Zawgyi

မေလးရွားႏိုင္ငံ Sabah ျပည္နယ္ Ranau ၿမိဳ႕အနီးရွိ Kampung Gana မွာ ေနထိုင္တဲ့ ေမာင္ႏွမသုံးဦးဟာ သူတို႔ရဲ႕ online class အတြက္ အင္တာနက္အသုံးျပဳႏိုင္ဖို႔ ေန႔တိုင္း ေတာင္ေပၚတက္ေနရပါတယ္။ Berita Harian သတင္းအရ အသက္ ၁၂ႏွစ္အ႐ြယ္ Joshua Emmanuel Jeffery ၊ ၉ႏွစ္အ႐ြယ္ Jordon Emmanuel ႏွင့္ ၈ႏွစ္အ႐ြယ္ Joshean Emmanuel Jeffery

တို႔ေမာင္ႏွမဟာ ေန႔တိုင္း မနက္ ၈:၃၀ ကစၿပီး မီတာ ၅၀၀ ခန႔္ရွိတဲ့ အဖြားျဖစ္သူရဲ႕အိမ္ေနာက္ဘက္က ေတာင္ေပၚရွိတည္ေနရာတစ္ခုကို ေရာက္ရွိရန္ ၁၀ မိနစ္ၾကာ အခ်ိန္ယူၾကရပါတယ္။ သို႔ေပမဲ့ အဂၤလိပ္ႏွင့္တ႐ုတ္အမ်ိဳးသားေက်ာင္း (C) မွ ေျခာက္တန္းေက်ာင္းသားျဖစ္သလို ေမာင္ႏွမေတြထဲမွ အႀကီးဆုံးျဖစ္တဲ့ Joshua က ၎အေတြ႕အႀကဳံကို စိတ္လႈပ္ရွားေနဆဲျဖစ္ေၾကာင္းႏွင့္

သူ႔ႏွင့္အငယ္ေလးေတြက online မွာ ဆရာႏွင့္အတူ ၃နာရီၾကာစာသင္ဖို႔ သို႔မဟုတ္ practice လုပ္ဖို႔ ေတာင္တက္ရမည္ျဖစ္ေၾကာင္း ဆိုပါတယ္။ အေဖျဖစ္သူက ေတာင္ေပၚမွာ စာသင္လို႔ရမဲ့ ေနရာလုပ္ေပးလိုက္လို႔ အခုလို အေျခအေနျဖစ္လာေၾကာင္း ဆိုခဲ့ပါေသးတယ္။ အသက္ ၄၁ႏွစ္အ႐ြယ္ အေဖျဖစ္သူ Jeffery Joseph ကလည္း ၎ေနရာကို ၿပီးခဲ့တဲ့ ၁၅ရက္ေန႔ကမွ ၂၀၂၁

စာသင္ႏွစ္ျပန္စတဲ့အခ်ိန္က သားျဖစ္သူေတြ online class တက္ႏိုင္ဖို႔ အင္တာနက္လိုင္းမိတဲ့ေနရာရွာေပးၿပီး စာသင္ႏိုင္မဲ့ ေနရာဖန္တီးေပးခဲ့ေၾကာင္း ဆိုပါတယ္။ Jeffery တို႔မိသားစုဟာ ယခင္က Kota Kinabalu ၿမိဳ႕မွာ ေနေပမဲ့ ကေလးေတြက ယခုေနရာမွာ ေနရတာပိုအဆင္ေျပလို႔ ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလမွာ ၎ကို ျပန္ေျပာင္းလာခဲ့ၾကတာပါ။

၎႐ြာမွာ တယ္လီဖုန္းဆက္သြယ္ေရးျပႆနာေတြရွိေနတာၾကာခဲ့ၿပီျဖစ္ၿပီး အကယ္လို႔ ဖုန္းေခၚခ်င္ရင္ သို႔မဟုတ္ အင္တာနက္သုံးခ်င္ရင္ေတာ့ ႐ြာမွာ ပိုက္ဆံေပးသုံးရတဲ့ ေနရာအခ်ိဳ႕မွာဘဲ ရွိပါတယ္။ ထို႔ေၾကာင့္ အေဖျဖစ္သူက ကေလးေတြ online class တက္ဖို႔ လိုအပ္လာတဲ့အခါ သူတို႔ေတြ ေဝးေဝးလမ္းမေလွ်ာက္ရေစဖို႔ အဖြားျဖစ္သူရဲ႕အိမ္ေနာက္ရွိ ေတာင္ေပၚက

