မ်က္မျမင္သမီးေလးအတြက္ လမ္းေဘးမွာ ဗူးခြံေလးေတြေကာက္ၿပီး အသက္ဆက္ေနရတဲ့ အဖြား

Zawgyi

မ်က္မျမင္သမီးေၾကာင့္ ဗူးခြံေတြေကာက္ၿပီးေတာ့ ႐ုန္းကန္ေနရတဲ့ အသက္ ၈၀ အဖြားေၾကာင္းကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။ ေလာကဓံတရားဟာ အသက္အ႐ြယ္မေ႐ြးကို ဒုကၡေပးႏိုင္တာပါေနာ္။ ဒီလိုဘဲ အသက္ ၈၀ ရွိေနေပမယ့္လည္း မ်က္မျမင္သမီးေလးအတြက္ေလာကဓံကို အံတုရင္းနဲ႔ လမ္းေဘးက ဗူးခြံေလးေတြေကာက္ၿပီးအသက္ဆက္ေနရတဲ့ အဖြား ရွိပါတယ္။

အဖြားဟာ ေ႐ႊေဈးကိုလည္း မသိသလို ၊ ေဒၚလာေဈးကိုလည္း မသိပါဘူးေနာ္။ တစ္ေန႔ကို ထမင္းစားေလာက္ေအာင္ ဗူးခြံေကာက္ရဖို႔ပဲ သူသိတာပါ။ ေႏြပူပူမွာ အသက္၈၀အ႐ြယ္ႀကီးနဲ႔ႂကြပ္ႂကြပ္ပူေနတဲ့ လမ္းမဟာ ဘယ္လိုမွမလိုက္ဖက္ပါဘူးဗ်ာ။ အဲ့ဒါကို သိၾကတဲ့ ေစတနာရွင္တစ္ခ်ိဳ႕ကေတာ့ ဆန္ ဆီ ဆား ငါးေျခာက္ စတာေတြ အျပင္ အားျဖည့္စာမ်ား ေငြသားမ်ားကို

သြားေရာက္လႉဒါန္းေပးခဲ့ၾကပါတယ္ေနာ္။ ပရိသတ္ေတြထဲမွာႏြမ္းပါးသူကို ကူညီတတ္တဲ့ စိတ္ေစတနာရွင္မ်ား ပါခဲ့ရင္လည္း သြားေရာက္ကူညီႏိုင္ေအာင္လို႔ အဖြားေနရပ္ေလးကို ေျပာျပလိုက္ပါတယ္ အဖြားကေတာ့ ရွမ္းျပည္နယ္ေျမာက္ပိုင္း လားရႈိးၿမိဳ႕ရပ္ကြက္(၉)ဘူတာဖက္မွာေနတာပါ။ လမ္းႀကဳံလို႔ပဲ ျဖစ္ျဖစ္

တကူးတကပဲ ျဖစ္ျဖစ္သြားေရာက္ ကူညီေပးႏိုင္ပါတယ္ေနာ္။ မိမိ မကူညီႏိုင္ရင္ေတာင္မွ ဒီအေၾကာင္းေလးကို မွ်ေဝေပးလိုက္ၿပီးေတာ့ လူအမ်ားကို သိေစတာဟာလည္း ကုသိုလ္တစ္မ်ိဳးပါပဲဗ်ာ။

Credit

Unicode

မျက်မမြင်သမီးကြောင့် ဗူးခွံတွေကောက်ပြီးတော့ ရုန်းကန်နေရတဲ့ အသက် ၈၀ အဖွားကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ လောကဓံတရားဟာ အသက်အရွယ်မရွေးကို ဒုက္ခပေးနိုင်တာပါနော်။ ဒီလိုဘဲ အသက် ၈၀ ရှိနေပေမယ့်လည်း မျက်မမြင်သမီးလေးအတွက်လောကဓံကို အံတုရင်းနဲ့ လမ်းဘေးက ဗူးခွံလေးတွေကောက်ပြီးအသက်ဆက်နေရတဲ့ အဖွား ရှိပါတယ်။

အဖွားဟာ ရွှေဈေးကိုလည်း မသိသလို ၊ ဒေါ်လာဈေးကိုလည်း မသိပါဘူးနော်။ တစ်နေ့ကို ထမင်းစားလောက်အောင် ဗူးခွံကောက်ရဖို့ပဲ သူသိတာပါ။ နွေပူပူမှာ အသက်၈၀အရွယ်ကြီးနဲ့ကြွပ်ကြွပ်ပူနေတဲ့ လမ်းမဟာ ဘယ်လိုမှမလိုက်ဖက်ပါဘူးဗျာ။ အဲ့ဒါကို သိကြတဲ့ စေတနာရှင်တစ်ချို့ကတော့ ဆန် ဆီ ဆား ငါးခြောက် စတာတွေ အပြင် အားဖြည့်စာများ ငွေသားများကို

သွားရောက်လှူဒါန်းပေးခဲ့ကြပါတယ်နော်။ ပရိသတ်တွေထဲမှာနွမ်းပါးသူကို ကူညီတတ်တဲ့ စိတ်စေတနာရှင်များ ပါခဲ့ရင်လည်း သွားရောက်ကူညီနိုင်အောင်လို့ အဖွားနေရပ်လေးကို ပြောပြလိုက်ပါတယ် အဖွားကတော့ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ရပ်ကွက်(၉)ဘူတာဖက်မှာနေတာပါ။

လမ်းကြုံလို့ပဲ ဖြစ်ဖြစ် တကူးတကပဲ ဖြစ်ဖြစ်သွားရောက် ကူညီပေးနိုင်ပါတယ်နော်။ မိမိ မကူညီနိုင်ရင်တောင်မှ ဒီအကြောင်းလေးကို မျှဝေပေးလိုက်ပြီးတော့ လူအများကို သိစေတာဟာလည်း ကုသိုလ်တစ်မျိုးပါပဲဗျာ။

Credit