကို တိုးပြားလာေစတာ ျဖစ္ပါတယ္။ ခဲဓာတ္မ်ား ခႏၶာကိုယ္ထဲ ဝင္ေရာက္တာမ်ားလွ်င္

အသက္ဆုံးရႈံးသည္ထိ ျဖစ္ႏိုင္ပါတယ္။ Lead poisoning ခဲဆိပ္သင့္ျခင္းရဲ႕ ဆိုးက်ိဴး ေတြကေတာ့ ေအာ့အန္ျခင္း၊ ဗိုက္နာျခင္း၊ ေမာပန္းျခင္း၊ ႂကြက္သားမ်ား နာက်င္ျခင္း၊ ဝမ္းေလ်ာျခင္း၊ ဝမ္းခ်ဴပ္ျခင္း၊ သုတ္ေကာင္မ်ား နည္းသြားျခင္း၊ အာ႐ုံစူးစိုက္မႈ နည္းျခင္း၊ ဦးေႏွာက္ေျမး ေရာင္ရမ္းျခင္း၊ သြားပိုးစားျခင္း၊ ေသြးေပါင္တက္ျခင္း မွသည္ အသက္ေသဆုံး သည္ထိျဖစ္ႏိုင္ပါတယ္။

ခဲဆိပ္သင့္ ေနသလားဆိုတာကိုသိခ်င္ရင္ေတာ့ ေသြးေဖာက္စစ္ေဆးရင္သိႏိုင္ပါတယ္။ ေသြးထဲမွာ ခဲဓာတ္ ပါဝင္မႈ ၁၀ မိုက္ခ႐ိုဂရမ္ ပါ ဒက္ဆီလီတာ ထက္ေက်ာ္ေနဘီဆိုရင္ေတာ့ ခဲဓာတ္ အဆိပ္ မသင့္ေသးသည့္တိုင္ေအာင္။ ခဲဓာတ္မ်ားေနၿပီ လို႔ သတ္မွတ္ ပါတယ္။ ဗဟုသုတ အေနနဲ႔ မွ်ေဝခ်င္တာေလးကေတာ့ ခဲဆိပ္သင့္ျခင္းဟာ အစားအေသာက္တခုတည္း ကေန သင့္ႏိုင္တာမဟုတ္ ပါဘူး။

ခဲနဲ႔ ထိေတြ႕ေသာ သူမ်ားအားလုံး ရႏိုင္တာျဖစ္ၿပီး ၊ ခုေရးသားေသာ အေၾကာင္းအရာေလးကေတာ့ လူ အမ်ားစု သတိမထား ႏိုင္ေသာ အေၾကာင္းအရာေလးတခုကိုသာ ေဖာ္ျပျခင္းျဖစ္ပါတယ္။ အိမ္သုတ္ေဆး ကိုင္သူ၊ ဘထၳရီ အိုးျပင္သူ၊ ခဲဂေဟတို႔သူ၊ ဓာတ္ေရာင္ျခည္ ကာကြယ္ေသာ ခဲအက်ႌဝတ္သူ မာက်ဴရီႏွင့္ ခဲဓာတ္ပါ ေသာ ဓာတ္ခဲထုတ္လုပ္ေသာ ေနရာတြင္ အလုပ္ လုပ္သူ၊ ခဲ

က်ည္ဆန္ကိုင္သူစေသာ ခဲႏွင္ ထိေတြ႕သူေတြ မွာ ခဲဆိပ္သင့္ျခင္း ျဖစ္ႏိုင္ပါတယ္။ ေဆးဘဲဥ (century egg) ကို စားသင့္ သလား ??? ေဆးဘဲဥကို century egg, preserved egg, hundred year egg, thousand year egg, millennium egg ,ထုံးဘဲဥ , ဖီတန္ ( တကယ္ေတာ့ တ႐ုပ္လို နာမည္ပါ pidan ) လို႔လည္းေခၚၾကပါတယ္။ ဟိုတေလာက မက္ဂီး

လို႔ ေခၚတဲ့လူႀကိဳက္မ်ားတဲ့ေခါက္ဆြဲေျခာက္ေတြထဲမွာ ခဲဓာတ္ေတြ (lead) ပါတာမ်ားတာကို အိႏၵိယမွာ ရွာေဖြေတြ႕ရွိခဲ့ လို႔ မက္ဂီး ေခါက္ ဆြဲတင္သြင္းထုတ္လုပ္မႈကို ရပ္ဆိုင္းျပစ္လိုက္ပါတယ္။ တိုက္တိုက္ဆိုင္ဆိုင္ ေဆးဘဲဥကို သတိရမိလို႔ ေဆးဘဲဥအေၾကာင္း မွ်ေဝတာပါ။ ေဆးဘဲဥကို တ႐ုတ္ႏိုင္ငံက ေနၿပီး စတင္ေပၚေပါက္လာတာျဖစ္ၿပီး ႐ိုးရာ အားျဖင့္ ဘဲဥ ၊

