Zawgyi
Unicode
လှေခါးအဆံ တပ်ဆင်ခြင်း သိကောင်းစရာများ ရှေးကျမ်းဆရာတို့သည် စုံမ နှစ်ခုလုံး တပ်ကောင်း၏ဟုဆိုသည် လက်သမား ကျမ်းဆရာတို့က မကိုသာ တပ်စေပါတယ်။ လက်သမား ဆရာကြီးများမှာ စုံတပ်သည်လည်းရှိတယ် မတပ်သည်လည်း ရှိပါတယ်။ အဘယ်ကြောင့်ဆိုသော်ပထမအထစ်မှ **လာဘံ သုခံ မရဏံ **လာဘ သုခ မရဏ တွက်ယူကာ
မရဏံ မရဏ ကို ရှောင်ပါတယ် ပ ထစ္က လာဘ ဒု ထစ္က သုခတ ထစ္က မရဏ လာဘ က လာတ်လာဘ ပေါများခြင်း သုခ က ကြွယ်ဝချမ်းသာခြင်း မရဏ က ဆုတ်ယုတ်ပျက်စီးခြင်းနဲ့ ကြုံတွေ့ရလိမ့်မယ်တဲ့။ လာဘ – ၁ထစ် ၊ ၄ ထစ်၊ ၇ ထစ် သုခ – ၂ ထစ်၊ ၅ထစ် ၊ ၈ ထစ် မရဏ- ၃ ထစ် ၊ ၆ ထစ် ၊ ၉ ထစ် ၊ ၁၂ ထစ် စသည်ဖြင့်ပေါ့။
အိမ် အနေအအထား မင်္ဂလာသား အနေအထား အလိုက်လုပ်ဆောင်ကြပါတယ်။ တစ်ချို့ ဆရာများမှာ ရာဇ လာဘ မရဏ** လို့သတ်မှတ် လုပ်ဆောင်ကြပါတယ်။ ၁ ဘုန်းကျက်သရေတိုးခြင်း ၂ လာတ်လာဘ ပေါများခြင်း ၃ ဆုတ်ယုတ်ပျက်စီးခြင်း စသဖြင့်ပေါ့။ တစ်ကျောင်း တစ်ဂါထာ တစ်ရွာ တစ်ပုဒ်ဆန်းဆိုသလို ဒေသအလိုက်ကွဲလွဲကြပါတယ်။
အိမ်လှေခါး ၃ထစ်ထားသော် ဒုက္ခံ မရဏံ ကြုံစေပြန်၏။ ၄ ထစ်ထားသော် ကောင်းစားစေတက်၏ ရှစ်ထစ်ထားလျှင် မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကျက်သရေ ဘုန်းသမ္ဘာ မြင့်မားစေတတ်၏။ ကိုးထစ်ထားလျှင် လာဘ်လာဘ ပေါကြွယ်ဝတတ်၏။ ၁၂ထစ်ထားသော် ကျမ္မအရေးကောင်းမွန်စေ၍ ရန်သူမျိုးငါးပါးမှကင်းစေ၏။ တနင်္လာနေ့ လှေကား စလုပ်ခြင်းမှ ရှောင်ကြပါစေ။original-credit