Zawgyi

လူဦးေရ (၇)သိန္းခြဲစာအတြက္ ကိုဗစ္ကာကြယ္ေဆး တစ္သန္းခြဲမွာ မၾကာမီတြင္ ေရာက္ရွိေတာ့မွာျဖစ္ပါတယ္။ဒါေၾကာင့္မို႔ ဇန္နဝါရီလ(၂၆)ရက္ေန႔မွာ ႏိုင္ငံေတာ္ရဲ႕ ပထမဦးစားေပး အဆင့္ရွိသူေတြကို စတင္ထိုးေပးေတာ့မွာ ျဖစ္ပါတယ္။ ပထမအႀကိမ္ထိုးၿပီး (၂၈) ရက္အၾကာမွာ ဒုတိယအႀကိမ္ထပ္မံ ကာကြယ္ေဆးထိုးရမွာ ျဖစ္ပါတယ္။

ကာကြယ္ေရးရဲ႕ အက်ိဳးေက်းဇူးကေတာ့ မိမိကိုယ္ကို ကာကြယ္ၿပီးသား ျဖစ္သလို တကယ္လို႔ ေရာဂါပိုးကူးစက္လာပါကလည္း သာမန္ဖ်ားတာ၊နာတာေလာက္ပဲ ျဖစ္မွာပါ။ ဒါေၾကာင့္မို႔လို႔ မိမိပတ္ဝန္းက်င္က လူေတြကိုလည္း ကာကြယ္ၿပီးသား ျဖစ္သြားမွာပါ။ ယခုရရွိမည့္ ကာကြယ္ေဆးမွာ အိႏၵိယႏိုင္ငံထုတ္ ကာကြယ္ေဆးျဖစ္ပါတယ္။ေဆး၏

အာနိသင္ျပသရန္အတြက္ ရက္သတၱပတ္ အနည္းငယ္ၾကာမွာျဖစ္ပါတယ္။ ဒါေၾကာင့္ ကာကြယ္ေဆးထိုးရန္ သြားတာမွာပဲျဖစ္ေစ၊ ထိုးၿပီးၿပီးခ်င္းမွာပဲ ပိုးရွိသူနဲ႔ ထိေတြ႕မိရင္ ပိုးကူးႏိုင္ပါတယ္။ ဒါေၾကာင့္ ကာကြယ္ေဆးထိုးဖို႔သြားရာမွာ သတိထားရမွာျဖစ္ပါတယ္။ ကာကြယ္ေဆးေတြကို စနစ္တက်ထုတ္လုပ္ထားတာမို႔လို႔ အႏၲရာယ္မရွိႏိုင္ပါဘူး။

ဒါေပမယ့္ လူအနည္းငယ္မွာေတာ့ ေဘးထြက္ဆိုးက်ိဳးအနည္းငယ္ရွိႏိုင္ပါတယ္။ ဒါေတြကေတာ့ ေခါင္းကိုက္တာ၊ ထိုးတဲ့ေနရာမွာ နီရဲၿပီးနာလာတာ၊ ေခ်ာင္းဆိုးတာ၊ ကိုယ္လက္ကိုက္ခဲျခင္း၊ ပ်ိဳ႕အန္ျခင္းမ်ား ျဖစ္ႏိုင္ပါတယ္။ ဒါကေတာ့ ကိုယ္ခံအား တည္ေဆာက္ေနလို႔ ခႏၲာကိုယ္ကတုံ႔ျပန္ျခင္း ျဖစ္ပါတယ္။ ဒီလိုျဖစ္လာရင္ ေရမ်ားမ်ားေသာက္ၿပီး အနားယူျခင္း ျပဳလုပ္ရပါမယ္။

လိုအပ္ရင္ အကိုက္အခဲေပ်ာက္ေဆး ေသာက္ႏိုင္ပါတယ္။ ဒီလိုျဖစ္တာက တစ္ပတ္ေလာက္ပဲ ၾကာပါမို႔လို႔ စိုးရိမ္စရာမရွိပါဘူး။ ကာကြယ္ေဆးမထိုးသင့္တဲ့ သူေတြက (၁၈)ႏွစ္ေအာက္ေတြ၊ ကိုယ္ဝန္ေဆာင္ေတြ ၊ ႏို႔တိုက္မိခင္ေတြ၊ ဓာတ္မတည့္မႈ ျဖစ္တဲ့သူေတြကလည္း မထိုးသင့္ပါဘူး။ ဒါ့အျပင္ ကိုဗစ္ပိုးရွိတဲ့ သူေတြကလည္း ဒီကာကြယ္ေဆးကို မထိုးသင့္ပါဘူး။

