Zawgyi

မေန႔က အိမ္ေဆာက္ခ်င္သူမ်ားႏွင့္ ေဆာက္လုပ္ေရးလုပ္သားမ်ားအဖြဲ႕ဟုဆိုေသာ Facebook Page မွာ ၂ ထပ္အိမ္တစ္လုံး သိန္း၁၅၀ ႏွင့္ေဆာက္ေပးမည္ဆိုေသာ Post တစ္ခုေတြ႕ရပါတယ္ ။ ၾကည့္လိုက္ေတာ့ အိမ္က Hollow Member လို႔ေခၚတဲ့ အလွဆင္ဖို႔အတြက္သာ အသုံးျပဳရန္သင့္ေတာ္တဲ့ ေဟာ္လိုေတြနဲ႔ အေဆာက္အဦးရဲ႕ Structure ေတြကိုဖြဲ႕စည္းထားတာေတြ႕ရပါတယ္။

လုပ္ရဲလြန္းေပစြ မ်က္ကန္းတေစၦမေၾကာက္လို႔သာ က်ေနာ္မွတ္ခ်က္ခ်မိပါတယ္။ ေအာက္က comments ေတြဆက္ဖတ္ၾကည့္ေတာ့ ဒါမ်ိဳးေဆာက္လာတာ အလုံး ၂၀ ခန႔္ရွိၿပီး အဆင္ေျပပါတယ္လို႔ Post ပိုင္ရွင္ကျပန္ေျပာထားတာေတြ႕ရပါတယ္။ အဲ့ Comments ထဲမွာပဲ အဲ့လိုအိမ္နားမွာေနဖူးတဲ့သူတစ္ေယာက္က အဲ့အိမ္ကိုတက္လိုက္ရင္ က်ိက်ိနဲ႔ျမည္ေနေၾကာင္း၊

လူတက္တာႏွင့္ပင္ လႈပ္ေနေၾကာင္းComments ေရးသားထားတာေတြ႕ရပါတယ္။ က်ေနာ္အင္ဂ်င္နီယာတစ္ေယာက္အေနနဲ႔ကေတာ့ ဒီလိုအေဆာက္အဦးဟာ လုံးဝစိတ္မခ်ရပါဖူး။ ဘာလို႔လဲဆိုေတာ့ Hollow Member ေတြရဲ႕အထူဟာ 1.2mm က်ေနာ္တို႔လက္သည္းခြံရဲ႕အထူေလာက္ပဲရွိတာေၾကာင့္ပါ။ ဒါေတြကို အလွဆင္တဲ့ေနရာ ဥပမာ အခန္းကာဖို႔ေလာက္သုံးဖို႔ထုတ္ထားတာပါ။

ဒါကို အိမ္ေဆာက္ရာမွာသုံးတဲ့အခါ ၊ သက္ဆိုင္ရာ ဒီဇိုင္းေသခ်ာမတြက္တဲ့အခါမွာ အိမ္ရွင္ေတြအသက္အႏၲရာယ္စိုးရိမ္ရတဲ့အထိ ၿပိဳက်မႈေတြျဖစ္ႏိုင္ပါတယ္။ ဆိုပါစို႔ သစ္သားေပတံတစ္ေခ်ာင္းကိုေကြးၾကည့္တဲ့အခါ သူ႔ရဲ႕သက္ဆိုင္ရာခံႏိုင္ရည္ရွိတဲ့အထိေတာ့ ခံေနမွာျဖစ္ၿပီး သူ႔ရဲ႕ခံႏိုင္ရည္ေက်ာ္တဲ့အခါ က်ိဳးသြားမွာပါ။ က်ေနာ္တို႔အခုေဆာက္ထားတဲ့ အိမ္ေတြမပ်က္ဆီးေသးတာဟာ

သက္ဆိုင္ရာ Load(ဝန္) မျပည့္ေသးလို႔ပါ။ ထူးျခားတဲ့ ငလ်င္၊ ေလမုန္တိုင္းေတြမလာေသးလို႔ပါ။ က်ေနာ္တို႔က ဘယ္အခ်ိန္ျဖစ္မယ္မွန္းမသိတဲ့ ငလ်င္၊မုန္တိုင္းဒဏ္ေတြကို ႀကိဳတင္စဥ္းစားတဲ့ အင္ဂ်င္နီယာေတြပါ ။ ျမန္မာျပည္ဟာ ပထဝီအေနအထားအရကို ထူးျခားႀကီးမားတဲ့ ငလ်င္ေတြလာႏိုင္တဲ့ေနရာမွာရွိပါတယ္။ ေနာက္တစ္ခုက က်ေနာ္တို႔ရဲ႕အိမ္ေတြမွာ

