Zawgyi

ကိုဗစ္ – ၁၉ အား ေရွ႕တန္းမွေန၍ ထိန္းခ်ဳပ္ ကုသေပးလ်က္ရွိေသာ ျမန္မာႏိုင္ငံရွိ ဆရာဝန္မ်ားႏွင့္ က်န္းမာေရး ဝန္ထမ္းမ်ားအား လာမည့္ ဇန္နဝါရီလ (၂၇)ရက္ေန႔မွ စတင္ကာ ကိုဗစ္-၁၉ ေရာဂါကာကြယ္ေဆးကို ပထမဆုံးအႀကိမ္အျဖစ္ စတင္ ထိုးႏွံေပးေတာ့မည္ ျဖစ္ေၾကာင္း သိရသည္။ ကိုဗစ္ကာကြယ္ေဆး (Covishield) ထိုးႏွံျခင္း ပထမဆုံး အသုတ္တြင္

က်န္းမာေရး ဝန္ထမ္းမ်ားအား ဦးစားေပးအေနျဖင့္ ကာကြယ္ေဆး ေ႐ြးခ်ယ္ထိုးႏွံေပးမည္ ျဖစ္ၿပီး ဆက္လက္ၿပီး ဦးစားေပး အစဥ္လိုက္အတိုင္း တစ္ႏိုင္ငံလုံး အတိုင္းအတာျဖင့္ ထိုးႏွံေပးသြားမည္ ျဖစ္သည္။ ထို႔ေနာက္ ကာကြယ္ေဆး ဒုတိယအသုတ္ကိုမူ ႏိုင္ငံ့တာဝန္မ်ားကို အေရးတႀကီး ထမ္းေဆာင္ေနေသာ ျပည္ေထာင္စု အစိုးရအဖြဲ႕ဝင္မ်ားႏွင့္ ျပည္ေထာင္စုလႊတ္ေတာ္

ကိုယ္စားလွယ္မ်ားအား ထိုးႏွံေပးသြားမည္ ျဖစ္ၿပီး တတိယအသုတ္တြင္မူ ေရာဂါကူးစက္ႏိုင္သူမ်ားအား ထိုးႏွံေပးရန္ သတ္မွတ္ထားသည္။ လက္ရွိတြင္ ကာကြယ္ေဆးမ်ားကို တစ္ႏိုင္ငံလုံး အတိုင္းအတာျဖင့္ တၿပိဳင္တည္းထိုေပးမည္လား၊ သို႔မဟုတ္ ေရာဂါျဖစ္ပြားမႈ မ်ားေနေသာ ျပည္နယ္ႏွင့္ တိုင္းေဒသႀကီးမ်ားတြင္သာ စထိုးေပးမည္လား ဆိုသည္ကိုမူ အတိအက် မသိရေသးေၾကာင္း

က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန ဗဟိုကူးစက္ေရာဂါ တိုက္ဖ်က္ေရးဌာနခြဲ ၫႊန္ၾကားေရးမႉး ေဒါက္တာခင္ခင္ႀကီးက ေျပာၾကားခဲ့ေၾကာင္း သိရသည္။ ဗဟိုအဆင့္တြင္ ကာကြယ္ေဆးထိုးေပးမည့္ က်န္းမာေရးဝန္ထမ္းမ်ားအား ဇန္နဝါရီ (၂၃)ႏွင့္ (၂၄) ရက္ေနတြင္ သင္တန္းပို႔ခ်ေပးေနၿပီး ျပည္နယ္ႏွင့္ တိုင္းေဒသႀကီးမ်ား၌မူ ဇန္နဝါရီ (၂၅)ႏွင့္ (၂၆) ရက္ေန႔မ်ားတြင္

သင္တန္းပို႔ခ်သြားမည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။ ကာကြယ္ေဆးအား ထိေရာက္ေစရန္ ပထမအႀကိမ္ ထိုးႏွံၿပီး (၂၈) ရက္အၾကာတြင္ ဒုတိယအႀကိမ္ ဆက္လက္ထိုးႏွံရမည္ ျဖစ္ၿပီး လက္ရွိတြင္ အိႏၵိယႏိုင္ငံမွ ေပးပို႔ေသာ ကိုဗစ္-၁၉ ေရာဂါကာကြယ္ေဆး (၁) သိန္းခြဲခန႔္ ရွိေၾကာင္း သိရသည္။ ၎ေဆးအေရအတြက္သည္ ျမန္မာႏိုင္ငံရွိ လူဦးေရ (၇)သိန္းခြဲခန႔္ကို

