ျမန္မာႏိုင္ငံရွိ မသန္စြမ္းကေလးငယ္ ၄၀ေက်ာ္ကို ခြဲစိတ္ေပးခဲ့တဲ့ အိုေဇးလ္

Zawgyi

ျမန္မာႏိုင္ငံရွိ မသန္စြမ္းကေလးငယ္ ၄၀ေက်ာ္ကို ခြဲစိတ္ေပးခဲ့တဲ့ အိုေဇးလ္ပရီးမီးယားလိဂ္ နာမည္ႀကီး အသင္းတစ္သင္း ျဖစ္တဲ့ အာဆင္နယ္ အသင္းရဲ႕ နာမည္ေက်ာ္ ကြင္းလယ္ တိုက္စစ္ ကစားသမား တစ္ဦးျဖစ္တဲ့ မီဆြတ္ အိုေဇးလ္ ကေတာ့ျမန္မာႏိုင္ငံ အပါအဝင္

ဖြံ႕ၿဖိဳးဆဲ ႏိုင္ငံေတြမွာ ရွိတဲ့ မသန္စြမ္း ကေလးငယ္ေတြကို ခြဲစိတ္မႈေတြ ျပဳလုပ္ႏိုင္ေအာင္ အကူအညီ ေပးခဲ့ေၾကာင္း သိရွိ ရပါတယ္။ အသက္ ၃၂ႏွစ္ အ႐ြယ္ ရွိေနၿပီ ျဖစ္တဲ့ ဂ်ာမန္ လက္ေ႐ြးစင္ေဟာင္း မီဆြတ္ အိုေဇးလ္ဟာ ကမာၻ႔ လုပ္ခလစာ အျမင့္ဆုံး ေဘာလုံးသမားေတြထဲက

တစ္ဦးျဖစ္ေပမယ့္ႏွစ္စဥ္ႏွစ္တိုင္း ကမာၻအႏွံ႔မွာ ပရဟိတ လုပ္ငန္းမ်ားစြာကို လႉဒါန္းေလ့ ရွိသလို လူမႈေရး ၊ ႏိုင္ငံေရးနဲ႔ ကမာၻ႔အေရးေတြမွာပါ တက္တက္ႂကြႂကြ ပါဝင္ လႈပ္ရွားတတ္သူလည္း ျဖစ္ပါတယ္။အိုေဇးလ္ရဲ႕ ျမန္မာႏိုင္ငံ အတြက္ပါ ထည့္ဝင္ လႉဒါန္းေလ့ ရွိတဲ့ အလႉကေတာ့ Big Shoes အဖြဲ႕အစည္းနဲ႔

ပူးေပါင္းကာ ခြဲစိတ္မႈ ျပဳလုပ္ရမယ့္ ကေလးငယ္ေတြကို ခြဲစိတ္ေပးတဲ့ အလႉျဖစ္ၿပီး ၂၀၂၀ ခုႏွစ္ အတြင္းမွာ ဆိုရင္ အိုေဇးလ္ဟာ ျမန္မာႏိုင္ငံ ၊ ဘရာဇီးလ္ႏိုင္ငံ ၊ ေတာင္အာဖရိကႏိုင္ငံ ၊ ယူဂန္ဒါႏိုင္ငံ ၊ ကင္မ႐ြန္းႏိုင္ငံနဲ႔ အိႏၵိယႏိုင္ငံေတြမွာ ရွိတဲ့ မသန္စြမ္း ကေလးငယ္ ၁၅၇ ေယာက္ကို ခြဲစိတ္ေပးခဲ့ေၾကာင္း သိရပါတယ္။

အဆိုပါ ကေလးငယ္ေတြထဲကမွ အေယာက္ ၄၀ေက်ာ္ဟာ ျမန္မာႏိုင္ငံက ျဖစ္ၿပီး ကယားျပည္နယ္ ၊ လြိဳင္ေကာ္ၿမိဳ႕နဲ႔ အနီးတစ္ဝိုက္မွာ ရွိတဲ့ ကေလးငယ္ေတြကို ခြဲစိတ္မႈ ျပဳလုပ္ေပးခဲ့တာပဲ ျဖစ္ပါတယ္။ Big Shoe အဖြဲ႕အစည္းဟာ ကမာၻတစ္ဝွမ္းမွာ ရွိတဲ့ ႏႈတ္ခမ္းကြဲ ၊ အာေခါင္ကြဲ ၊ ေျခခြင္ ၊ မီးေလာင္ဒဏ္ရာ

စတဲ့ ဒဏ္ရာေတြကို ရထားတဲ့ ကေလးငယ္ေတြကို ခြဲစိတ္မႈေတြ အခမဲ့ ျပဳလုပ္ေပးတဲ့ အဖြဲ႕အစည္း ျဖစ္ၿပီး အိုေဇးလ္ကေတာ့ အဆိုပါ အဖြဲ႕အစည္းရဲ႕ ပင္တိုင္ အလႉရွင္လည္း ျဖစ္ပါတယ္။ အိုေဇးလ္ဟာ ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္မွာလည္း ျမန္မာႏိုင္ငံ လြိဳင္ေကာ္ၿမိဳ႕ အနီးက ကေလးငယ္ အေယာက္ ၄၀ကို

အခုလို ခြဲစိတ္မႈေတြ ျပဳလုပ္ေပးခဲ့ဖူးပါတယ္။ အိုေဇးလ္ကေတာ့ အဆိုပါ အလႉနဲ႔ ပတ္သတ္ၿပီး သူ႔ရဲ႕ တြစ္တာအေကာင့္မွာ ပါဝင္ ကူညီေပးၾကတဲ့ ဆရာဝန္ေတြ ၊ ေစတနာ့ဝန္ထမ္းေတြကို ေက်းဇူးတင္ေၾကာင္း ေျပာၾကားထားသလို ၂၀၂၁ ခုႏွစ္မွာလည္း ပိုမို

