Zawgyi

ပိုက္ဆံလည္း လုံးဝမကိုင္ နဝကမၼလႉလည္းလက္မခံ ရဟန္းဝိနည္းႏွင့္အညီ ေနထိုင္ေသာ ႏိုင္ငံျခားသားဘုန္းႀကီးမ်ား ဝိနည္းနဲ႔အညီေနထိုင္တဲ့ဘုန္းႀကီးကိုမွ ၾကည္ညိဳပါတယ္။ ဝိနည္းနဲ႔ညီမွသာလႉခ်င္ပါတယ္”-လို႔ေဖ့ဘုတ္တစ္လႊားမွာ မၾကာခဏေျပာဆိုတတ္သူမ်ားအတြက္ သတင္းေကာင္းပါးလိုက္ပါတယ္။ တစ္ပါးက အီတလီ-ပါ။ ၅-ဝါေလာက္ ရသြားပါၿပီ။ ဘုန္းဘုန္းက ဥပဇၩာယ္ဆရာျဖစ္ပါတယ္။

ဥပဇၩာယ္ဆရာ-ဆိုတာ ရဟန္းတစ္ပါးရဲ႕ ဖခင္-လိုပါပဲ။ ေနာက္တစ္ပါးက ႐ုရွားႏိုင္ငံသားပါ။ ေနာက္တစ္ပါးက ဂ်ာမနီႏိုင္ငံသား ျဖစ္ပါတယ္။ ေနာက္တစ္ပါးကေတာ့ ဓမၼဂုဏ္ေရာင္မဟာစည္-ကကိုရင္ဗလႀကီးပါ။ သူကေတာ့ ႏိုင္ငံျခားသားဘုန္းႀကီး မျမင္ဖူးေတာ့ ဦးေတြခဏခဏကုန္းခ်ေနေလရဲ႕။ ဒီဝါတြင္းကာလဘုန္းဘုန္းရဲ႕ေက်ာင္းမွာ ဝါဆိုဝါကပ္ၿပီး တရားဘာဝနာစီးျဖန္းအားထုတ္ဖို႔ဒီကေန႔

လာေရာက္ေလွ်ာက္ထားခြင့္ေတာင္းၾကပါတယ္။ပိုက္ဆံ လုံးဝ မကိုင္ၾကပါဘူး။ ေငြလည္း မကိုင္ၾကပါဘူး။ စာအိတ္နဲ႔လႉလည္း အလႉမခံၾကပါဘူး။ နဝကမၼလႉလည္း လက္မခံၾကပါဘူး။ ရဟန္းနဲ႔ အပ္စပ္တဲ့ အသုံးအေဆာင္ကိုသာ သုံးၾကပါတယ္။ ဆြမ္းခဲဖြယ္ေဘာဇဥ္မ်ားကိုအပ္စပ္ေအာင္ျပဳလုပ္၍လႉဒါန္းလိုသူမ်ား ဆက္သြယ္ႏိုင္ပါသည္။

သူတို႔က ျဖစ္ႏိုင္ရင္ ဒီကေန႔ပဲ ဘုန္းဘုန္းေက်ာင္းကိုေျပာင္းလာခ်င္ေနၾကပါၿပီ-တဲ့။ ဒို႔ေက်ာင္းမွာကေန႔တိုင္း ပဲျပဳပ္နဲ႔ ဟင္းေပါင္းစားႏိုင္ပါ့မလား-လို႔ေတာ့ေျပာလိုက္ပါတယ္။ အဆင္သင့္ မျဖစ္ေသးလို႔ ၂၉-ရက္ေန႔မွ ေျပာင္းေ႐ႊ႕လာၾကဖို႔မွာၾကားလိုက္ပါတယ္။ ခက္တာက သူတို႔အတြက္ သီးသန႔္ ကုဋီကအခုမွ ေႂကြျပားကပ္ေနတုန္းပါ။ မူရင္းေရးသားသူ အား ေလးစားစြာျဖင့္ Credit ေပးပါသည္။

Unicode

ပိုက်ဆံလည်း လုံးဝမကိုင် နဝကမ္မလှူလည်းလက်မခံ ရဟန်းဝိနည်းနှင့်အညီ နေထိုင်သော နိုင်ငံခြားသားဘုန်းကြီးများ ဝိနည်းနဲ့အညီနေထိုင်တဲ့ဘုန်းကြီးကိုမှ ကြည်ညိုပါတယ်။ ဝိနည်းနဲ့ညီမှသာလှူချင်ပါတယ်”-လို့ဖေ့ဘုတ်တစ်လွှားမှာ မကြာခဏပြောဆိုတတ်သူများအတွက် သတင်းကောင်းပါးလိုက်ပါတယ်။ တစ်ပါးက အီတလီ-ပါ။ ၅-ဝါလောက် ရသွားပါပြီ။

ဘုန်းဘုန်းက ဥပဇ္ဈာယ်ဆရာဖြစ်ပါတယ်။ ဥပဇ္ဈာယ်ဆရာ-ဆိုတာ ရဟန်းတစ်ပါးရဲ့ ဖခင်-လိုပါပဲ။ နောက်တစ်ပါးက ရုရှားနိုင်ငံသားပါ။ နောက်တစ်ပါးက ဂျာမနီနိုင်ငံသား ဖြစ်ပါတယ်။ နောက်တစ်ပါးကတော့ ဓမ္မဂုဏ်ရောင်မဟာစည်-ကကိုရင်ဗလကြီးပါ။ သူကတော့ နိုင်ငံခြားသားဘုန်းကြီး မမြင်ဖူးတော့ ဦးတွေခဏခဏကုန်းချနေလေရဲ့။

ဒီဝါတွင်းကာလဘုန်းဘုန်းရဲ့ကျောင်းမှာ ဝါဆိုဝါကပ်ပြီး တရားဘာဝနာစီးဖြန်းအားထုတ်ဖို့ဒီကနေ့ လာရောက်လျှောက်ထားခွင့်တောင်းကြပါတယ်။ပိုက်ဆံ လုံးဝ မကိုင်ကြပါဘူး။ ငွေလည်း မကိုင်ကြပါဘူး။ စာအိတ်နဲ့လှူလည်း အလှူမခံကြပါဘူး။ နဝကမ္မလှူလည်း လက်မခံကြပါဘူး။ ရဟန်းနဲ့ အပ်စပ်တဲ့ အသုံးအဆောင်ကိုသာ သုံးကြပါတယ်။ ဆွမ်းခဲဖွယ်ဘောဇဉ်များကိုအပ်စပ်အောင်ပြုလုပ်၍လှူဒါန်းလိုသူများ ဆက်သွယ်နိုင်ပါသည်။

သူတို့က ဖြစ်နိုင်ရင် ဒီကနေ့ပဲ ဘုန်းဘုန်းကျောင်းကိုပြောင်းလာချင်နေကြပါပြီ-တဲ့။ ဒို့ကျောင်းမှာကနေ့တိုင်း ပဲပြုပ်နဲ့ ဟင်းပေါင်းစားနိုင်ပါ့မလား-လို့တော့ပြောလိုက်ပါတယ်။ အဆင်သင့် မဖြစ်သေးလို့ ၂၉-ရက်နေ့မှ ပြောင်းရွှေ့လာကြဖို့မှာကြားလိုက်ပါတယ်။ ခက်တာက သူတို့အတွက် သီးသန့် ကုဋီကအခုမှ ကြွေပြားကပ်နေတုန်းပါ။ မူရင်းရေးသားသူ အား လေးစားစွာဖြင့် Credit ပေးပါသည်။