Zawgyi

ထိုးစိုက္ဇုန္မၾကာခဏလႈပ္ရွားေနသည္ဟု ဘူမိေဗဒပညာရွင္အခ်ိဳ႕ သတိေပးျမန္မာႏိုင္ငံအတြင္းကီလိုမီတာ၁,၂၀၀ခန႔္ ျဖတ္သြားသည့္ ထိုးစိုက္ဇုန္သည္မၾကာခဏလႈပ္ရွားမႈရွိေနသည္ဟု ဘူမိေဗဒပညာရွင္အခ်ိဳ႕က သတိေပးသည္။ ဒီဇင္ဘာ၈ရက္မွ၁၂ရက္အတြင္း ျမန္မာႏိုင္ငံအတြင္း

ငလ်င္ေလးႀကိမ္လႈပ္ရွားခဲ့ရာ အားလုံးသည္ျမန္မာေက်ာက္ထုခ်ပ္ႏွင့္ အိႏၵိယေက်ာက္ထုခ်ပ္ထိစပ္ရာမွ ျဖစ္‌ေပၚ‌ေန‌ေသာ ထိုးစိုက္ဇုန္လႈပ္ရွားျခင္းျဖစ္ေၾကာင္း ဘူမိေဗဒပညာရွင္မ်ားက မွတ္ခ်က္ျပဳသည္။ ‘‘ဒီေနာက္ပိုင္းလႈပ္ရွားေနတာေတြက ထိုးစိုက္ဇုန္ျဖစ္ေနတယ္။

ျမန္မာႏိုင္ငံမွာဆိုရင္၂၀၁၆ကအင္အားျပင္းလႈပ္ရွားခဲ့ဖူးတယ္’’ဟုဘူမိေဗဒပညာရွင္ေဒၚလွလွေအာင္ကေျပာၾကားသည္။ ဒီဇင္ဘာ၈ရက္ကမေကြးတိုင္းေဒသႀကီးဂန႔္ေဂါၿမိဳ႕တြင္ ရစ္ခ်္တာစေကး၅ဒသမ၄အဆင့္ငလ်င္လႈပ္ခတ္ၿပီးေနာက္တႏိုင္း၊ မင္းကင္း၊ ေရဦးၿမိဳ႕တို႔တြင္ရစ္ခ်္တာစေကး၃မွ၄အဆင့္ၾကားငလ်င္တစ္ႀကိမ္စီလႈ

ပ္ခတ္ခဲ့သည္။ထို႔အျပင္ဒီဇင္ဘာ၁၁ရက္ကဘဂၤလားပင္လယ္ေအာ္အတြင္းလႈပ္ခတ္ခဲ့ေသာရစ္ခ်္တာစေကး၄ဒသမ၇အဆင့္ငလ်င္သည္လည္းထိုးစိုက္ဇုန္လႈပ္ရွားျခင္းျဖစ္ေၾကာင္းဘူမိေဗဒပညာရွင္ေဒါက္တာေက်ာ္ေက်ာ္ထြန္းကေျပာသည္။SubductionZoneဟုလည္းေခၚဆိုေသာထိုးစိုက္ဇုန္သည္ျမန္မာ၊အိႏၵိယႏွင့္အင္ဒိုနီးရွား

အျပင္အာရွေဒသတြင္းႏိုင္ငံအခ်ိဳ႕ႏွင့္ထိစပ္ေနၿပီးမိုင္ေပါင္းရွစ္ေထာင္ေက်ာ္ရွည္လ်ားသည္။အင္ဒိုနီးရွားႏိုင္ငံဆူမၾတားကြၽန္းတြင္ဗဟိုျပဳ၍၂၀၀၄ခုႏွစ္ကရစ္ခ်္တာစေကး၉အဆင့္ျဖင့္လႈပ္ခဲ့ရာဆူနာမီျဖစ္ခဲ့ၿပီးလူႏွစ္သိန္း‌ေက်ာ္ေသဆုံးခဲ့သည္။ျမန္မာႏိုင္ငံတြင္၂၀၁၆ဩဂုတ္လကမေကြးတိုင္းေဒသႀကီးေခ်ာက္ၿမိဳ႕အေနာ

က္ဘက္၁၂မိုင္ခန႔္အကြာကိုဗဟိုျပဳ၍ျပင္းအားရစ္ခ်္တာစေကး၆ဒသမ၈အဆင့္ျဖင့္လႈပ္ခတ္ခဲ့သည့္ငလ်င္သည္ထိုးစိုက္ဇုန္လႈပ္ရွားျခင္းဟုဘူမိေဗဒပညာရွင္မ်ားကေျပာသည္။ အဆိုပါငလ်င္ေၾကာင့္လူသုံးဦးေသဆုံးၿပီးပုဂံေရွးေဟာင္းေစတီပုထိုး၄၀၀ေက်ာ္အပါအဝင္ႏိုင္ငံတစ္ဝန္းရွိေစတီပုထိုးႏွင့္အေဆာက္အအုံမ်ားထိခိုက္ပ်က္စီးခဲ့သည္။

