Tue. Dec 7th, 2021

Zawgyi

မဂၤလာပါ ပရိတ္သတ္ႀကီးေရ ယခုတစ္ခါမွာေတာ့ သမီးျဖစ္သူအေပၚထားရွိတဲ့ ဖခင္တစ္ေယာက္ရဲ႕ ခ်စ္ျခင္းေမတၱာပဲျဖစ္ပါတယ္။ တ႐ုပ္ႏိုင္ငံမွ ဖခင္တစ္ေယာက္ဟာ သမီးျဖစ္သူရဲ႕ ေဆးဖိုးဝါးခအတြက္ သူ႔ရဲ႕ဂုဏ္သိကၡာေတြကိုေတာင္ စြန႔္လႊတ္ၿပီး လမ္းမထက္မွာ အကူအညီေတာင္းခဲ့တဲ့ ျဖစ္ရပ္တစ္ခု ျဖစ္ပြားခဲ့ပါတယ္။

အသက္ (၄၅)ႏွစ္အ႐ြယ္ လက္သမားဆရာတစ္ေယာက္ဟာ သူရဲ႕ သမီးျဖစ္သူခံစားေနရတဲ့ ေဝဒနာေတြကိုကုသဖို႔ ေဆးဖိုးဝါးခ မတတ္ႏိုင္ေတာ့တဲ့အဆုံးမွာ သူ႔ကိုယ္သူ မိတ္ကပ္ေတြလိမ္းျခယ္ၿပီး သတို႔သမီးတစ္ေယာက္အျဖစ္ ဝတ္စုံအျပည့္ဝတ္ဆင္ၿပီး သမီးျဖစ္သူရဲ႕ ေဆးဖိုးဝါးခအတြက္ လမ္းသြားလမ္းလာေတြကို အလႉခံခဲ့တာျဖစ္ပါတယ္။

အသက္ (၄၅) ႏွစ္ရွိၿပီျဖစ္တဲ့ Guo ဟာအသက္ေလးႏွစ္အ႐ြယ္ မိတဆိုးသမီးေလးရဲ႕ ေသြးကင္ဆာေရာဂါ ေပ်ာက္ကင္းေစဖို႔အတြက္ ေဆးဖိုးအျဖစ္ ယြမ္သိန္းေပါင္းေျမာက္ျမားစြာကိုေခ်းယူၿပီး ကုသခဲ့ပါတယ္။ ခီမိုကုထုံးကို ရွစ္ႀကိမ္တိတိယူၿပီးေနာက္မွာ သမီးျဖစ္သူ ေရာဂါေပ်ာက္ကင္းသြားသေယာင္ေယာင္ ရွိေနခဲ့ေပမယ့္

သူမရဲ႕ေရာဂါ ထပ္မံျဖစ္လာခဲ့တာေၾကာင့္ ထပ္မံေငြမ်ားလိုအပ္လာပါတယ္။ သူ႔ပတ္ဝန္းက်င္မွာရွိတဲ့ သူေတြရဲ႕အကူအညီကို ရယူႏိုင္ဖို႔ အာ႐ုံစိုေစလိုတဲ့အတြက္ အခုလိုသတို႔သမီးဝတ္စုံကို ဝတ္ဆင္ၿပီး ေဆးဖိုးအတြက္ အလႉခံခဲ့ရပါတယ္။ ဒီျဖစ္ရပ္ေၾကာင့္ တ႐ုတ္ျပည္တြင္းမွာရွိတဲ့ မီဒီယာေတြမွာပြဲဆူခဲ့ပါတယ္။

ဒီကိစၥနဲ႔ ပတ္သက္ၿပီး Guo ကအခုလိုေျပာပါတယ္။ “က်ေနာ္ရဲ႕ ဂုဏ္သိကၡာနဲ႔ ပိုင္ဆိုမႈေတြက အေရးမႀကီးေတာ့ပါဘူးဗ်ာ၊ က်ေနာ့္သမီးအတြက္ ေဆးဖိုးဝါးခ ကူညီခ်င္တဲ့သူေတြရွိတယ္ဆိုရင္၊ အဲဒီပိုက္ဆံေတြကို သမီးေလးအတြက္ပဲ အကုန္သုံးမယ္လို႔ ကတိေပးရဲပါတယ္ဗ် ာလို႔ေျပာဆိုခဲ့ပါတယ္။ လတ္တေလာ တ႐ုတ္လူမႈကြန္ယက္ေတြေပၚမွာေတာ့ ေမတၱာႀကီးမားလွတဲ့

ဖခင္တစ္ေယာက္အျဖစ္ ေလးစားဂုဏ္ျပဳေနၾကတဲ့အခ်ိန္ မွာေတာ့ Guo တစ္ေယာက္ သူ႔သမီးေလးေဆးဖိုးအတြက္ အကူအညီေပးမယ့္သူေတြနဲ႔ လႉဒါန္းလာမယ့္ေဆးကုသစားရိတ္ေတြကိုေမ်ာ္လင့္ေနဆဲ့ပါ။ ပရိသတ္ႀကီးေရ ေမတၱာတရားႀကီးမားတဲ့ အေဖနဲ႔ပတ္သက္တဲ့ အမွတ္တရေလးေတြရွိခဲ့ရင္ မွတ္ခ်က္မွာေျပာေပးသြားၾကပါဦးေနာ္။

