သူ႔သခင္ေဆးရုံတက္ေနရတာေၾကာင့္ အတြင္း၀င္ခြင့္မရဘဲ ေဆးရုံဆင္းတဲ့အထိ အေပါက္မွာေစာင့္ေနတဲ့ ေခြးကေလး

Zawgyi

ေခြးေတြက လူသားေတြရဲ႕ သစၥာအရွိဆုံးမိတ္ေဆြပဲလို႔ ေျပာၾကတယ္။ အဲဒီလို ေျပာရေလာက္တဲ့ အေၾကာင္းရင္းေတြလည္း ရွိခဲ့ပါတယ္။ အခုလည္း ေခြးေလးတစ္ေကာင္က သူ႔သခင္ ကုသမႈခံယူေနတဲ့ ေဆး႐ုံေရွ႕မွာ ၆ ရက္တိုင္တိုင္ ေစာင့္ဆိုင္းေနခဲ့ပါတယ္။ ဇန္နဝါရီလ ၁၄ ရက္က တူရကီႏိုင္ငံ အေရွ႕ေျမာက္ပိုင္း ထရက္ဇြန္ၿမိဳ႕မွာ ေနထိုင္တဲ့အမ်ိဳးသား

စီမယ္ဆန္တက္ကို အေရးေပၚလူနာတင္ကားနဲ႔ ေဆး႐ုံတင္ပို႔ခဲ့ရပါတယ္။ အဲဒီေနာက္မွာ ေခြးမေလး ဘြန္ကက္က တိုက္ခန္းထဲကေန တိုးထြက္လာၿပီး သူ႔သခင္ ေဆးကုသမႈ ခံယူေနတဲ့ Medical Park ေဆး႐ုံဝင္ေပါက္မွာ ေန႔တိုင္း ေစာင့္ဆိုင္းေနခဲ့ပါတယ္။ ေဆး႐ုံေရွ႕မွာ ေခြးမေလး ဘြန္ကက္ ေရာက္ေနတဲ့အေၾကာင္း ေဆး႐ုံဝန္ထမ္းေတြက အေၾကာင္းၾကားခဲ့လို႔

စီမယ္ဆန္တက္ရဲ႕မိသားစုက ေခြးမေလး ဘြန္ကက္ကို အိမ္ ျပန္ေခၚလာခဲ့ပါတယ္။ ဒါေပမဲ့ ေခြးမေလးက တိုက္ခန္းထဲကေန ေနာက္တစ္ခါ တိုးထြက္လာၿပီး ေဆး႐ုံဝင္ေပါက္ေရွ႕မွာ လာေစာင့္ေနခဲ့ပါတယ္။ ေခြးမေလး ဘြန္ကက္က သူ႔သခင္ ေဆး႐ုံကေန မဆင္းမခ်င္း ေဆး႐ုံေရွ႕မွာ ၆ ရက္တိတိ ေစာင့္ေနခဲ့တာပါ။ ေခြးမေလး စိတ္သက္သာရာရေစဖို႔

စီမယ္ဆန္တက္က ေဆး႐ုံ ျပတင္းေပါက္ကေန အဆက္အသြယ္ လုပ္ခဲ့ပါတယ္။ စီမယ္ဆန္တက္က ဘြန္ကက္ကို ေမြးထားတာ ၉ ႏွစ္ ရွိပါၿပီ။ အဲဒီေတာ့ ေဆး႐ုံတက္ေနခ်ိန္မွာ သူလည္း ေခြးမေလးကို လြမ္းတယ္လို႔ စီမယ္ဆန္တက္က ေျပာပါတယ္။ ေဆး႐ုံက ျပန္ဆင္းလာခ်ိန္မွာေတာ့ စီမယ္ဆန္တက္က ေဆး႐ုံဝင္ေပါက္မွာ သူ႔ကိုေစာင့္ေနတဲ့ ေခြးမေလး ဘြန္ကက္နဲ႔ ျပန္ေတြ႕ခြင့္ ရခဲ့ပါတယ္။