ရာဘာစိုက္ခင္းေဟာင္းတစ္ေနရာမွာဘဲ အင္တာနက္လိုင္းမိတာေၾကာင့္ ၎မွာ စခန္းခ်ေပးၿပီး အခုလို စီစဥ္ေပးခဲ့ပါတယ္။ေက်ာင္းဆရာတစ္ဦးလည္းျဖစ္တဲ့ Jeffery က သူ႔ကေလးေတြ ေအးေဆးစာသင္ႏိုင္ဖို႔ ၎ေနရာရဲ႕ပတ္ဝန္းက်င္တစ္ဝိုက္မွာ သန႔္ရွင္းေရးလုပ္ေပးၿပီး ဝါးကုလားထိုင္ႏွင့္ စာသင္စားပြခုံပါ ေဆာက္လုပ္ေပးခဲ့ေၾကာင္း ဆိုခဲ့ပါတယ္။ Jeffery ရဲ႕ကေလးေတြက ၂၀၂၁ ခုႏွစ္ရဲ႕ စာသင္ႏွစ္ကို မပ်င္းမရိဘဲ

စာျပန္သင္ႏိုင္ဖို႔ ေန႔တိုင္းေတာင္တက္ေနၾကတာကိုေတာ့ ခ်ီးက်ဴးမိပါတယ္။ ကြၽန္ေတာ္တို႔ဆီမွာလည္း သူတို႔လို စာျပန္သင္ဖို႔ စိတ္အားထက္သန္ေနတဲ့ ကေလးေတြလည္း အမ်ားႀကီးရွိေနမွာပါ။အထူးသျဖင့္ ေက်ာင္းသားအမ်ားစုဟာ လႈပ္ရွားမႈ ထိန္းခ်ဳပ္ေရးအမိန႔္ (MCO)အတြင္း အိမ္မွာဘဲေနရတဲ့အခါ မေလးရွားအာဏာပိုင္မ်ားက ၎ကိစၥကို ေလ့လာၿပီး အင္တာနက္လိုင္းမရွိေသးတဲ့ေနရာေတြကိုလည္း ျပန္လည္ျပဳျပင္ေပးလိမ့္မယ္လို႔ ေမွ်ာ္လင့္ေနမိပါတယ္။

Unicode

မလေးရှားနိုင်ငံ Sabah ပြည်နယ် Ranau မြို့အနီးရှိ Kampung Gana မှာ နေထိုင်တဲ့ မောင်နှမသုံးဦးဟာ သူတို့ရဲ့ online class အတွက် အင်တာနက်အသုံးပြုနိုင်ဖို့ နေ့တိုင်း တောင်ပေါ်တက်နေရပါတယ်။ Berita Harian သတင်းအရ အသက် ၁၂နှစ်အရွယ် Joshua Emmanuel Jeffery ၊ ၉နှစ်အရွယ် Jordon Emmanuel နှင့် ၈နှစ်အရွယ် Joshean Emmanuel Jeffery တို့မောင်နှမဟာ နေ့တိုင်း

မနက် ၈:၃၀ ကစပြီး မီတာ ၅၀၀ ခန့်ရှိတဲ့ အဖွားဖြစ်သူရဲ့အိမ်နောက်ဘက်က တောင်ပေါ်ရှိတည်နေရာတစ်ခုကို ရောက်ရှိရန် ၁၀ မိနစ်ကြာ အချိန်ယူကြရပါတယ်။ သို့ပေမဲ့ အင်္ဂလိပ်နှင့်တရုတ်အမျိုးသားကျောင်း (C) မှ ခြောက်တန်းကျောင်းသားဖြစ်သလို မောင်နှမတွေထဲမှ အကြီးဆုံးဖြစ်တဲ့ Joshua က ၎င်းအတွေ့အကြုံကို စိတ်လှုပ်ရှားနေဆဲဖြစ်ကြောင်းနှင့် သူ့နှင့်အငယ်လေးတွေက online မှာ ဆရာနှင့်အတူ

