We love ပရိသတ်တွေစုပေါင်းပြီး ခင်ရတနာစိုးကို ငွေကျပ် ၁၅ သိန်းကျော်ဆုချ

Zawgyi




သိမ့်

Unicode

We love fan တွေစုပေါင်းပြီး ငွေကျပ် ၁၅ သိန်းကျော်ဆုချခဲ့တယ်လို့ အဆိုတော် ခင်ရတနာစိုးက သူရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဇန်နဝါရီလ ၂၅ ရက်နေ့က ရေးသားအသိပေးခဲ့ပါတယ်။ “We love များဆုချသော ၁၅သိန်း၃သောင်း၉ထောင်ကျပ်ကို we love adim ကိုသားသားမှထုတ်ယူပြီး ညီမထံကိုပေးအပ်သွားပါတယ်ရှင်။

we love များကို ကျေးဇူးအထူးတင်ပါတယ်ရှင်။ ညီမလိုအပ်တာသုံးဖြစ်ရင် ပရိသတ်တွေကို အသိပေးပါမယ်” လို့ရေးသားထားတာပါ။ ခင်ရတနာစိုးရဲ့ fan တွေကတော့ ခင်ရတနာစိုးပြိုင်ပွဲဝင်နေစဉ် ကာလတစ်လျှောက် မှာလည်း လူအားကော ငွေအားပါအမြဲတမ်းထောက်ပံ့ ပေးခဲ့ကြပါတယ်။ The Voice Myanmar ပြိုင်ပွဲကနေတစ်ဆင့်

ပရိသတ်တွေရဲ့အားပေးမှုကိုရရှိလာတဲ့ ခင်ရတနာစိုးက အခုဆိုရင်လည်း အနုပညာလမ်းကြောင်းပေါ်ကို လျှောက်လှမ်း နေပြီဖြစ်သလို live sale တွေမျာလည်း တွေ့လာရပါတယ်။ နီနီခင်ဇော်နဲ့အတူ သီချင်းတွေကိုဖန်တီးနေသလို ပရိသတ်တွေ ရဲ့ အားပေးမှု ပိုများလာသူတစ်ဦး ဖြစ်ပါတယ်။

သိမ့်