Tue. Dec 7th, 2021

Zawgyi

သားတို႔သမီးတို႔သိေစဖို႔အေဖတို႔အေမတို႔မွာ ပညာကို ဘုန္းႀကီးေက်ာင္းပညာေရးနဲ႔ပဲ အဆုံးသတ္ခဲ့ရတယ္။ အခုေခတ္လို ဘာသာစုံမသင္ခဲ့ရဘူး။ ဘုန္းႀကီးေက်ာင္းပညာေရးဆိုေတာ့ ပါဋိစာေတြပဲ သင္ခဲ့ရတယ္။ သားတို႔ သမီးတို႔သိေစခ်င္တယ္အခုေခတ္လို အဂၤလိပ္စာေတြကို အေဖတို႔အေမတို႔ မသင္ခဲ့ရဘူး။ သားတို႔သမီးတို႔ က အဂၤလိပ္စာေတြ သင္ၾကားရေတာ့

အေဖတို႔အေမတို႔ထက္ ပိုသိတယ္ပိုတတ္ရတယ္ အေဖတို႔အေမတို႔ ေခတ္တုန္းက 4တန္းေတာင္ ေတာ္ေလာက္ပိုက္ဆံရွိ အရာရွိေတြပဲ သင္ၾကားၾကရတယ္။ အေဖတို႔အေမတို႔က ဆင္းရဲေတာ့ ပညာေရးကို ေတာ္ေလာက္ေရးတတ္ဖတ္တတ္႐ုံပဲ အဆုံးသတ္ခဲ့ရတယ္သားတို႔ သမီးတို႔ေခတ္ေရာက္ေတာ့ဘြဲ႕ရပညာတတ္ေတြေပါမ်ားအေဖတို႔အေမတို႔ဆင္းရဲရင္လည္း

ကိုယ့္သားသမီးေတြကို ဆင္းရဲမွာမၾကည့္ရစ္ဘူးေလ။ လူ႔ဘုံအလယ္မွာ ဂုဏ္ယူခ်င္တယ္ ဝင့္ႂကြားခ်င္တယ္ ငါ့သား ငါ့သမီး ပညာတတ္ႀကီးကြဆိုၿပီး ေလာကႀကီးကို ေအာ္ေျပာလိုက္ခ်င္တယ္အေဖတို႔အေမတို႔ ဆင္းရဲခ်င္ ဆင္းရဲမယ္ ကိုယ့္သားသမီးေတြကိုေတာ့ မဆင္းရဲေစခ်င္ဘူး။ လူ႔ဘုံအလယ္မွာ တင့္တယ္ေနတာ အေဖတို႔အေမတို႔

ျမင္ခ်င္တာပါအေဖတို႔အေမတို႔ကို ေက်းဇူးျပန္ဆပ္ပါလို႔ အေဖတို႔အေမတို႔ မေမွ်ာ္လင့္ဘူး။ ကိုယ့္သားသမီးေတြ ပညာတတ္ႀကီးေတြ ျဖစ္ၾကရင္အေဖတို႔အေမတို႔ ပီတိျဖစ္မိမွာပါ ဂုဏ္ယူလို႔မဆုံးျဖစ္မိမွာပါ အရမ္းေပ်ာ္႐ႊင္ေနမွာပါ ဒါေၾကာင့္ ငါ့သားသမီးေတြ ပညာကို ဆုံးခန္းထိတိုင္ေအာင္ သင္ၾကားေစခ်င္တယ္။ ဒါဟာ အေဖတို႔

အေမတို႔ရဲ႕ သားတို႔သမီးတို႔အေပၚမွာထားရွိတဲ့ ဆႏၵေလးပါ။ ဒီဆႏၵေလးကို ျဖည့္ဆည္းေပးရင္ အေဖတို႔အေမတို႔ရဲ႕ ဆႏၵေလးကို ျဖည့္ဆည္းေပးရာ ေရာက္ပါတယ္ပညာသင္အ႐ြယ္ ပညာရွာပါ ၾကင္ယာရွာတဲ့အ႐ြယ္ ၾကင္ယာရွာပါပညာသင္ေနတဲ့အ႐ြယ္ ၾကင္ယာမရွာေစခ်င္ဘူး။ ၾကင္ယာေၾကာင့္ ပညာေရးမွာ အေႏွာက္အယွက္ျဖစ္တယ္ဆိုတာ

သားတို႔သမီးတို႔သေဘာေပါက္ေစခ်င္တယ္ မိဘကိုစိတ္မဆင္းရဲေအာင္ ထားတဲ့ သားသမီးတိုင္းဟာ တသက္လုံး ေပ်ာ္႐ြင္ရမွာပါမိဘမ်က္ရည္တစက္ သားသမီးဆင္းရဲတသက္”မိဘမ်က္ရည္က်ေအာင္ လုပ္တဲ့သားသမီးတိုင္းဟာ ပူေလာင္မႈေတြနဲ႔ တသက္လုံးစိတ္မေပ်ာ္႐ႊင္ႏိုင္ေခ်မိဘ ေက်းဇူးကို သိတတ္တဲ့

သားေကာင္းရတနာ သမီးေကာင္းရတနာေလးေတြ ျဖစ္ႏိုင္ၾကပါေစလို႔့ဆုေတာင္းေပးလိုက္ပါသည္ ပညာသင္ၾကားေနတဲ့ ေက်ာင္းသားလူငယ္ေမာင္မယ္မ်ားကိုသိေစခ်င္ေသာ ရည္႐ြယ္ခ်က္ျဖင့္ေရးသားလိုက္ရျခင္းျဖစ္ပါတယ္စာေပခ်စ္ျမတ္ႏိုးသူ အားလုံးကို ခ်စ္ခင္ေလးစားလ်က္ပါ။ Original writer by HHN-credit