ၾကက္ဥ နဲ႔ ငုံးဥေတြကို အသုံးျပဳၾက ပါတယ္။ ပါဝင္တဲ့ပစၥည္းေတြကေတာ့ ႐ြံ႕ေျမ ၊ ဆား၊ ထုံး၊ ထမင္း ေပ်ာ့ စတာေတြကို လိုအပ္သလိုထည့္ၿပီး အသုံးျပဳၾကပါ တယ္။ ျဖစ္စဥ္အားျဖင့္ ဘဲဥအကာ ဟာ စိမ္းပုတ္ေရာင္မွသည္ မီးခိုးေရာင္၊ မီးခိုးေရာင္မွသည္ အညိဳနက္ေရာင္သို႔ေျပာင္းလဲ သြားၿပီး ျပစ္ခဲမႈ

မွာလည္း အရည္ အျဖစ္မွ ဂ်ယ္လီအျဖစ္သို႔ ေျပာင္းလဲသြားပါတယ္။ အနံ႔ မွာလည္း ကန႔္ sulphur ႏွင့္ အမိုးနီးယား (က်င္ငယ္ေရနံ႔ ) ဘက္သို႔ ေျပာင္းလဲ သြားပါတယ္။ PH level သည္လည္း ၉ -၁၀ ၾကားေျပာင္းလဲၿပီး ျပင္းအားမ်ားေသာ အယ္လ္ကာလိုင္း ျဖစ္သြားပါတယ္။

အသိပညာ ဗဟုသုတမ်ားျခင္းသည္ မဂၤလာတပါး(သန႔္ဇင္ရွိန္)

Unicode

ယနေ့ စားသုံးသူတို့ရဲ့ လိုအပ်ချက် များလားပြီး ဝယ်လိုအားတိုးလာသောကြောင့် ထုတ်လုပ်သူတို့ က လအနည်းငယ်ကြာ ပြုလုပ်ရသော ဆေးဘဲဥဖြစ်စဉ်ကို ရက်ပိုင်းနှင့်ပြုလုပ်နိုင်ရန် နည်းလမ်းများ ရှာဖွေ့ လာကြပါတယ်။ calcium hydroxide နှင့် sodium carbonate ပျော်ရည်တွင် ဘဲဥကိုစိမ်ခြင်းက ဆယ်ရက်အတွင်း ပုံမှန်ရိုးရာနည်း ဖြင့်ပြုလုပ်သော

လအနည်းငယ်ကြာ ဆေးဘဲဥကို ပုံမှန်အရသာမ ပျက် ရရှိစေ တာမို့ အချိန်ကုန်ခံထုတ်လုပ်မှုကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ဆိုးကျိူး အနေနဲ့ကတော့ lead (ခဲ) ဓာတ်ပါဝင်မှုတွေ တိုးလာ တာပါဘဲ။ ဘဲဥထဲသို့ မြန်မြန်ဆန်ဆန် hydroxide and sodium ကို ဝင်ရောက်စေခြင်းက ခဲဓာတ်ကို တိုးပွားလာစေတာ ဖြစ်ပါတယ်။ ခဲဓာတ်များ

ခန္ဓာကိုယ်ထဲ ဝင်ရောက်တာများလျှင် အသက်ဆုံးရှုံးသည်ထိ ဖြစ်နိုင်ပါတယ်။ Lead poisoning ခဲဆိပ်သင့်ခြင်းရဲ့ ဆိုးကျိူး တွေကတော့ အော့အန်ခြင်း၊ ဗိုက်နာခြင်း၊ မောပန်းခြင်း၊ ကြွက်သားများ နာကျင်ခြင်း၊ ဝမ်းလျောခြင်း၊ ဝမ်းချူပ်ခြင်း၊ သုတ်ကောင်များ နည်းသွားခြင်း၊ အာရုံစူးစိုက်မှု နည်းခြင်း၊ ဦးနှောက်မြေး ရောင်ရမ်းခြင်း၊ သွားပိုးစားခြင်း၊