ၾကာလာတဲ့အခါမွာ ခံႏိုင္ရည္က်လာပါတယ္။ ဒါကိုေတာ့ Fatigue လို႔ေခၚပါတယ္။ ဥပမာ စာဖတ္သူက ဆန္အိတ္တစ္အိတ္ကို ထမ္းႏိုင္တယ္ဆိုပါစို႔၊ ေနာက္ထပ္ ၁၅ မိနစ္ၾကာတဲ့အခါမွာ ဒူးေတြတုန္လာပါၿပီ။ ဘာလို႔ပါလဲ။ ဆန္အိတ္ရဲ႕အေလးခ်ိန္ကတိုးလာျခင္းမရွိေပ လူကေညာင္းလာတာ။ ဒါကို Fatigue လို႔ေခၚပါတယ္။ က်နာ္တို႔အေဆာက္အဦးေတြမွာလည္းဒီလို Fatigue ရွိပါတယ္။

ပုံမွန္အေဆာက္အဦးတစ္ခုဟာ ႏွစ္ ၅၀ ေလာက္အသုံးျပဳလို႔ရပါတယ္။ ဒါအျပင္ လူေတြေနတဲ့အေလးခ်ိန္ေတြ၊ သဘာဝေဘး ငလ်င္၊ ေလမုန္တိုင္းဒဏ္ေတြကိုပါ လူေတြအသက္အႏၲရာယ္မျဖစ္ေအာင္ကာကြယ္ေပးႏိုင္သည္။ ဆက္ေျပာရရင္ က်ေနာ္တို႔ဒါမ်ိဳးအေဆာက္အဦးေတြေဆာက္ေနတာကို ဥပေဒျဖင့္ ကာကြယ္ေပးသင့္သည္။ အိမ္တည္ေဆာက္ခ်င္ေသာ အိမ္ရွင္ဆိုသည္မွာ ေဆာက္လုပ္ေရးနည္းပညာကို

နားလည္သူျဖစ္ႏိုင္သလို၊ နားမလည္သူလည္းျဖစ္ႏိုင္သည္။ တခ်ိဳ႕အိမ္ရွင္မ်ားက သက္ဆိုင္ရာ Professional (ဗိသုကာ၊ ဒီဇိုင္းအင္ဂ်င္နီယာ၊ေဆာက္လုပ္ေရး အင္ဂ်င္နီယာစသည္ ) မ်ားကိုဆက္သြယ္ၿပီး တိုင္ပင္ကာေဆာက္လုပ္ၾကသည္။ ထိုက္တန္တဲ့ Professional fees ေၾကာင့္ ထိုက္တန္တဲ့ Design နဲ႔ ခိုင္ခံ့လွပ သက္သာေသာ အေဆာက္အဦးမ်ားရၾကသည္။

သို႔ေသာ္တခ်ိဳ႕အိမ္ရွင္မ်ားက ေဈးသက္သာရာရွာၾကရင္း ကိုယ့္နားအၿမဲရွိမယ့္ ခ်ိန္ကိုက္ဗုံးတစ္လုံးဝယ္မိၾကသည္။ ဘယ္အခ်ိန္ထေပါက္ၿပီး ကိုယ့္ကိုဒုကၡေပးမလဲမသိ ႏွစ္ ၅၀ ေလာက္ကိုယ္ေနမယ့္အိမ္က အစေကာင္းမွအေႏွာင္းေသခ်ာဆိုေသာ စကားပုံအတိုင္း ေသခ်ာလုပ္မွသာ ႏွစ္ ၅၀ လွည့္မၾကည့္ပဲေနရမည္ျဖစ္သည္။ အခုေတြ႕မိေတာ့ က်ေနာ္တို႔