ထိုးႏွံေပးႏိုင္မည္ ျဖစ္ၿပီး ထပ္မံ၍ ကာကြယ္ေဆး ေရာက္ရွိလာမည္ ဆိုပါက အေရးႀကီးအုပ္စုအလိုက္ ခြဲျခားကာ ကာကြယ္ေဆး ထိုးေပးသြားမည္ ျဖစ္ေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနမွ ထုတ္ျပန္ထားသည္။ လက္ရွိတြင္ ရန္ကုန္ၿမိဳ႕ရွိ ၿမိဳ႕နယ္အခ်ိဳ႕၌ ကိုဗစ္-၁၉ ေရာဂါ ကာကြယ္ေဆး ထိုးႏွံႏိုင္ရန္ စာရင္းေကာက္ခံမႈမ်ား စတင္လုပ္ေဆာင္ေနၿပီးျဖစ္ေၾကာင္း ေၾကညာခ်က္အရ သိရသည္။

Unicode

ကိုဗစ် – ၁၉ အား ရှေ့တန်းမှနေ၍ ထိန်းချုပ် ကုသပေးလျက်ရှိသော မြန်မာနိုင်ငံရှိ ဆရာဝန်များနှင့် ကျန်းမာရေး ဝန်ထမ်းများအား လာမည့် ဇန်နဝါရီလ (၂၇)ရက်နေ့မှ စတင်ကာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ပထမဆုံးအကြိမ်အဖြစ် စတင် ထိုးနှံပေးတော့မည် ဖြစ်ကြောင်း သိရသည်။ ကိုဗစ်ကာကွယ်ဆေး (Covishield) ထိုးနှံခြင်း ပထမဆုံး အသုတ်တွင်

ကျန်းမာရေး ဝန်ထမ်းများအား ဦးစားပေးအနေဖြင့် ကာကွယ်ဆေး ရွေးချယ်ထိုးနှံပေးမည် ဖြစ်ပြီး ဆက်လက်ပြီး ဦးစားပေး အစဉ်လိုက်အတိုင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ထိုးနှံပေးသွားမည် ဖြစ်သည်။ ထို့နောက် ကာကွယ်ဆေး ဒုတိယအသုတ်ကိုမူ နိုင်ငံ့တာဝန်များကို အရေးတကြီး ထမ်းဆောင်နေသော ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များနှင့် ပြည်ထောင်စုလွှတ်တော်

ကိုယ်စားလှယ်များအား ထိုးနှံပေးသွားမည် ဖြစ်ပြီး တတိယအသုတ်တွင်မူ ရောဂါကူးစက်နိုင်သူများအား ထိုးနှံပေးရန် သတ်မှတ်ထားသည်။ လက်ရှိတွင် ကာကွယ်ဆေးများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တပြိုင်တည်းထိုပေးမည်လား၊ သို့မဟုတ် ရောဂါဖြစ်ပွားမှု များနေသော ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်သာ စထိုးပေးမည်လား ဆိုသည်ကိုမူ အတိအကျ မသိရသေးကြောင်း

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောကြားခဲ့ကြောင်း သိရသည်။ ဗဟိုအဆင့်တွင် ကာကွယ်ဆေးထိုးပေးမည့် ကျန်းမာရေးဝန်ထမ်းများအား ဇန်နဝါရီ (၂၃)နှင့် (၂၄) ရက်နေတွင် သင်တန်းပို့ချပေးနေပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများ၌မူ ဇန်နဝါရီ (၂၅)နှင့် (၂၆) ရက်နေ့များတွင်

သင်တန်းပို့ချသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ကာကွယ်ဆေးအား ထိရောက်စေရန် ပထမအကြိမ် ထိုးနှံပြီး (၂၈) ရက်အကြာတွင် ဒုတိယအကြိမ် ဆက်လက်ထိုးနှံရမည် ဖြစ်ပြီး လက်ရှိတွင် အိန္ဒိယနိုင်ငံမှ ပေးပို့သော ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (၁) သိန်းခွဲခန့် ရှိကြောင်း သိရသည်။ ၎င်းဆေးအရေအတွက်သည် မြန်မာနိုင်ငံရှိ လူဦးရေ (၇)သိန်းခွဲခန့်ကို

ထိုးနှံပေးနိုင်မည် ဖြစ်ပြီး ထပ်မံ၍ ကာကွယ်ဆေး ရောက်ရှိလာမည် ဆိုပါက အရေးကြီးအုပ်စုအလိုက် ခွဲခြားကာ ကာကွယ်ဆေး ထိုးပေးသွားမည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။ လက်ရှိတွင် ရန်ကုန်မြို့ရှိ မြို့နယ်အချို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရန် စာရင်းကောက်ခံမှုများ စတင်လုပ်ဆောင်နေပြီးဖြစ်ကြောင်း ကြေညာချက်အရ သိရသည်။