Zawgyi





Photo – Credit

Credit – People Media

Unicode

တိုက်ကြီးမြို့နယ်တွင် ဖြစ်ပွားခဲ့သော ဆိုင်ကယ်စီးလာသူတစ်ဦးမှ စွန်လွှတ်ရာတွင် ဓာတ်ကြိုးနှင့် ငြိကာပြတ် ကျနေသော မှန်စာအပ်ချည်ဖြင့် လည်ပင်းရစ်ပတ်၍ ဆုံးခဲ့ခြင်းကိစ္စနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဈေးဆိုင်များတွင် စွန်များ၊ မှန်စာအပ်ချည်ကြိုးများ မရောင်းချရန် ထုတ်ပြန်ကြေညာသည်။

အဆိုပါ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ လိုက်နာခြင်း မရှိပါကလဲ ရာဇသတ်ကြီးပုဒ်မ ၁၈၈ (ပြည်သူ့ဝန်ထမ်းကနည်းလမ်းတကျ ထုတ်ပြန်ကြေညာသောအမိန့်ကို ဖီဆန်ခြင်း) အရအရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာ ချက်တွင်ပါဝင်သည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များတွင် စွန်လွှတ်ခြင်းကြောင့်စေသည့်အတွက်ကြောင့်ဖြစ်ကြောင်း

ထုတ်ပြန်ကြေ ညာချက်အရ သိရသည်။ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၈၈ အရ ပြည်သူ့ဝန်ထမ်းက နည်းလမ်းတကျ ထုတ် ပြန်ကြေညာသောအမိန့်ကို ဖီဆန်ခြင်းသည်အနိမ့်ဆုံးထောင်ဒဏ် ထောင်ဒဏ် တစ်လမှ ထောင် ဒဏ် ၆ လ အထိ သို့မဟုတ် ဒဏ်ငွေ ချမှတ်နိုင်ပြီး ဒဏ်နှစ်ရပ်လုံးသတ်မှတ်နိုင်ကြောင်း သိရသည်။

အထက်ပါ အမိန့်ညွှန်ကြားချက်အား ဇန်ဝါရီ ၁၉ ရက်နေ့တွင်လက်မှတ်ရေးခဲ့ပြီး၊ အမိန့်ကို ကန့်ကွက်ပယ် ဖျက်သည့် အမိန့်တစ်စုံတစ်ရာ မထုတ်ပြန်ခြင်းအမိန့်သည် အတည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

Photo – Credit

Credit – People Media