သွေးပေါင်တက်ခြင်း မှသည် အသက်သေဆုံး သည်ထိဖြစ်နိုင်ပါတယ်။ ခဲဆိပ်သင့် နေသလားဆိုတာကိုသိချင်ရင်တော့ သွေးဖောက်စစ်ဆေးရင်သိနိုင်ပါတယ်။ သွေးထဲမှာ ခဲဓာတ် ပါဝင်မှု ၁၀ မိုက်ခရိုဂရမ် ပါ ဒက်ဆီလီတာ ထက်ကျော်နေဘီဆိုရင်တော့ ခဲဓာတ် အဆိပ် မသင့်သေးသည့်တိုင်အောင်။ ခဲဓာတ်များနေပြီ လို့ သတ်မှတ် ပါတယ်။

ဗဟုသုတ အနေနဲ့ မျှဝေချင်တာလေးကတော့ ခဲဆိပ်သင့်ခြင်းဟာ အစားအသောက်တခုတည်း ကနေ သင့်နိုင်တာမဟုတ် ပါဘူး။ ခဲနဲ့ ထိတွေ့သော သူများအားလုံး ရနိုင်တာဖြစ်ပြီး ၊ ခုရေးသားသော အကြောင်းအရာလေးကတော့ လူ အများစု သတိမထား နိုင်သော အကြောင်းအရာလေးတခုကိုသာ ဖော်ပြခြင်းဖြစ်ပါတယ်။ အိမ်သုတ်ဆေး ကိုင်သူ၊ ဘထ္ထရီ အိုးပြင်သူ၊

ခဲဂဟေတို့သူ၊ ဓာတ်ရောင်ခြည် ကာကွယ်သော ခဲအကျႌဝတ်သူ မာကျူရီနှင့် ခဲဓာတ်ပါ သော ဓာတ်ခဲထုတ်လုပ်သော နေရာတွင် အလုပ် လုပ်သူ၊ ခဲ ကျည်ဆန်ကိုင်သူစသော ခဲနှင် ထိတွေ့သူတွေ မှာ ခဲဆိပ်သင့်ခြင်း ဖြစ်နိုင်ပါတယ်။ ဆေးဘဲဥ (century egg) ကို စားသင့် သလား ??? ဆေးဘဲဥကို century egg, preserved egg, hundred year egg, thousand year egg, millennium egg ,

ထုံးဘဲဥ , ဖီတန် ( တကယ်တော့ တရုပ်လို နာမည်ပါ pidan ) လို့လည်းခေါ်ကြပါတယ်။ ဟိုတလောက မက်ဂီး လို့ ခေါ်တဲ့လူကြိုက်များတဲ့ခေါက်ဆွဲခြောက်တွေထဲမှာ ခဲဓာတ်တွေ (lead) ပါတာများတာကို အိန္ဒိယမှာ ရှာဖွေတွေ့ရှိခဲ့ လို့ မက်ဂီး ခေါက် ဆွဲတင်သွင်းထုတ်လုပ်မှုကို ရပ်ဆိုင်းပြစ်လိုက်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ဆေးဘဲဥကို သတိရမိလို့ ဆေးဘဲဥအကြောင်း မျှဝေတာပါ။

ဆေးဘဲဥကို တရုတ်နိုင်ငံက နေပြီး စတင်ပေါ်ပေါက်လာတာဖြစ်ပြီး ရိုးရာ အားဖြင့် ဘဲဥ ၊ကြက်ဥ နဲ့ ငုံးဥတွေကို အသုံးပြုကြ ပါတယ်။ ပါဝင်တဲ့ပစ္စည်းတွေကတော့ ရွံ့မြေ ၊ ဆား၊ ထုံး၊ ထမင်း ပျော့ စတာတွေကို လိုအပ်သလိုထည့်ပြီး အသုံးပြုကြပါ တယ်။ ဖြစ်စဉ်အားဖြင့် ဘဲဥအကာ ဟာ စိမ်းပုတ်ရောင်မှသည် မီးခိုးရောင်၊

မီးခိုးရောင်မှသည် အညိုနက်ရောင်သို့ပြောင်းလဲ သွားပြီး ပြစ်ခဲမှု မှာလည်း အရည် အဖြစ်မှ ဂျယ်လီအဖြစ်သို့ ပြောင်းလဲသွားပါတယ်။ အနံ့ မှာလည်း ကန့် sulphur နှင့် အမိုးနီးယား (ကျင်ငယ်ရေနံ့ ) ဘက်သို့ ပြောင်းလဲ သွားပါတယ်။ PH level သည်လည်း ၉ -၁၀ ကြားပြောင်းလဲပြီး ပြင်းအားများသော အယ်လ်ကာလိုင်း ဖြစ်သွားပါတယ်။

အသိပညာ ဗဟုသုတများခြင်းသည် မင်္ဂလာတပါး(သန့်ဇင်ရှိန်)