Zawgyi

တစ္ဦးတည္းအလႉရွင္ျဖင့္ တည္ထားေသာျမန္မာႏိုင္ငံ၏တတိယအႀကီးဆုံး႐ုပ္ပြားေတာ္..မဇၨ်ိမလာဘေဗာဓိထိုင္ေတာ္မူ႐ုပ္ပြားေတာ္ျမတ္ႀကီးကို၂၀၁၅ ခုႏွစ္မွစ၍ မဇၨိမမေနာသုခေဖာင္ေဒးရွင္းသီရိသုဓမၼသိဂႌဘြဲ႕ရ ေဒၚျမရွင္ မွတစ္ဦးတည္းအလႉရွင္အျဖစ္ တည္ခဲ့ရာ ယခုတြင္ ၉၀% ၿပီးစီးေနၿပီျဖစ္ေၾကာင္း သိရပါတယ္။

႐ုပ္ပြားေတာ္ျမတ္ႀကီး၏ ဉာဏ္ေတာ္မွာ(၁၀၈)ေပရွိၿပီးပလႅင္ေတာ္မွာ(၁၅)ေပအျမင့္ရွိပါတယ္။ ႐ုပ္ပြားေတာ္ျမတ္ႀကီးသည္ ကခ်င္ျပည္နယ္ ၊ ျမစ္ႀကီးနားၿမိဳ႕၊ပလနေက်း႐ြာအုပ္စု ပလန-(၂) ကံ့ေကာ္ၿမိဳင္ေက်း႐ြာမဇၨ်ိမမေနာသုခ‌ေဖာင္ေဒးရွင္းေက်ာင္း၀င္းအတြင္း တည္ရွိပါတယ္။ ကုန္က်မႈတန္ဖိုးက်ပ္သိန္း(၄၀၀၀၀)ခန႔္ျဖင့္တည္ထားကိုးကြယ္ခဲ့သည့္

တစ္ဦးတည္းအလႉရွင္ဒကာမႀကီး၏ ကုသိုလ္အတြက္လည္းအံ့ဩ၀မ္းသာမဆုံး ပီတိျဖစ္ရလို႔လည္းသာဓုအႀကိမ္ႀကိမ္ေခၚမိပါတယ္။ ဘုရားဖူးဧည့္သည္မ်ားျဖင့္ ၾကက္ပ်ံမက် စည္ကားေနၿပီျဖစ္ေသာမဇၨ်ိမလာဘ ေဗာဓိထိုင္ေတာ္မူ႐ုပ္ပြားေတာ္ႀကီးကိုဓမၼမိတ္ေဆြမ်ားမွလည္းကပ္ေရာဂါကာလႀကီးလြန္ေျမာက္သြားခဲ့လွ်င္ကခ်င္ျပည္နယ္သို႔ လာေရာက္၍ဖူးေမွ်ာ္ၾကည္ညိဳၾကပါဦးလို႔ဖိတ္ေခၚလိုက္ပါရေစ။ မသုနႏၵာေထရီ(ဗန္းေမာ္)

Unicode

တစ်ဦးတည်းအလှူရှင်ဖြင့် တည်ထားသောမြန်မာနိုင်ငံ၏တတိယအကြီးဆုံးရုပ်ပွားတော်..မဇ္ဇျိမလာဘဗောဓိထိုင်တော်မူရုပ်ပွားတော်မြတ်ကြီးကို၂၀၁၅ ခုနှစ်မှစ၍ မဇ္ဇိမမနောသုခဖောင်ဒေးရှင်းသီရိသုဓမ္မသိင်္ဂီဘွဲ့ရ ဒေါ်မြရှင် မှတစ်ဦးတည်းအလှူရှင်အဖြစ် တည်ခဲ့ရာ ယခုတွင် ၉၀% ပြီးစီးနေပြီဖြစ်ကြောင်း သိရပါတယ်။

ရုပ်ပွားတော်မြတ်ကြီး၏ ဉာဏ်တော်မှာ(၁၀၈)ပေရှိပြီးပလ္လင်တော်မှာ(၁၅)ပေအမြင့်ရှိပါတယ်။ ရုပ်ပွားတော်မြတ်ကြီးသည် ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့၊ပလနကျေးရွာအုပ်စု ပလန-(၂) ကံ့ကော်မြိုင်ကျေးရွာမဇ္ဇျိမမနောသုခ‌ဖောင်ဒေးရှင်းကျောင်း၀င်းအတွင်း တည်ရှိပါတယ်။ ကုန်ကျမှုတန်ဖိုးကျပ်သိန်း(၄၀၀၀၀)ခန့်ဖြင့်တည်ထားကိုးကွယ်ခဲ့သည့်

တစ်ဦးတည်းအလှူရှင်ဒကာမကြီး၏ ကုသိုလ်အတွက်လည်းအံ့ဩ၀မ်းသာမဆုံး ပီတိဖြစ်ရလို့လည်းသာဓုအကြိမ်ကြိမ်ခေါ်မိပါတယ်။ ဘုရားဖူးဧည့်သည်များဖြင့် ကြက်ပျံမကျ စည်ကားနေပြီဖြစ်သောမဇ္ဇျိမလာဘ ဗောဓိထိုင်တော်မူရုပ်ပွားတော်ကြီးကိုဓမ္မမိတ်ဆွေများမှလည်းကပ်ရောဂါကာလကြီးလွန်မြောက်သွားခဲ့လျှင်ကချင်ပြည်နယ်သို့ လာရောက်၍ဖူးမျှော်ကြည်ညိုကြပါဦးလို့ဖိတ်ခေါ်လိုက်ပါရစေ။ မသုနန္ဒာထေရီ(ဗန်းမော်)