အင္ဂ်င္နီယာအျဖစ္ရပ္တည္လို႔ရေနသည္ကိုက ကံေကာင္းသည္ဟုဆိုႏိုင္သည္။ အေတာ္မ်ားမ်ားက အင္ဂ်င္နီယာမပါပဲေဆာက္လိုက္ၾကသည္ကမ်ားသည္။ က်ေနာ္တို႔ကိုအပ္လွ်င္ေတာ့ အင္ဂ်င္နီယာ ဒီဇိုင္းသာရမည္ျဖစ္သည္ တေလာကပင္ အိမ္ရွင္တစ္ေယာက္က က်ေနာ္တို႔တြက္ေပးတာ မ်ားလြန္းသည္… မတတ္နိင္ပါဆိုၿပီး အရပ္ပန္းရံႏွင့္ေဆာက္ပါေတာ့မည္ဟုေျပာလာသည္ရွိသည္။

က်ေနာ္တို႔ကေတာ့ စိတ္မခ်ရပါ ပိုက္ဆံေလာေလာဆယ္မတတ္နိင္လွ်င္ အထပ္ေလ်ာ့ၿပီး ေဆာက္ ၊ ေနာင္စီးပြားေရးအဆင္ေျပလာေတာ့ အထပ္ထပ္တက္ပါဆိုၿပီး အႀကံေပးလိုက္ရသည္ ။ အိမ္ရွင္ေဆာက္မည့္ေျမက အေတာ္ဆိုးေနတာ Soil test လုပ္ၾကည့္ေတာ့က်ေနာ္တို႔ကျမင္ေနရသည္။ ေနာက္တစ္ခုက အာဏာပိုင္အဖြဲ႕အစည္းက အရည္အေသြးမမွီ၊

လူ႔အသက္အႏၲရာယ္ရွိေသာ အေဆာက္အဦးမ်ားကို တည္ေဆာက္ခြင့္မေပးျခင္း၊ တည္ေဆာက္လွ်င္လဲ ရပ္ခိုင္း၊ ျပဳျပင္၊ တည္ေဆာက္သူကို ဥပေဒအရအေရုးယူသင့္သည္။ ဒါကိုက်ပ္က်ပ္မတ္မတ္လုပ္ႏိုင္မွျဖစ္လိမ့္မည္ဟု ယခုထင္ျမင္မိလာပါၿပီ ။ ဒီလိုဆိုအေစာကတည္းက ေကာင္းေအာင္လုပ္ႏိုင္ေတာ့မည္ျဖစ္သည္။ ဒါကိုက်ေနာ္က Enforcement ဟုေျပာခ်င္ပါတယ္။

ဒါ့အျပင္ ေဆာက္လုပ္ေရးလုပ္ေနတဲ့အဖြဲ႕မ်ားကလည္း မိမိကြၽမ္းက်င္လိမၼာေသာ အပိုင္းတြင္သာ လုပ္ကိုင္ေစခ်င္သည္။ က်ေနာ္တို႔ အခုတေလာေလးကမွ Beam ေတြမွာ အက္ေၾကာင္းေတြေပၚေနေသာ၊ ေလွကားေတြမွာအက္ေၾကာင္းေတြေပၚေနေသာ၊ အေဆာက္အဦးေပၚတက္လိုက္လွ်င္ကို သိသိသာသာ လႈပ္ေနေသာ အေဆာက္အဦးမ်ား(Steel Structure အေဆာက္အဦးေတြမွာ ျဖစ္တာမ်ားသည္)

ကိုျပန္ၿပီး ျပဳျပင္ေပးရတာ မ်ားပါၿပီ။ အရင္လူမ်ားလုပ္ခဲ့တဲ့အမွားမ်ားကို တာဝန္ခံၿပီးလိုက္ျပင္ရသည့္သေဘာ လုပ္တာေတာ့မလုပ္ခ်င္။ သူမ်ားတံေတြးေပါက္ကိုယ္မၿမိဳလို။ ဒါေပမယ့္ အိမ္ရွင္ေတြရဲ႕ ဗဟုသုတနည္းပါးမႈအေပၚ ေၾကာ္ညာအားေကာင္းေကာင္းနဲ႔လုပ္သြားတာကို ပစ္ထားရေအာင္ က်ေနာ္လည္းအသည္းမမာေပ။ က်ေနာ္ အိမ္ေတြလိုက္ၾကည့္ လိုအပ္တာေတြတြက္ခ်က္ၿပီး