Unicode

သားတို့သမီးတို့သိစေဖို့အဖေတို့အမေတို့မှာ ပညာကို ဘုန်းကြီးကျောင်းပညာရေးနဲ့ပဲ အဆုံးသတ်ခဲ့ရတယ်။ အခုခေတ်လို ဘာသာစုံမသင်ခဲ့ရဘူး။ ဘုန်းကြီးကျောင်းပညာရေးဆိုတော့ ပါဋိစာတွေပဲ သင်ခဲ့ရတယ်။ သားတို့ သမီးတို့သိစေချင်တယ်အခုခေတ်လို အင်္ဂလိပ်စာတွေကို အဖေတို့အမေတို့ မသင်ခဲ့ရဘူး။ သားတို့သမီးတို့ က အင်္ဂလိပ်စာတွေ

သင်ကြားရတော့ အဖေတို့အမေတို့ထက် ပိုသိတယ်ပိုတတ်ရတယ် အဖေတို့အမေတို့ ခေတ်တုန်းက 4တန်းတောင် တော်လောက်ပိုက်ဆံရှိ အရာရှိတွေပဲ သင်ကြားကြရတယ်။ အဖေတို့အမေတို့က ဆင်းရဲတော့ ပညာရေးကို တော်လောက်ရေးတတ်ဖတ်တတ်ရုံပဲ အဆုံးသတ်ခဲ့ရတယ်သားတို့ သမီးတို့ခေတ်ရောက်တော့ဘွဲ့ရပညာတတ်တွေပေါများအဖေတို့အမေတို့

ဆင်းရဲရင်လည်း ကိုယ့်သားသမီးတွေကို ဆင်းရဲမှာမကြည့်ရစ်ဘူးလေ။ လူ့ဘုံအလယ်မှာ ဂုဏ်ယူချင်တယ် ဝင့်ကြွားချင်တယ် ငါ့သား ငါ့သမီး ပညာတတ်ကြီးကွဆိုပြီး လောကကြီးကို အော်ပြောလိုက်ချင်တယ်အဖေတို့အမေတို့ ဆင်းရဲချင် ဆင်းရဲမယ် ကိုယ့်သားသမီးတွေကိုတော့ မဆင်းရဲစေချင်ဘူး။ လူ့ဘုံအလယ်မှာ တင့်တယ်နေတာ အဖေတို့အမေတို့

မြင်ချင်တာပါအဖေတို့အမေတို့ကို ကျေးဇူးပြန်ဆပ်ပါလို့ အဖေတို့အမေတို့ မမျှော်လင့်ဘူး။ ကိုယ့်သားသမီးတွေ ပညာတတ်ကြီးတွေ ဖြစ်ကြရင်အဖေတို့အမေတို့ ပီတိဖြစ်မိမှာပါ ဂုဏ်ယူလို့မဆုံးဖြစ်မိမှာပါ အရမ်းပျော်ရွှင်နေမှာပါ ဒါကြောင့် ငါ့သားသမီးတွေ ပညာကို ဆုံးခန်းထိတိုင်အောင် သင်ကြားစေချင်တယ်။ ဒါဟာ အဖေတို့ အမေတို့ရဲ့ သားတို့သမီးတို့အပေါ်မှာထားရှိတဲ့ ဆန္ဒလေးပါ။

ဒီဆန္ဒလေးကို ဖြည့်ဆည်းပေးရင် အဖေတို့အမေတို့ရဲ့ ဆန္ဒလေးကို ဖြည့်ဆည်းပေးရာ ရောက်ပါတယ်ပညာသင်အရွယ် ပညာရှာပါ ကြင်ယာရှာတဲ့အရွယ် ကြင်ယာရှာပါပညာသင်နေတဲ့အရွယ် ကြင်ယာမရှာစေချင်ဘူး။ ကြင်ယာကြောင့် ပညာရေးမှာ အနှောက်အယှက်ဖြစ်တယ်ဆိုတာ သားတို့သမီးတို့သဘောပေါက်စေချင်တယ်

မိဘကိုစိတ်မဆင်းရဲအောင် ထားတဲ့ သားသမီးတိုင်းဟာ တသက်လုံး ပျော်ရွင်ရမှာပါမိဘမျက်ရည်တစက် သားသမီးဆင်းရဲတသက်”မိဘမျက်ရည်ကျအောင် လုပ်တဲ့သားသမီးတိုင်းဟာ ပူလောင်မှုတွေနဲ့ တသက်လုံးစိတ်မပျော်ရွှင်နိုင်ချေမိဘ ကျေးဇူးကို သိတတ်တဲ့ သားကောင်းရတနာ

သမီးကောင်းရတနာလေးတွေ ဖြစ်နိုင်ကြပါစေလို့့ဆုတောင်းပေးလိုက်ပါသည် ပညာသင်ကြားနေတဲ့ ကျောင်းသားလူငယ်မောင်မယ်များကိုသိစေချင်သော ရည်ရွယ်ချက်ဖြင့်ရေးသားလိုက်ရခြင်းဖြစ်ပါတယ်စာပေချစ်မြတ်နိုးသူ အားလုံးကို ချစ်ခင်လေးစားလျက်ပါ။ Original writer by HHN-credit