လႉဒါန္းသြားမွာ ျဖစ္ေၾကာင္း ဆိုထားပါတယ္။ ေက်းဇူးကမာၻပါ မီဆြတ္ေရ…။ အခုလိုအခ်ိန္ေပးၿပီး ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္းသာယာေပ်ာ္႐ႊင္ေသာ ေန႔ေလးကိုပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Crd- Original Post

Unicode

မြန်မာနိုင်ငံရှိ မသန်စွမ်းကလေးငယ် ၄၀ကျော်ကို ခွဲစိတ်ပေးခဲ့တဲ့ အိုဇေးလ်ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ အာဆင်နယ် အသင်းရဲ့ နာမည်ကျော် ကွင်းလယ် တိုက်စစ် ကစားသမား တစ်ဦးဖြစ်တဲ့ မီဆွတ် အိုဇေးလ် ကတော့မြန်မာနိုင်ငံ အပါအဝင် ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ ရှိတဲ့

မသန်စွမ်း ကလေးငယ်တွေကို ခွဲစိတ်မှုတွေ ပြုလုပ်နိုင်အောင် အကူအညီ ပေးခဲ့ကြောင်း သိရှိ ရပါတယ်။ အသက် ၃၂နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ ဂျာမန် လက်ရွေးစင်ဟောင်း မီဆွတ် အိုဇေးလ်ဟာ ကမ္ဘာ့ လုပ်ခလစာ အမြင့်ဆုံး ဘောလုံးသမားတွေထဲက တစ်ဦးဖြစ်ပေမယ့်နှစ်စဉ်နှစ်တိုင်း

ကမ္ဘာအနှံ့မှာ ပရဟိတ လုပ်ငန်းများစွာကို လှူဒါန်းလေ့ ရှိသလို လူမှုရေး ၊ နိုင်ငံရေးနဲ့ ကမ္ဘာ့အရေးတွေမှာပါ တက်တက်ကြွကြွ ပါဝင် လှုပ်ရှားတတ်သူလည်း ဖြစ်ပါတယ်။အိုဇေးလ်ရဲ့ မြန်မာနိုင်ငံ အတွက်ပါ ထည့်ဝင် လှူဒါန်းလေ့ ရှိတဲ့ အလှူကတော့ Big Shoes အဖွဲ့အစည်းနဲ့ ပူးပေါင်းကာ

ခွဲစိတ်မှု ပြုလုပ်ရမယ့် ကလေးငယ်တွေကို ခွဲစိတ်ပေးတဲ့ အလှူဖြစ်ပြီး ၂၀၂၀ ခုနှစ် အတွင်းမှာ ဆိုရင် အိုဇေးလ်ဟာ မြန်မာနိုင်ငံ ၊ ဘရာဇီးလ်နိုင်ငံ ၊ တောင်အာဖရိကနိုင်ငံ ၊ ယူဂန်ဒါနိုင်ငံ ၊ ကင်မရွန်းနိုင်ငံနဲ့ အိန္ဒိယနိုင်ငံတွေမှာ ရှိတဲ့ မသန်စွမ်း ကလေးငယ် ၁၅၇ ယောက်ကို ခွဲစိတ်ပေးခဲ့ကြောင်း သိရပါတယ်။

အဆိုပါ ကလေးငယ်တွေထဲကမှ အယောက် ၄၀ကျော်ဟာ မြန်မာနိုင်ငံက ဖြစ်ပြီး ကယားပြည်နယ် ၊ လွိုင်ကော်မြို့နဲ့ အနီးတစ်ဝိုက်မှာ ရှိတဲ့ ကလေးငယ်တွေကို ခွဲစိတ်မှု ပြုလုပ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ Big Shoe အဖွဲ့အစည်းဟာ ကမ္ဘာတစ်ဝှမ်းမှာ ရှိတဲ့ နှုတ်ခမ်းကွဲ ၊ အာခေါင်ကွဲ ၊ ခြေခွင် ၊ မီးလောင်ဒဏ်ရာ စတဲ့

ဒဏ်ရာတွေကို ရထားတဲ့ ကလေးငယ်တွေကို ခွဲစိတ်မှုတွေ အခမဲ့ ပြုလုပ်ပေးတဲ့ အဖွဲ့အစည်း ဖြစ်ပြီး အိုဇေးလ်ကတော့ အဆိုပါ အဖွဲ့အစည်းရဲ့ ပင်တိုင် အလှူရှင်လည်း ဖြစ်ပါတယ်။ အိုဇေးလ်ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာလည်း မြန်မာနိုင်ငံ လွိုင်ကော်မြို့ အနီးက ကလေးငယ်

အယောက် ၄၀ကို အခုလို ခွဲစိတ်မှုတွေ ပြုလုပ်ပေးခဲ့ဖူးပါတယ်။ အိုဇေးလ်ကတော့ အဆိုပါ အလှူနဲ့ ပတ်သတ်ပြီး သူ့ရဲ့ တွစ်တာအကောင့်မှာ ပါဝင် ကူညီပေးကြတဲ့ ဆရာဝန်တွေ ၊ စေတနာ့ဝန်ထမ်းတွေကို ကျေးဇူးတင်ကြောင်း ပြောကြားထားသလို ၂၀၂၁ ခုနှစ်မှာလည်း ပိုမို

လှူဒါန်းသွားမှာ ဖြစ်ကြောင်း ဆိုထားပါတယ်။ ကျေးဇူးကမ္ဘာပါ မီဆွတ်ရေ…။ အခုလိုအချိန်ပေးပြီး ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်းသာယာပျော်ရွှင်သော နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Crd- Original Post