စိတ္ခ်ရတဲ့ အေဆာက္အဦးေဆာက္လုပ္တဲ့သူကိုအပ္ၿပီး ျပဳျပင္ေစသည္ ။ Retrofit လုပ္ေပးသည္ေပါ့။ က်ေနာ္အျမင္က်ေနာ္တို႔ကို Professional Fees ေပးရ ၊ ျပဳျပင္ရသည့္ကုန္က်စရိတ္ေတြလည္းရွိသည္။ အဓိကက စိုးရိမ္ပူပန္ရသည့္စိတ္ျဖစ္သည္ ပိုင္ရွင္စီးပြားေရးေကာင္းေကာင္းလုပ္လို႔မရေပ။ ဒါ့ေၾကာင့္ ၂ ခါကုန္၊စိတ္ပင္ပန္းမျဖစ္ရေအာင္သက္ဆိုင္ရာ ကြၽမ္းက်င္သူနဲ႔အေဆာက္အဦးေဆာက္လုပ္ေစခ်င္ပါတယ္ခင္ဗ်ား။

Engr.Kyaw Thu Naing 23.1.2021

Unicode

မနေ့က အိမ်ဆောက်ချင်သူများနှင့် ဆောက်လုပ်ရေးလုပ်သားများအဖွဲ့ဟုဆိုသော Facebook Page မှာ ၂ ထပ်အိမ်တစ်လုံး သိန်း၁၅၀ နှင့်ဆောက်ပေးမည်ဆိုသော Post တစ်ခုတွေ့ရပါတယ် ။ ကြည့်လိုက်တော့ အိမ်က Hollow Member လို့ခေါ်တဲ့ အလှဆင်ဖို့အတွက်သာ အသုံးပြုရန်သင့်တော်တဲ့ ဟော်လိုတွေနဲ့ အဆောက်အဦးရဲ့ Structure တွေကိုဖွဲ့စည်းထားတာတွေ့ရပါတယ်။

လုပ်ရဲလွန်းပေစွ မျက်ကန်းတစ္ဆေမကြောက်လို့သာ ကျနော်မှတ်ချက်ချမိပါတယ်။ အောက်က comments တွေဆက်ဖတ်ကြည့်တော့ ဒါမျိုးဆောက်လာတာ အလုံး ၂၀ ခန့်ရှိပြီး အဆင်ပြေပါတယ်လို့ Post ပိုင်ရှင်ကပြန်ပြောထားတာတွေ့ရပါတယ်။ အဲ့ Comments ထဲမှာပဲ အဲ့လိုအိမ်နားမှာနေဖူးတဲ့သူတစ်ယောက်က အဲ့အိမ်ကိုတက်လိုက်ရင် ကျိကျိနဲ့မြည်နေကြောင်း၊ လူတက်တာနှင့်ပင်

လှုပ်နေကြောင်းComments ရေးသားထားတာတွေ့ရပါတယ်။ ကျနော်အင်ဂျင်နီယာတစ်ယောက်အနေနဲ့ကတော့ ဒီလိုအဆောက်အဦးဟာ လုံးဝစိတ်မချရပါဖူး။ ဘာလို့လဲဆိုတော့ Hollow Member တွေရဲ့အထူဟာ 1.2mm ကျနော်တို့လက်သည်းခွံရဲ့အထူလောက်ပဲရှိတာကြောင့်ပါ။ ဒါတွေကို အလှဆင်တဲ့နေရာ ဥပမာ အခန်းကာဖို့လောက်သုံးဖို့ထုတ်ထားတာပါ။ ဒါကို အိမ်ဆောက်ရာမှာသုံးတဲ့အခါ ၊

သက်ဆိုင်ရာ ဒီဇိုင်းသေချာမတွက်တဲ့အခါမှာ အိမ်ရှင်တွေအသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ ပြိုကျမှုတွေဖြစ်နိုင်ပါတယ်။ ဆိုပါစို့ သစ်သားပေတံတစ်ချောင်းကိုကွေးကြည့်တဲ့အခါ သူ့ရဲ့သက်ဆိုင်ရာခံနိုင်ရည်ရှိတဲ့အထိတော့ ခံနေမှာဖြစ်ပြီး သူ့ရဲ့ခံနိုင်ရည်ကျော်တဲ့အခါ ကျိုးသွားမှာပါ။ ကျနော်တို့အခုဆောက်ထားတဲ့ အိမ်တွေမပျက်ဆီးသေးတာဟာ သက်ဆိုင်ရာ Load(ဝန်) မပြည့်သေးလို့ပါ။