7DayNews

Unicode

ထိုးစိုက်ဇုန်မကြာခဏလှုပ်ရှားနေသည်ဟု ဘူမိဗေဒပညာရှင်အချို့ သတိပေးမြန်မာနိုင်ငံအတွင်းကီလိုမီတာ၁,၂၀၀ခန့် ဖြတ်သွားသည့် ထိုးစိုက်ဇုန်သည်မကြာခဏလှုပ်ရှားမှုရှိနေသည်ဟု ဘူမိဗေဒပညာရှင်အချို့က သတိပေးသည်။ ဒီဇင်ဘာ၈ရက်မှ၁၂ရက်အတွင်း မြန်မာနိုင်ငံအတွင်း ငလျင်လေးကြိမ်လှုပ်ရှားခဲ့ရာ အားလုံးသည်မြန်မာကျောက်ထုချပ်နှင့်

အိန္ဒိယကျောက်ထုချပ်ထိစပ်ရာမှ ဖြစ်‌ပေါ်‌နေ‌သော ထိုးစိုက်ဇုန်လှုပ်ရှားခြင်းဖြစ်ကြောင်း ဘူမိဗေဒပညာရှင်များက မှတ်ချက်ပြုသည်။ ‘‘ဒီနောက်ပိုင်းလှုပ်ရှားနေတာတွေက ထိုးစိုက်ဇုန်ဖြစ်နေတယ်။ မြန်မာနိုင်ငံမှာဆိုရင်၂၀၁၆ကအင်အားပြင်းလှုပ်ရှားခဲ့ဖူးတယ်’’ဟုဘူမိဗေဒပညာရှင်ဒေါ်လှလှအောင်ကပြောကြားသည်။ ဒီဇင်ဘာ၈ရက်ကမကွေးတိုင်းဒေသကြီးဂန့်ဂေါမြို့တွင်

ရစ်ချ်တာစကေး၅ဒသမ၄အဆင့်ငလျင်လှုပ်ခတ်ပြီးနောက်တနိုင်း၊ မင်းကင်း၊ ရေဦးမြို့တို့တွင်ရစ်ချ်တာစကေး၃မှ၄အဆင့်ကြားငလျင်တစ်ကြိမ်စီလှုပ်ခတ်ခဲ့သည်။ထို့အပြင်ဒီဇင်ဘာ၁၁ရက်ကဘင်္ဂလားပင်လယ်အော်အတွင်းလှုပ်ခတ်ခဲ့သောရစ်ချ်တာစကေး၄ဒသမ၇အဆင့်ငလျင်သည်လည်းထိုးစိုက်ဇုန်လှုပ်ရှားခြင်းဖြစ်ကြောင်းဘူမိဗေဒပညာရှင်ဒေါက်တာကျော်ကျော်ထွန်းကပြောသည်။

SubductionZoneဟုလည်းခေါ်ဆိုသောထိုးစိုက်ဇုန်သည်မြန်မာ၊အိန္ဒိယနှင့်အင်ဒိုနီးရှားအပြင်အာရှဒေသတွင်းနိုင်ငံအချို့နှင့်ထိစပ်နေပြီးမိုင်ပေါင်းရှစ်ထောင်ကျော်ရှည်လျားသည်။အင်ဒိုနီးရှားနိုင်ငံဆူမတြားကျွန်းတွင်ဗဟိုပြု၍၂၀၀၄ခုနှစ်ကရစ်ချ်တာစကေး၉အဆင့်ဖြင့်လှုပ်ခဲ့ရာဆူနာမီဖြစ်ခဲ့ပြီးလူနှစ်သိန်း‌ကျော်သေဆုံးခဲ့သည်။မြန်မာနိုင်ငံတွင်၂၀၁၆ဩဂုတ်လကမကွေးတိုင်း

ဒေသကြီးချောက်မြို့အနောက်ဘက်၁၂မိုင်ခန့်အကွာကိုဗဟိုပြု၍ပြင်းအားရစ်ချ်တာစကေး၆ဒသမ၈အဆင့်ဖြင့်လှုပ်ခတ်ခဲ့သည့်ငလျင်သည်ထိုးစိုက်ဇုန်လှုပ်ရှားခြင်းဟုဘူမိဗေဒပညာရှင်များကပြောသည်။ အဆိုပါငလျင်ကြောင့်လူသုံးဦးသေဆုံးပြီးပုဂံရှေးဟောင်းစေတီပုထိုး၄၀၀ကျော်အပါအဝင်နိုင်ငံတစ်ဝန်းရှိစေတီပုထိုးနှင့်အဆောက်အအုံများထိခိုက်ပျက်စီးခဲ့သည်။

7DayNews