Sun. Nov 28th, 2021

Zawgyi

ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ ခ႐ိုင္ႏွင့္ ၿမိဳ႕နယ္မ်ားတြင္ (၆၆)ေကဗြီ၊ (၃၃)ေကဗြီ ဓာတ္အားခြဲ႐ုံမ်ား ၊ Distribution Transformer မ်ား ထိန္းသိမ္းျပဳျပင္ျခင္းလုပ္ငန္းမ်ား၊ ေရရွည္ဓာတ္အားတည္ၿငိမ္ ျပည့္ဝစြာ ေပးႏိုင္ေရးအတြက္ ေဟာင္းႏြမ္း၍ ဝန္အားမႏိုင္ေတာ့ေသာ (၁၁)ေကဗြီ ဓာတ္အားလိုင္းႀကိဳးမ်ားအား

ႀကိဳးအသစ္မ်ားျဖင့္ လဲလွယ္ျခင္းလုပ္ငန္းမ်ားႏွင့္ ဓာတ္အားျပတ္ေတာက္မႈ ေလ်ာ့နည္း က်ဆင္းေစေရးအတြက္ သစ္ပင္သစ္ကိုင္းမ်ား ခုတ္ထြင္ ရွင္းလင္းျခင္း လုပ္ငန္းမ်ားကို (၂၆-၁-၂၀၂၁) ရက္ေန႔ အဂၤါ ေန႔တြင္ (၀၉:၀၀) နာရီ မွ (၁၂:၀၀)နာရီ အခ်ိန္အထိ ေဆာင္႐ြက္သြားမည္ျဖစ္ဟု သိရွိရသည္။

ထိုသို႔ ေဆာင္႐ြက္ေနစဥ္တြင္ ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ

သဃၤန္းကြၽန္း ၊ ဒဂုံၿမိဳ႕သစ္ (ေတာင္ပိုင္း) ၊ ေတာင္ဥကၠလာပ ၊ သာေကတ ၊ ရန္ကင္း ၊ ဒဂုံၿမိဳ႕သစ္ (ေျမာက္ပိုင္း) ၊ ေဒါပုံ ၊ ဗိုလ္တေထာင္ ၊ ဒဂုံဆိပ္ကမ္း ၊ ဗဟန္း ၊ မရမ္းကုန္း ၊ ကြမ္းၿခံကုန္း ၊ ေက်ာက္တန္း ၊ တံတား ၊ ေကာ့မႉး ၊ သန္လ်င္ ၊ မဂၤလာဒုံ ၊ အင္းစိန္ ၊ လႈိင္သာယာ (အေနာက္) ၊ ေ႐ႊျပည္သာ ၊ ထန္းတပင္ ၊ ေထာက္ၾကန႔္ ၊ေမွာ္ဘီ ၿမိဳ႕နယ္မ်ားရွိ

ရပ္ကြက္အခ်ိဳ႕မ်ားတြင္ ယာယီဓာတ္အား ျပတ္ေတာက္မႈျဖစ္ေပၚမည္ ျဖစ္သည္။ ထိုသို႔ေဆာင္႐ြက္ရျခင္းသည္ ဓာတ္အားျပတ္ေတာက္မႈ ေလ်ာ့နည္းေစရန္ ေဆာင္႐ြက္ျခင္း ျဖစ္ေသာေၾကာင့္ နားလည္ခြင့္လြတ္ေပးပါရန္ ရန္ကုန္လွ်ပ္စစ္ဓာတ္အား ေကာ္ပိုေရးရွင္းမွ သတင္းထုတ္ျပန္ထားသည္။

Unicode

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ်များတွင် (၆၆)ကေဗွီ၊ (၃၃)ကေဗွီ ဓာတ်အားခွဲရုံများ ၊ Distribution Transformer များ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ၊ ရေရှည်ဓာတ်အားတည်ငြိမ် ပြည့်ဝစွာ ပေးနိုင်ရေးအတွက် ဟောင်းနွမ်း၍ ဝန်အားမနိုင်တော့သော (၁၁)ကေဗွီ ဓာတ်အားလိုင်းကြိုးများအား ကြိုးအသစ်များဖြင့်

လဲလှယ်ခြင်းလုပ်ငန်းများနှင့် ဓာတ်အားပြတ်တောက်မှု လျော့နည်း ကျဆင်းစေရေးအတွက် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင် ရှင်းလင်းခြင်း လုပ်ငန်းများကို (၂၆-၁-၂၀၂၁) ရက်နေ့ အင်္ဂါ နေ့တွင် (၀၉:၀၀) နာရီ မှ (၁၂:၀၀)နာရီ အချိန်အထိ ဆောင်ရွက်သွားမည်ဖြစ်ဟု သိရှိရသည်။

ထိုသို့ ဆောင်ရွက်နေစဥ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ

သင်္ဃန်းကျွန်း ၊ ဒဂုံမြို့သစ် (တောင်ပိုင်း) ၊ တောင်ဥက္ကလာပ ၊ သာကေတ ၊ ရန်ကင်း ၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) ၊ ဒေါပုံ ၊ ဗိုလ်တထောင် ၊ ဒဂုံဆိပ်ကမ်း ၊ ဗဟန်း ၊ မရမ်းကုန်း ၊ ကွမ်းခြံကုန်း ၊ ကျောက်တန်း ၊ တံတား ၊ ကော့မှူး ၊ သန်လျင် ၊ မင်္ဂလာဒုံ ၊ အင်းစိန် ၊ လှိုင်သာယာ (အနောက်) ၊ ရွှေပြည်သာ ၊ ထန်းတပင် ၊ ထောက်ကြန့် ၊ မှော်ဘီ မြို့နယ်များရှိ

ရပ်ကွက်အချို့များတွင် ယာယီဓာတ်အား ပြတ်တောက်မှုဖြစ်ပေါ်မည် ဖြစ်သည်။ ထိုသို့ဆောင်ရွက်ရခြင်းသည် ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရန် ဆောင်ရွက်ခြင်း ဖြစ်သောကြောင့် နားလည်ခွင့်လွတ်ပေးပါရန် ရန်ကုန်လျှပ်စစ်ဓာတ်အား ကော်ပိုရေးရှင်းမှ သတင်းထုတ်ပြန်ထားသည်။