ထူးခြားတဲ့ ငလျင်၊ လေမုန်တိုင်းတွေမလာသေးလို့ပါ။ ကျနော်တို့က ဘယ်အချိန်ဖြစ်မယ်မှန်းမသိတဲ့ ငလျင်၊မုန်တိုင်းဒဏ်တွေကို ကြိုတင်စဉ်းစားတဲ့ အင်ဂျင်နီယာတွေပါ ။ မြန်မာပြည်ဟာ ပထဝီအနေအထားအရကို ထူးခြားကြီးမားတဲ့ ငလျင်တွေလာနိုင်တဲ့နေရာမှာရှိပါတယ်။ နောက်တစ်ခုက ကျနော်တို့ရဲ့အိမ်တွေမှာ ကြာလာတဲ့အခါမှာ ခံနိုင်ရည်ကျလာပါတယ်။ ဒါကိုတော့ Fatigue လို့ခေါ်ပါတယ်။

ဥပမာ စာဖတ်သူက ဆန်အိတ်တစ်အိတ်ကို ထမ်းနိုင်တယ်ဆိုပါစို့၊ နောက်ထပ် ၁၅ မိနစ်ကြာတဲ့အခါမှာ ဒူးတွေတုန်လာပါပြီ။ ဘာလို့ပါလဲ။ ဆန်အိတ်ရဲ့အလေးချိန်ကတိုးလာခြင်းမရှိပေ လူကညောင်းလာတာ။ ဒါကို Fatigue လို့ခေါ်ပါတယ်။ ကျနာ်တို့အဆောက်အဦးတွေမှာလည်းဒီလို Fatigue ရှိပါတယ်။ ပုံမှန်အဆောက်အဦးတစ်ခုဟာ နှစ် ၅၀ လောက်အသုံးပြုလို့ရပါတယ်။

ဒါအပြင် လူတွေနေတဲ့အလေးချိန်တွေ၊ သဘာဝဘေး ငလျင်၊ လေမုန်တိုင်းဒဏ်တွေကိုပါ လူတွေအသက်အန္တရာယ်မဖြစ်အောင်ကာကွယ်ပေးနိုင်သည်။ ဆက်ပြောရရင် ကျနော်တို့ဒါမျိုးအဆောက်အဦးတွေဆောက်နေတာကို ဥပဒေဖြင့် ကာကွယ်ပေးသင့်သည်။ အိမ်တည်ဆောက်ချင်သော အိမ်ရှင်ဆိုသည်မှာ ဆောက်လုပ်ရေးနည်းပညာကို နားလည်သူဖြစ်နိုင်သလို၊ နားမလည်သူလည်းဖြစ်နိုင်သည်။

တချို့အိမ်ရှင်များက သက်ဆိုင်ရာ Professional (ဗိသုကာ၊ ဒီဇိုင်းအင်ဂျင်နီယာ၊ဆောက်လုပ်ရေး အင်ဂျင်နီယာစသည် ) များကိုဆက်သွယ်ပြီး တိုင်ပင်ကာဆောက်လုပ်ကြသည်။ ထိုက်တန်တဲ့ Professional fees ကြောင့် ထိုက်တန်တဲ့ Design နဲ့ ခိုင်ခံ့လှပ သက်သာသော အဆောက်အဦးများရကြသည်။ သို့သော်တချို့အိမ်ရှင်များက ဈေးသက်သာရာရှာကြရင်း ကိုယ့်နားအမြဲရှိမယ့် ချိန်ကိုက်ဗုံးတစ်လုံးဝယ်မိကြသည်။

ဘယ်အချိန်ထပေါက်ပြီး ကိုယ့်ကိုဒုက္ခပေးမလဲမသိ နှစ် ၅၀ လောက်ကိုယ်နေမယ့်အိမ်က အစကောင်းမှအနှောင်းသေချာဆိုသော စကားပုံအတိုင်း သေချာလုပ်မှသာ နှစ် ၅၀ လှည့်မကြည့်ပဲနေရမည်ဖြစ်သည်။ အခုတွေ့မိတော့ ကျနော်တို့ အင်ဂျင်နီယာအဖြစ်ရပ်တည်လို့ရနေသည်ကိုက ကံကောင်းသည်ဟုဆိုနိုင်သည်။ အတော်များများက အင်ဂျင်နီယာမပါပဲဆောက်လိုက်ကြသည်ကများသည်။ ကျနော်တို့ကိုအပ်လျှင်တော့