၃နာရီကြာစာသင်ဖို့ သို့မဟုတ် practice လုပ်ဖို့ တောင်တက်ရမည်ဖြစ်ကြောင်း ဆိုပါတယ်။ အဖေဖြစ်သူက တောင်ပေါ်မှာ စာသင်လို့ရမဲ့ နေရာလုပ်ပေးလိုက်လို့ အခုလို အခြေအနေဖြစ်လာကြောင်း ဆိုခဲ့ပါသေးတယ်။ အသက် ၄၁နှစ်အရွယ် အဖေဖြစ်သူ Jeffery Joseph ကလည်း ၎င်းနေရာကို ပြီးခဲ့တဲ့ ၁၅ရက်နေ့ကမှ ၂၀၂၁ စာသင်နှစ်ပြန်စတဲ့အချိန်က သားဖြစ်သူတွေ online class တက်နိုင်ဖို့

အင်တာနက်လိုင်းမိတဲ့နေရာရှာပေးပြီး စာသင်နိုင်မဲ့ နေရာဖန်တီးပေးခဲ့ကြောင်း ဆိုပါတယ်။ Jeffery တို့မိသားစုဟာ ယခင်က Kota Kinabalu မြို့မှာ နေပေမဲ့ ကလေးတွေက ယခုနေရာမှာ နေရတာပိုအဆင်ပြေလို့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ ၎င်းကို ပြန်ပြောင်းလာခဲ့ကြတာပါ။၎င်းရွာမှာ တယ်လီဖုန်းဆက်သွယ်ရေးပြဿနာတွေရှိနေတာကြာခဲ့ပြီဖြစ်ပြီး အကယ်လို့ ဖုန်းခေါ်ချင်ရင် သို့မဟုတ် အင်တာနက်သုံးချင်ရင်တော့

ရွာမှာ ပိုက်ဆံပေးသုံးရတဲ့ နေရာအချို့မှာဘဲ ရှိပါတယ်။ ထို့ကြောင့် အဖေဖြစ်သူက ကလေးတွေ online class တက်ဖို့ လိုအပ်လာတဲ့အခါ သူတို့တွေ ဝေးဝေးလမ်းမလျှောက်ရစေဖို့ အဖွားဖြစ်သူရဲ့အိမ်နောက်ရှိ တောင်ပေါ်က ရာဘာစိုက်ခင်းဟောင်းတစ်နေရာမှာဘဲ အင်တာနက်လိုင်းမိတာကြောင့် ၎င်းမှာ စခန်းချပေးပြီး အခုလို စီစဉ်ပေးခဲ့ပါတယ်။ကျောင်းဆရာတစ်ဦးလည်းဖြစ်တဲ့ Jeffery က သူ့ကလေးတွေ

အေးဆေးစာသင်နိုင်ဖို့ ၎င်းနေရာရဲ့ပတ်ဝန်းကျင်တစ်ဝိုက်မှာ သန့်ရှင်းရေးလုပ်ပေးပြီး ဝါးကုလားထိုင်နှင့် စာသင်စားပွခုံပါ ဆောက်လုပ်ပေးခဲ့ကြောင်း ဆိုခဲ့ပါတယ်။ Jeffery ရဲ့ကလေးတွေက ၂၀၂၁ ခုနှစ်ရဲ့ စာသင်နှစ်ကို မပျင်းမရိဘဲ စာပြန်သင်နိုင်ဖို့ နေ့တိုင်းတောင်တက်နေကြတာကိုတော့ ချီးကျူးမိပါတယ်။ ကျွန်တော်တို့ဆီမှာလည်း သူတို့လို

စာပြန်သင်ဖို့ စိတ်အားထက်သန်နေတဲ့ ကလေးတွေလည်း အများကြီးရှိနေမှာပါ။အထူးသဖြင့် ကျောင်းသားအများစုဟာ လှုပ်ရှားမှု ထိန်းချုပ်ရေးအမိန့် (MCO)အတွင်း အိမ်မှာဘဲနေရတဲ့အခါ မလေးရှားအာဏာပိုင်များက ၎င်းကိစ္စကို လေ့လာပြီး အင်တာနက်လိုင်းမရှိသေးတဲ့နေရာတွေကိုလည်း ပြန်လည်ပြုပြင်ပေးလိမ့်မယ်လို့ မျှော်လင့်နေမိပါတယ်။