Zawgyi
Crd;
Unicode
ယခုအချိန်သည် ကိုဗစ်-၁၉ ဖြစ်ပွားနေသည့်အတွက် ကျောင်းများယာယီပိတ်ထားခြင်း၊ အလုပ်များ ယာယီရပ်ဆိုင်းထားခြင်းများ၊ လူ ၃၀ ဦးထပ်မပိုသော စုဝေးခြင်းများဆောင်ရွက်ြခြင်းများ ဆောင်ရွက်ထားရပြီး အခြားနိုင်ငံများတွင်လည်း ယခုကဲ့သို့ပင် ဆောင်ရွက်နေခြင်းများ ဖြစ်နေသည်ကို နိုင်ငံတကာများအသိပင် ဖြစ်ပါသည်။ ကျောင်းများယာယီဖွင့်ခြင်းများ ဆောင်ရွက်ချိန်တွင် ဝန်ထမ်းများ ရောဂါကူးစက်မှုများ
ရှိခဲ့သောကြောင်း အခြေခံပာညအထက်ဆန်းဆင့်များ ပြန်လည်ပိတ်ထားခဲ့ရပြီး ကိုဗစ်-၁၉ ဒုတိယလှိုင်း ရောက်ရှိလာပြီး ရောဂါကူးစက်မှု ပိုမိုများပြားလာသည့်အတွက် ကျောင်းများဖွင့်လှစ်ခြင်းကို ရပ်ဆိုင်းခဲ့ရခြင်းဖြစ်သည်။ ယခုတွင် အချို့မြိုကနယ်များမှ မြို့နယ်ပညာရေးမှူးဆရာကြီး၊ ဆရာမကြီးများအနေဖြင့် အဝေးရောက်ဆရာ၊ဆရာမများအား ပြန်လည်ခေါ်နေသည်ကိုလည်း တွေ့ရပါသည်။
ပြန်လည်ခေါ်ယူရန် ညွှန်ကြားခြင်းမရှိကြောင်းနှင့် အကယ်လို ကျောင်းများပြန်လည်ဖွင့်ခမည်ဆိုပါက တစ်လကြိုတင်အကြောင်းကြားမည်ဖြစ်ကြောင်း ပြောကြားပါသည်။ ကျောင်းများ ပြန်လည်ဖွင့်ခွင့်ရရှိပါက ကွာတာတင်းထားရှိသော ကျောင်းများအား ဝန်ကြီးဌာနသို့ ပြန်လည်အပ်နှံစေပြီး ဆေးဖျန်းခြင်းများ ပိုးသတ်ခြင်းများဆောင်ရွက်ပြီးမှသာ အသုံးပြုနိုင်မည်ဖြစ်ကြောင်း။ ထို့ကြောင်း
ကျောင်းများပြန်လည်ဖွင့်မည်ဆိုသည့်သတင်းများ ကောလဟာလသတင်းများသာဖြစ်ကြောင်းနှင့် ပြည်သူများအနေဖြင့် စိုးရိမ်စိတ်များ မဖြစ်ပေါ်စေရန်ပြောကြားသည်။ ကျောင်းများဖွင့်ခွင့်အား ကိုဗစ်-၁၉ ကာကွယ်ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီ၏ ညွှန်ကြားချက်ရရှိပါက တစ်လကြိုတင်အကြောင်းမည်ဖြစ်ကြောင်း ပြောကြားသွားပါသည်။
Crd;