သာဓုေခၚသင့္တဲ့ ၾကည္ႏူးစရာ အလႉေလးမို႔ ဝိုင္းအားေပးလိုက္ၾကပါဦး

Zawgyi

ကြၽန္မက ညည့္နက္တဲ့ အထိ အလုပ္လုပ္ရသူျဖစ္ေလေတာ့ ည ၉ နာရီ ၁၀ နာရီဆို ခဏနားၿပီး ဝရံတာကေန အၿမဲ ေ႐ႊတိဂုံ ဘုရားဖူးရင္ ပတ္ဝန္းက်င္ကို ၾကည့္ေလ့ရွိတယ္.. ခုေနတဲ့ေနရာက ေနရာသစ္ဆိုေတာ့ ပတ္ဝန္းက်င္ကို ၾကည့္မိတိုင္း ကြၽန္မ ျမင္ကြင္းထဲအၿမဲေရာက္လာတာ အေပၚကေန လွမ္းၾကည့္ရင္ စားမဲ့သူ မရွိတဲ့ ဆိုင္ေလးရယ္,

ထိုဆိုင္ပိုင္ရွင္ လင္မယားရဲ႕ စာလုပ္ေနတဲ့ ကေလးေလးရယ္ ကြၽန္မ ေတြ႕ရတယ္.. ေသြးမေတာ္ သားမစပ္ေပမဲ့ မီးမွိန္မွိန္ေအာက္က ေစ်းမေရာင္းရတဲ့ ျမင္ေတြ႕ရတဲ့ျမင္ကြင္း ကြၽန္မ ရင္ကို ထိေစတယ္.. ဆိုင္ေလး ကတအားစုတ္ေနေတာ့ စားမဲ့သူနည္းတာထင္ပါရဲ႕.. ငါဘာလုပ္ေပးရမလည္းဆိုတဲ့အေတြးနဲ႔အတူ ေနာက္ေန႔ သူတို႔

ဆိုင္ထြက္ခ်ိန္ ၅ နာရီခြဲေလာက္မွာ ဘာမွ မေျပာပဲ ကြၽန္မ ၾကာဇံေၾကာ္မွာစားတယ္.. ကြၽန္မ အရသာကို ျမည္းၾကည့္တာ.. ဒါမ်ိဴးအရသာ ဆိုင္ႀကီးေတြမွာဆို ၃/၄ေထာင္ အရသာ.. လွည္းစုတ္ေလးကိုလာစားတဲ့ ကြၽန္မကို သူတို႔ျပာျပာသလဲေပါ့.. စားၿပီးမွ ကြၽန္မရည္႐ြယ္ခ်က္ကို ေျပာမိတယ္.. ပထမေတာ့ လွည္းေလးကို ျပန္ျပင္ဖို႔ႀကိဳးစားေပမဲ့

အရမ္းစုတ္ခ်ာတဲ့လွည္းေလး ျပင္မရေတာ့ဘူးေလ.. ေနာက္တေန႔ အသံတုန္တုန္ အားနာစြာနဲ႔ ဖုန္းဆက္လာတယ္.. ျပင္မရေတာ့ဘူးအမရယ္တဲ့.. ကြၽန္မ ေငြမခ်မ္းသာေပမဲ့ ေမတၱာခ်မ္းသာတဲ့သူ.. ျပင္မရ အသစ္သာလုပ္ခိုင္းလိုက္ဆိုၿပီး လွည္းသစ္ေလး ထပ္လုပ္တယ္.. ၂ သိန္း ၅ ေသာင္း ကုန္က်တယ္.. ဆိုင္ေလးကသပ္ရပ္သြားၿပီဆိုေတာ့ လိုတာေလးေတြ,