Unicode

လူဦးရေ (၇)သိန်းခွဲစာအတွက် ကိုဗစ်ကာကွယ်ဆေး တစ်သန်းခွဲမှာ မကြာမီတွင် ရောက်ရှိတော့မှာဖြစ်ပါတယ်။ဒါကြောင့်မို့ ဇန်နဝါရီလ(၂၆)ရက်နေ့မှာ နိုင်ငံတော်ရဲ့ ပထမဦးစားပေး အဆင့်ရှိသူတွေကို စတင်ထိုးပေးတော့မှာ ဖြစ်ပါတယ်။ ပထမအကြိမ်ထိုးပြီး (၂၈) ရက်အကြာမှာ ဒုတိယအကြိမ်ထပ်မံ ကာကွယ်ဆေးထိုးရမှာ ဖြစ်ပါတယ်။

ကာကွယ်ရေးရဲ့ အကျိုးကျေးဇူးကတော့ မိမိကိုယ်ကို ကာကွယ်ပြီးသား ဖြစ်သလို တကယ်လို့ ရောဂါပိုးကူးစက်လာပါကလည်း သာမန်ဖျားတာ၊နာတာလောက်ပဲ ဖြစ်မှာပါ။ ဒါကြောင့်မို့လို့ မိမိပတ်ဝန်းကျင်က လူတွေကိုလည်း ကာကွယ်ပြီးသား ဖြစ်သွားမှာပါ။ ယခုရရှိမည့် ကာကွယ်ဆေးမှာ အိန္ဒိယနိုင်ငံထုတ် ကာကွယ်ဆေးဖြစ်ပါတယ်။ဆေး၏ အာနိသင်ပြသရန်အတွက်

ရက်သတ္တပတ် အနည်းငယ်ကြာမှာဖြစ်ပါတယ်။ ဒါကြောင့် ကာကွယ်ဆေးထိုးရန် သွားတာမှာပဲဖြစ်စေ၊ ထိုးပြီးပြီးချင်းမှာပဲ ပိုးရှိသူနဲ့ ထိတွေ့မိရင် ပိုးကူးနိုင်ပါတယ်။ ဒါကြောင့် ကာကွယ်ဆေးထိုးဖို့သွားရာမှာ သတိထားရမှာဖြစ်ပါတယ်။ ကာကွယ်ဆေးတွေကို စနစ်တကျထုတ်လုပ်ထားတာမို့လို့ အန္တရာယ်မရှိနိုင်ပါဘူး။ ဒါပေမယ့် လူအနည်းငယ်မှာတော့ ဘေးထွက်ဆိုးကျိုးအနည်းငယ်ရှိနိုင်ပါတယ်။

ဒါတွေကတော့ ခေါင်းကိုက်တာ၊ ထိုးတဲ့နေရာမှာ နီရဲပြီးနာလာတာ၊ ချောင်းဆိုးတာ၊ ကိုယ်လက်ကိုက်ခဲခြင်း၊ ပျို့အန်ခြင်းများ ဖြစ်နိုင်ပါတယ်။ ဒါကတော့ ကိုယ်ခံအား တည်ဆောက်နေလို့ ခန္တာကိုယ်ကတုံ့ပြန်ခြင်း ဖြစ်ပါတယ်။ ဒီလိုဖြစ်လာရင် ရေများများသောက်ပြီး အနားယူခြင်း ပြုလုပ်ရပါမယ်။ လိုအပ်ရင် အကိုက်အခဲပျောက်ဆေး သောက်နိုင်ပါတယ်။

ဒီလိုဖြစ်တာက တစ်ပတ်လောက်ပဲ ကြာပါမို့လို့ စိုးရိမ်စရာမရှိပါဘူး။ ကာကွယ်ဆေးမထိုးသင့်တဲ့ သူတွေက (၁၈)နှစ်အောက်တွေ၊ ကိုယ်ဝန်ဆောင်တွေ ၊ နို့တိုက်မိခင်တွေ၊ ဓာတ်မတည့်မှု ဖြစ်တဲ့သူတွေကလည်း မထိုးသင့်ပါဘူး။ ဒါ့အပြင် ကိုဗစ်ပိုးရှိတဲ့ သူတွေကလည်း ဒီကာကွယ်ဆေးကို မထိုးသင့်ပါဘူး။