အခုလိုအခ်ိန္ေပးၿပီးဖတ္ရႈေပးၾကတဲ့ပရိသတ္ႀကီး အားလုံးလည္းသာယာေပ်ာ္႐ႊင္ေသာ ေန႔‌ေလးကိုပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။
Crd- Original Post

Unicode

ခွေးတွေက လူသားတွေရဲ့ သစ္စာအရှိဆုံးမိတ်ဆွေပဲလို့ ပြောကြတယ်။ အဲဒီလို ပြောရလောက်တဲ့ အကြောင်းရင်းတွေလည်း ရှိခဲ့ပါတယ်။ အခုလည်း ခွေးလေးတစ်ကောင်က သူ့သခင် ကုသမှုခံယူနေတဲ့ ဆေးရုံရှေ့မှာ ၆ ရက်တိုင်တိုင် စောင့်ဆိုင်းနေခဲ့ပါတယ်။ ဇန်နဝါရီလ ၁၄ ရက်က တူရကီနိုင်ငံ အရှေ့မြောက်ပိုင်း ထရက်ဇွန်မြို့မှာ နေထိုင်တဲ့အမျိုးသား စီမယ်ဆန်တက်ကို အရေးပေါ်လူနာတင်ကားနဲ့

ဆေးရုံတင်ပို့ခဲ့ရပါတယ်။ အဲဒီနောက်မှာ ခွေးမလေး ဘွန်ကက်က တိုက်ခန်းထဲကနေ တိုးထွက်လာပြီး သူ့သခင် ဆေးကုသမှု ခံယူနေတဲ့ Medical Park ဆေးရုံဝင်ပေါက်မှာ နေ့တိုင်း စောင့်ဆိုင်းနေခဲ့ပါတယ်။ ဆေးရုံရှေ့မှာ ခွေးမလေး ဘွန်ကက် ရောက်နေတဲ့အကြောင်း ဆေးရုံဝန်ထမ်းတွေက အကြောင်းကြားခဲ့လို့ စီမယ်ဆန်တက်ရဲ့မိသားစုက ခွေးမလေး ဘွန်ကက်ကို အိမ် ပြန်ခေါ်လာခဲ့ပါတယ်။

ဒါပေမဲ့ ခွေးမလေးက တိုက်ခန်းထဲကနေ နောက်တစ်ခါ တိုးထွက်လာပြီး ဆေးရုံဝင်ပေါက်ရှေ့မှာ လာစောင့်နေခဲ့ပါတယ်။ ခွေးမလေး ဘွန်ကက်က သူ့သခင် ဆေးရုံကနေ မဆင်းမချင်း ဆေးရုံရှေ့မှာ ၆ ရက်တိတိ စောင့်နေခဲ့တာပါ။ ခွေးမလေး စိတ်သက်သာရာရစေဖို့ စီမယ်ဆန်တက်က ဆေးရုံ ပြတင်းပေါက်ကနေ အဆက်အသွယ် လုပ်ခဲ့ပါတယ်။ စီမယ်ဆန်တက်က ဘွန်ကက်ကို မွေးထားတာ ၉ နှစ် ရှိပါပြီ။

အဲဒီတော့ ဆေးရုံတက်နေချိန်မှာ သူလည်း ခွေးမလေးကို လွမ်းတယ်လို့ စီမယ်ဆန်တက်က ပြောပါတယ်။ ဆေးရုံက ပြန်ဆင်းလာချိန်မှာတော့ စီမယ်ဆန်တက်က ဆေးရုံဝင်ပေါက်မှာ သူ့ကိုစောင့်နေတဲ့ ခွေးမလေး ဘွန်ကက်နဲ့ ပြန်တွေ့ခွင့် ရခဲ့ပါတယ်။ အခုလိုအချိန်ပေးပြီးဖတ်ရှုပေးကြတဲ့ပရိသတ်ကြီး အားလုံးလည်းသာယာပျော်ရွှင်သော နေ့‌လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Crd- Original Post