မီးလင္းဖို႔ မီးေခ်ာင္း, ဓာတ္ဘူး, vinyl ေလးေတြ ထုတ္ဖို႔ ကြၽန္မ ၃ ေသာင္းထပ္ေပးတာ.. ခုေတာ့ၾကည့္ဦး သူတို႔ ဆိုင္ေလး သန္႔သြားၿပီ.. ကြၽန္မ သတိရတိုင္း ထၾကည့္ရင္ လူေတြ လာလာဝယ္ေနက်တာ စားေနက်တာေတြ႕ရၿပီ.. ကြၽန္မရဲ႕ပီတိ ဝမ္းသာလြန္းလို႔ ငိုမဲ့မ်က္ဝန္းေတြနဲ႔ ေက်းဇူးတင္ေနတဲ့သူတို႔ကို ကြၽန္မ ေျပာခဲ့ေလးက

က်ဳပ္ကိုေက်းဇူးမတင္ပါနဲ႔ဆိုတာရယ္.. ေက်းဇူးတင္လို႔ ဝမ္းသာရင္ အလုပ္ေတြႀကိဳးစားဆိုတာရယ္ အမ ေပ်ာ္႐ႊင္မႈဟာ ညည္းတို႔မိသားစု ေျပလည္သထက္ေျပလည္ဖို႔ဆိုတာရယ္ မွာခဲ့မိတယ္ ညည္းအမ်ိဳးသား အရက္မေသာက္ ေပါက္ကရမလုပ္ပဲ မိသားစုေလး စုစည္းရပ္တည္တဲ့ အက်ိဳးျဖစ္တယ္ဆိုတာလည္း ကြၽန္မေျပာခဲ့တယ္ ဟုတ္တယ္ေလ ကြၽန္မ အရမ္းပင္ပန္းၿပီး

မခ်မ္းသာပဲမွ်ေဝတာ အရက္သမား အရက္ေသာက္ဖို႔ဆို ခုလိုလုပ္ေပးဖို႔ မေျပာနဲ႔ တက်ပ္ေတာင္ကြၽန္မ မေပးဘူး လာအကူအညီေတာင္းလည္း အျပတ္ေျပာမွာ.. ကြၽန္မ လမ္းကူးၿပီး ေက်ာခိုင္းေတာ့ အကိုေရ ညမေရ နဲ႔ ေစ်းေရာင္းေကာင္းၿပီး ဆည္းလည္းသံေလးေတြ ေဝဆာေနေလရဲ႕.. ေပ်ာ္လိုက္ရတဲ့ ေပ်ာ္႐ႊင္မႈေလးမွ်ေဝရင္း သူတို႔ရဲ႕

ဘဝသစ္ေလး ေရာင္းေကာင္းေအာင္ အားေပးပါဦး ၾကည့္ျမင္တိုင္ အထက္လမ္း စလင္းကြင္းမွတ္တိုင္နဲ႔ နတ္စင္လမ္းၾကား က လမ္းေဘးဆိုင္ေလးပါ အထူးေအာ္ဒါလက္ခံပါတယ္ လာမယ့္ ၂၈ ရက္ေန႔ စာသင္သား သံဃာေတြ အတြက္ဆြမ္းကပ္ဖို႔ ပြဲ-၃၀ ကြၽန္မေအာ္ဒါမွာထားတယ္

၄၅၀၀၀ က်ပ္နဲ႔ဆြမ္းကပ္ခြင့္လည္းရပါၿပီ Fairy ေလးကို အားေပးတဲ့သူေတြေၾကာင့္ ကြၽန္မ လုပ္ေပးႏိုင္တာပါ ကုသိုလ္ထပ္တူရပါေစ ပုံေလးေတြ တပုံခ်င္းၾကည့္ေပးေနာ္ menu ေလးပါတယ္ မိုးခ်ဳပ္ေနေတာ့ ပုံေလးေတြသိပ္မေပၚေပမဲ့ ေနာက္ေန႔ ကြၽန္မ လွလွေလးထပ္႐ိုက္ေပးဦးမယ္ ဘဝသစ္ စားဖြယ္စုံ ေအာ္ဒါမွာ လို႔ရပါတယ္..

