Sun. Nov 28th, 2021

Zawgyi

ေထာ္လာဂ်ီ ဘရိတ္ေပါက္ၿပီး တိမ္းေမွာက္တာတဲ့ ကိုရင္ေလးေရာ လူေတြေရာ သြားပါၿပီ ရွမ္းျပည္နယ္ ေတာင္ပိုင္း၊ နမ့္စန္ၿမိဳ႕နယ္၊ ခိုလမ္ၿမိဳ႕မွာ ၿပီးခဲ့တဲ့ ဇန္နဝါရီလ ၂၅ ရက္၊ ညေနပိုင္းက ေထာ္လာဂ်ီ ၁ စီး ဘရိတ္ေပါက္ၿပီး တိမ္းေမွာက္လို႔ ကိုရင္ ၁ ပါး အပါအဝင္ ၂ ဦးေသဆုံးကာ ၁၅ ဦး ဒဏ္ရာရရွိခဲ့တယ္လို႔ ခိုလမ္နယ္ေျမ ရဲစခန္းမွ သိရပါတယ္။

နမ့္စန္ၿမိဳ႕နယ္၊ ခိုလမ္ၿမိဳ႕၊ ခိုလမ္- က်ိဳင္းေတာင္းသြားကားလမ္း၊ က်ိဳင္းေတာင္းဘက္မွ ခိုလမ္ၿမိဳ႕ အေရွ႕မွ အေနာက္ ယာဥ္ေမာင္း အိုက္ေဖာက ေမာင္းႏွင္ၿပီး လူ ၁၆ ဦး လိုက္ပါစီးနင္းလာတဲ့ JIANGCHAI ေထာ္လာဂ်ီအေသး၊ အျပာေရာင္ ယာဥ္ဟာ မိုင္တိုင္အမွတ္ (၁၄/၁) နဲ႔ (၁၄/၂) ၾကား ၁၄ မိုင္႐ြာအနီး ကုန္းအဆင္းမွာ ဘရိတ္ေပါက္ၿပီး လမ္းရဲ႕ယာဘက္ကို

တိမ္းေမွာက္ခဲ့ေၾကာင္း သိရပါတယ္။ အဲလိုေမွာက္ေတာ့ ယာဥ္ေမာင္း အပါအဝင္ ေယာက္်ားေလး ၉ ေယာက္နဲ႔ မိန္းကေလး ၆ ေယာက္ ဒဏ္ရာရခဲ့တယ္။ မိန္းကေလး ၁ ဦးနဲ႔ ကိုရင္ ၁ ပါးကေတာ့ အခင္းျဖစ္တဲ့ေနရာမွာပဲ ေသဆုံးသြားခဲ့ပါတယ္။ ဒဏ္ရာရတဲ့လူက စုစုေပါင္း ၁၅ ေယာက္ေပါ့။ ေသဆုံးတာကေတာ့ ၂ ေယာက္ပါ လို႔

ခိုလမ္နယ္ေျမ ရဲစခန္းက တာဝန္ရွိသူ တစ္ဦးက ေ႐ႊႀတိဂံေဒသ သတင္းဌာနကို ေျပာပါတယ္။ အဲဒီျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး ယာဥ္ကိုမဆင္မျခင္ ေမာင္းႏွင္သူ အိုက္ေဖာက ကို ခိုလမ္နယ္ေျမ ရဲစခန္းမွာ ယာဥ္(ပ) ၁/၂၀၂၁ ရာဇဒ္-၂၇၉/၃၃၇/၃၃၈/၃၀၄-က အရ အမႈဖြင့္ အေရးယူထားတယ္လို႔လည္း သိရပါတယ္။

Unicode

ထော်လာဂျီ ဘရိတ်ပေါက်ပြီး တိမ်းမှောက်တာတဲ့ ကိုရင်လေးရော လူတွေရော သွားပါပြီ ရှမ်းပြည်နယ် တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ ခိုလမ်မြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ ရက်၊ ညနေပိုင်းက ထော်လာဂျီ ၁ စီး ဘရိတ်ပေါက်ပြီး တိမ်းမှောက်လို့ ကိုရင် ၁ ပါး အပါအဝင် ၂ ဦးသေဆုံးကာ ၁၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ခိုလမ်နယ်မြေ ရဲစခန်းမှ သိရပါတယ်။

နမ့်စန်မြို့နယ်၊ ခိုလမ်မြို့၊ ခိုလမ်- ကျိုင်းတောင်းသွားကားလမ်း၊ ကျိုင်းတောင်းဘက်မှ ခိုလမ်မြို့ အရှေ့မှ အနောက် ယာဉ်မောင်း အိုက်ဖောက မောင်းနှင်ပြီး လူ ၁၆ ဦး လိုက်ပါစီးနင်းလာတဲ့ JIANGCHAI ထော်လာဂျီအသေး၊ အပြာရောင် ယာဉ်ဟာ မိုင်တိုင်အမှတ် (၁၄/၁) နဲ့ (၁၄/၂) ကြား ၁၄ မိုင်ရွာအနီး ကုန်းအဆင်းမှာ ဘရိတ်ပေါက်ပြီး

လမ်းရဲ့ယာဘက်ကို တိမ်းမှောက်ခဲ့ကြောင်း သိရပါတယ်။ အဲလိုမှောက်တော့ ယာဉ်မောင်း အပါအဝင် ယောက်ျားလေး ၉ ယောက်နဲ့ မိန်းကလေး ၆ ယောက် ဒဏ်ရာရခဲ့တယ်။ မိန်းကလေး ၁ ဦးနဲ့ ကိုရင် ၁ ပါးကတော့ အခင်းဖြစ်တဲ့နေရာမှာပဲ သေဆုံးသွားခဲ့ပါတယ်။ ဒဏ်ရာရတဲ့လူက စုစုပေါင်း ၁၅ ယောက်ပေါ့။

သေဆုံးတာကတော့ ၂ ယောက်ပါ လို့ ခိုလမ်နယ်မြေ ရဲစခန်းက တာဝန်ရှိသူ တစ်ဦးက ရွှေတြိဂံဒေသ သတင်းဌာနကို ပြောပါတယ်။ အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ယာဉ်ကိုမဆင်မခြင် မောင်းနှင်သူ အိုက်ဖောက ကို ခိုလမ်နယ်မြေ ရဲစခန်းမှာ ယာဉ်(ပ) ၁/၂၀၂၁ ရာဇဒ်-၂၇၉/၃၃၇/၃၃၈/၃၀၄-က အရ အမှုဖွင့် အရေးယူထားတယ်လို့လည်း သိရပါတယ်။