အင်ဂျင်နီယာ ဒီဇိုင်းသာရမည်ဖြစ်သည် တလောကပင် အိမ်ရှင်တစ်ယောက်က ကျနော်တို့တွက်ပေးတာ များလွန်းသည်… မတတ်နိင်ပါဆိုပြီး အရပ်ပန်းရံနှင့်ဆောက်ပါတော့မည်ဟုပြောလာသည်ရှိသည်။ ကျနော်တို့ကတော့ စိတ်မချရပါ ပိုက်ဆံလောလောဆယ်မတတ်နိင်လျှင် အထပ်လျော့ပြီး ဆောက် ၊ နောင်စီးပွားရေးအဆင်ပြေလာတော့ အထပ်ထပ်တက်ပါဆိုပြီး အကြံပေးလိုက်ရသည် ။ အိမ်ရှင်ဆောက်မည့်မြေက

အတော်ဆိုးနေတာ Soil test လုပ်ကြည့်တော့ကျနော်တို့ကမြင်နေရသည်။ နောက်တစ်ခုက အာဏာပိုင်အဖွဲ့အစည်းက အရည်အသွေးမမှီ၊ လူ့အသက်အန္တရာယ်ရှိသော အဆောက်အဦးများကို တည်ဆောက်ခွင့်မပေးခြင်း၊ တည်ဆောက်လျှင်လဲ ရပ်ခိုင်း၊ ပြုပြင်၊ တည်ဆောက်သူကို ဥပဒေအရအရေုးယူသင့်သည်။ ဒါကိုကျပ်ကျပ်မတ်မတ်လုပ်နိုင်မှဖြစ်လိမ့်မည်ဟု ယခုထင်မြင်မိလာပါပြီ ။ ဒီလိုဆိုအစောကတည်းက

ကောင်းအောင်လုပ်နိုင်တော့မည်ဖြစ်သည်။ ဒါကိုကျနော်က Enforcement ဟုပြောချင်ပါတယ်။ ဒါ့အပြင် ဆောက်လုပ်ရေးလုပ်နေတဲ့အဖွဲ့များကလည်း မိမိကျွမ်းကျင်လိမ္မာသော အပိုင်းတွင်သာ လုပ်ကိုင်စေချင်သည်။ ကျနော်တို့ အခုတလောလေးကမှ Beam တွေမှာ အက်ကြောင်းတွေပေါ်နေသော၊ လှေကားတွေမှာအက်ကြောင်းတွေပေါ်နေသော၊ အဆောက်အဦးပေါ်တက်လိုက်လျှင်ကို သိသိသာသာ လှုပ်နေသော

အဆောက်အဦးများ(Steel Structure အဆောက်အဦးတွေမှာ ဖြစ်တာများသည်) ကိုပြန်ပြီး ပြုပြင်ပေးရတာ များပါပြီ။ အရင်လူများလုပ်ခဲ့တဲ့အမှားများကို တာဝန်ခံပြီးလိုက်ပြင်ရသည့်သဘော လုပ်တာတော့မလုပ်ချင်။ သူများတံတွေးပေါက်ကိုယ်မမြိုလို။ ဒါပေမယ့် အိမ်ရှင်တွေရဲ့ ဗဟုသုတနည်းပါးမှုအပေါ် ကြော်ညာအားကောင်းကောင်းနဲ့လုပ်သွားတာကို ပစ်ထားရအောင်

ကျနော်လည်းအသည်းမမာပေ။ ကျနော် အိမ်တွေလိုက်ကြည့် လိုအပ်တာတွေတွက်ချက်ပြီး စိတ်ချရတဲ့ အဆောက်အဦးဆောက်လုပ်တဲ့သူကိုအပ်ပြီး ပြုပြင်စေသည် ။ Retrofit လုပ်ပေးသည်ပေါ့။ ကျနော်အမြင်ကျနော်တို့ကို Professional Fees ပေးရ ၊ ပြုပြင်ရသည့်ကုန်ကျစရိတ်တွေလည်းရှိသည်။ အဓိကက စိုးရိမ်ပူပန်ရသည့်စိတ်ဖြစ်သည် ပိုင်ရှင်စီးပွားရေးကောင်းကောင်းလုပ်လို့မရပေ။ ဒါ့ကြောင့် ၂ ခါကုန်၊စိတ်ပင်ပန်းမဖြစ်ရအောင်သက်ဆိုင်ရာ ကျွမ်းကျင်သူနဲ့အဆောက်အဦးဆောက်လုပ်စေချင်ပါတယ်ခင်ဗျား။

Engr.Kyaw Thu Naing 23.1.2021