ေမတၱာမ်ားျဖင့္ ကမာၻႀကီးလွပပါေစ.. (Shwe Thae Wah)

မေ႐ႊသဲဝါေရ ၾကည္ႏူးစြာျဖင့္ သာဓုေခၚပါတယ္ဗ်ာ။ သူတို႔မိသားစုေလးလည္း ပိုမိုေရာင္းေကာင္းၿပီး စီးပြားျဖစ္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္.. သာဓုေခၚသင့္တဲ့ ၾကည္ႏူးစရာ အလႉေလးမို႔ ဆိုင္ဖုန္းနံပါတ္ေလးကို ဆက္ၿပီး ဝိုင္းအားေပးလိုက္ၾကပါဦး credit

Unicode

ကျွန်မက ညည့်နက်တဲ့ အထိ အလုပ်လုပ်ရသူဖြစ်လေတော့ ည ၉ နာရီ ၁၀ နာရီဆို ခဏနားပြီး ဝရံတာကနေ အမြဲ ရွှေတိဂုံ ဘုရားဖူးရင် ပတ်ဝန်းကျင်ကို ကြည့်လေ့ရှိတယ်.. ခုနေတဲ့နေရာက နေရာသစ်ဆိုတော့ ပတ်ဝန်းကျင်ကို ကြည့်မိတိုင်း ကျွန်မ မြင်ကွင်းထဲအမြဲရောက်လာတာ အပေါ်ကနေ လှမ်းကြည့်ရင် စားမဲ့သူ မရှိတဲ့ ဆိုင်လေးရယ်,

ထိုဆိုင်ပိုင်ရှင် လင်မယားရဲ့ စာလုပ်နေတဲ့ ကလေးလေးရယ် ကျွန်မ တွေ့ရတယ်.. သွေးမတော် သားမစပ်ပေမဲ့ မီးမှိန်မှိန်အောက်က စျေးမရောင်းရတဲ့ မြင်တွေ့ရတဲ့မြင်ကွင်း ကျွန်မ ရင်ကို ထိစေတယ်.. ဆိုင်လေး ကတအားစုတ်နေတော့ စားမဲ့သူနည်းတာထင်ပါရဲ့.. ငါဘာလုပ်ပေးရမလည်းဆိုတဲ့အတွေးနဲ့အတူ နောက်နေ့ သူတို့ ဆိုင်ထွက်ချိန် ၅ နာရီခွဲလောက်မှာ

ဘာမှ မပြောပဲ ကျွန်မ ကြာဇံကြော်မှာစားတယ်.. ကျွန်မ အရသာကို မြည်းကြည့်တာ.. ဒါမျိူးအရသာ ဆိုင်ကြီးတွေမှာဆို ၃/၄ထောင် အရသာ.. လှည်းစုတ်လေးကိုလာစားတဲ့ ကျွန်မကို သူတို့ပြာပြာသလဲပေါ့.. စားပြီးမှ ကျွန်မရည်ရွယ်ချက်ကို ပြောမိတယ်.. ပထမတော့ လှည်းလေးကို ပြန်ပြင်ဖို့ကြိုးစားပေမဲ့ အရမ်းစုတ်ချာတဲ့လှည်းလေး ပြင်မရတော့ဘူးလေ..

နောက်တနေ့ အသံတုန်တုန် အားနာစွာနဲ့ ဖုန်းဆက်လာတယ်.. ပြင်မရတော့ဘူးအမရယ်တဲ့.. ကျွန်မ ငွေမချမ်းသာပေမဲ့ မေတ္တာချမ်းသာတဲ့သူ.. ပြင်မရ အသစ်သာလုပ်ခိုင်းလိုက်ဆိုပြီး လှည်းသစ်လေး ထပ်လုပ်တယ်.. ၂ သိန်း ၅ သောင်း ကုန်ကျတယ်.. ဆိုင်လေးကသပ်ရပ်သွားပြီဆိုတော့ လိုတာလေးတွေ, မီးလင်းဖို့ မီးချောင်း, ဓာတ်ဘူး, vinyl လေးတွေ