Source – shanghaiist

Unicode

မင်္ဂလာပါ ပရိတ်သတ်ကြီးရေ ယခုတစ်ခါမှာတော့ သမီးဖြစ်သူအပေါ်ထားရှိတဲ့ ဖခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာပဲဖြစ်ပါတယ်။ တရုပ်နိုင်ငံမှ ဖခင်တစ်ယောက်ဟာ သမီးဖြစ်သူရဲ့ ဆေးဖိုးဝါးခအတွက် သူ့ရဲ့ဂုဏ်သိက္ခာတွေကိုတောင် စွန့်လွှတ်ပြီး လမ်းမထက်မှာ အကူအညီတောင်းခဲ့တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အသက် (၄၅)နှစ်အရွယ်

လက်သမားဆရာတစ်ယောက်ဟာ သူရဲ့ သမီးဖြစ်သူခံစားနေရတဲ့ ဝေဒနာတွေကိုကုသဖို့ ဆေးဖိုးဝါးခ မတတ်နိုင်တော့တဲ့အဆုံးမှာ သူ့ကိုယ်သူ မိတ်ကပ်တွေလိမ်းခြယ်ပြီး သတို့သမီးတစ်ယောက်အဖြစ် ဝတ်စုံအပြည့်ဝတ်ဆင်ပြီး သမီးဖြစ်သူရဲ့ ဆေးဖိုးဝါးခအတွက် လမ်းသွားလမ်းလာတွေကို အလှူခံခဲ့တာဖြစ်ပါတယ်။ အသက် (၄၅) နှစ်ရှိပြီဖြစ်တဲ့ Guo ဟာအသက်လေးနှစ်အရွယ်

မိတဆိုးသမီးလေးရဲ့ သွေးကင်ဆာရောဂါ ပျောက်ကင်းစေဖို့အတွက် ဆေးဖိုးအဖြစ် ယွမ်သိန်းပေါင်းမြောက်မြားစွာကိုချေးယူပြီး ကုသခဲ့ပါတယ်။ ခီမိုကုထုံးကို ရှစ်ကြိမ်တိတိယူပြီးနောက်မှာ သမီးဖြစ်သူ ရောဂါပျောက်ကင်းသွားသယောင်ယောင် ရှိနေခဲ့ပေမယ့် သူမရဲ့ရောဂါ ထပ်မံဖြစ်လာခဲ့တာကြောင့် ထပ်မံငွေများလိုအပ်လာပါတယ်။ သူ့ပတ်ဝန်းကျင်မှာရှိတဲ့

သူတွေရဲ့အကူအညီကို ရယူနိုင်ဖို့ အာရုံစိုစေလိုတဲ့အတွက် အခုလိုသတို့သမီးဝတ်စုံကို ဝတ်ဆင်ပြီး ဆေးဖိုးအတွက် အလှူခံခဲ့ရပါတယ်။ ဒီဖြစ်ရပ်ကြောင့် တရုတ်ပြည်တွင်းမှာရှိတဲ့ မီဒီယာတွေမှာပွဲဆူခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး Guo ကအခုလိုပြောပါတယ်။ “ကျနော်ရဲ့ ဂုဏ်သိက္ခာနဲ့ ပိုင်ဆိုမှုတွေက အရေးမကြီးတော့ပါဘူးဗျာ၊ ကျနော့်သမီးအတွက် ဆေးဖိုးဝါးခ

ကူညီချင်တဲ့သူတွေရှိတယ်ဆိုရင်၊ အဲဒီပိုက်ဆံတွေကို သမီးလေးအတွက်ပဲ အကုန်သုံးမယ်လို့ ကတိပေးရဲပါတယ်ဗျ ာလို့ပြောဆိုခဲ့ပါတယ်။ လတ်တလော တရုတ်လူမှုကွန်ယက်တွေပေါ်မှာတော့ မေတ္တာကြီးမားလှတဲ့ ဖခင်တစ်ယောက်အဖြစ် လေးစားဂုဏ်ပြုနေကြတဲ့အချိန် မှာတော့ Guo တစ်ယောက် သူ့သမီးလေးဆေးဖိုးအတွက် အကူအညီပေးမယ့်သူတွေနဲ့

လှူဒါန်းလာမယ့်ဆေးကုသစားရိတ်တွေကိုမျော်လင့်နေဆဲ့ပါ။ ပရိသတ်ကြီးရေ မေတ္တာတရားကြီးမားတဲ့ အဖေနဲ့ပတ်သက်တဲ့ အမှတ်တရလေးတွေရှိခဲ့ရင် မှတ်ချက်မှာပြောပေးသွားကြပါဦးနော်။

Source – shanghaiist