ထုတ်ဖို့ ကျွန်မ ၃ သောင်းထပ်ပေးတာ.. ခုတော့ကြည့်ဦး သူတို့ ဆိုင်လေး သန့်သွားပြီ.. ကျွန်မ သတိရတိုင်း ထကြည့်ရင် လူတွေ လာလာဝယ်နေကျတာ စားနေကျတာတွေ့ရပြီ.. ကျွန်မရဲ့ပီတိ ဝမ်းသာလွန်းလို့ ငိုမဲ့မျက်ဝန်းတွေနဲ့ ကျေးဇူးတင်နေတဲ့သူတို့ကို ကျွန်မ ပြောခဲ့လေးက ကျုပ်ကိုကျေးဇူးမတင်ပါနဲ့ဆိုတာရယ်.. ကျေးဇူးတင်လို့ ဝမ်းသာရင်

အလုပ်တွေကြိုးစားဆိုတာရယ် အမ ပျော်ရွှင်မှုဟာ ညည်းတို့မိသားစု ပြေလည်သထက်ပြေလည်ဖို့ဆိုတာရယ် မှာခဲ့မိတယ် ညည်းအမျိုးသား အရက်မသောက် ပေါက်ကရမလုပ်ပဲ မိသားစုလေး စုစည်းရပ်တည်တဲ့ အကျိုးဖြစ်တယ်ဆိုတာလည်း ကျွန်မပြောခဲ့တယ် ဟုတ်တယ်လေ ကျွန်မ အရမ်းပင်ပန်းပြီး မချမ်းသာပဲမျှဝေတာ အရက်သမား အရက်သောက်ဖို့ဆို

ခုလိုလုပ်ပေးဖို့ မပြောနဲ့ တကျပ်တောင်ကျွန်မ မပေးဘူး လာအကူအညီတောင်းလည်း အပြတ်ပြောမှာ.. ကျွန်မ လမ်းကူးပြီး ကျောခိုင်းတော့ အကိုရေ ညမရေ နဲ့ စျေးရောင်းကောင်းပြီး ဆည်းလည်းသံလေးတွေ ဝေဆာနေလေရဲ့.. ပျော်လိုက်ရတဲ့ ပျော်ရွှင်မှုလေးမျှဝေရင်း သူတို့ရဲ့ ဘဝသစ်လေး ရောင်းကောင်းအောင်

အားပေးပါဦး ကြည့်မြင်တိုင် အထက်လမ်း စလင်းကွင်းမှတ်တိုင်နဲ့ နတ်စင်လမ်းကြား က လမ်းဘေးဆိုင်လေးပါ အထူးအော်ဒါလက်ခံပါတယ် လာမယ့် ၂၈ ရက်နေ့ စာသင်သား သံဃာတွေ အတွက်ဆွမ်းကပ်ဖို့ ပွဲ-၃၀ ကျွန်မအော်ဒါမှာထားတယ် ၄၅၀၀၀ ကျပ်နဲ့ဆွမ်းကပ်ခွင့်လည်းရပါပြီ Fairy လေးကို

အားပေးတဲ့သူတွေကြောင့် ကျွန်မ လုပ်ပေးနိုင်တာပါ ကုသိုလ်ထပ်တူရပါစေ ပုံလေးတွေ တပုံချင်းကြည့်ပေးနော် menu လေးပါတယ် မိုးချုပ်နေတော့ ပုံလေးတွေသိပ်မပေါ်ပေမဲ့ နောက်နေ့ ကျွန်မ လှလှလေးထပ်ရိုက်ပေးဦးမယ် ဘဝသစ် စားဖွယ်စုံ အော်ဒါမှာ လို့ရပါတယ်..

မေတ္တာများဖြင့် ကမ္ဘာကြီးလှပပါစေ.. (Shwe Thae Wah)

မရွှေသဲဝါရေ ကြည်နူးစွာဖြင့် သာဓုခေါ်ပါတယ်ဗျာ။ သူတို့မိသားစုလေးလည်း ပိုမိုရောင်းကောင်းပြီး စီးပွားဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်.. သာဓုခေါ်သင့်တဲ့ ကြည်နူးစရာ အလှူလေးမို့ ဆိုင်ဖုန်းနံပါတ်လေးကို ဆက်ပြီး ဝိုင်းအားပေးလိုက်ကြပါဦး credit