ေပ်ာ္ပြဲ႐ႊင္ပြဲေတြ ျပန္လုပ္မည္ဆိုပါက ကိုဗစ္တတိယလႈိင္းလာႏိုင္ေၾကာင္း ေဒါက္တာ ခင္ခင္ႀကီး ေျပာၿပီ

Zawgyi

ျမန္မာႏိုင္ငံ၌ လက္ရွိအခ်ိန္တြင္ ကိုဗစ္ ေရာဂါ ကူးစက္ျဖစ္ပြားမႈ ဒုတိယလႈိင္းကို ထိန္းခ်ဳပ္ႏိုင္ၿပီဟု ဆိုႏိုင္ေသာ္လည္း ေရာဂါ ကာကြယ္ေရးဆိုင္ရာ စည္းကမ္းခ်က္မ်ား လိုက္နာမႈ မရွိပါက ဒုတိယလႈိင္း မၿပီးခင္မွာပင္ တတိယလႈိင္း ျဖစ္လာႏိုင္ေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၊ ဗဟိုကူးစက္ေရာဂါ တိုက္ဖ်က္ေရးဌာနခြဲ

ၫႊန္ၾကားေရးမႉး ေဒါက္တာခင္ခင္ႀကီးက သတိေပး ေျပာၾကားလိုက္ပါတယ္။ “လက္ရွိအေျခအေနရဆိုရင္ ကြၽန္မတို႔ ထိန္းႏိုင္ေနၿပီ။ ဒုတိယလႈိင္းက အက်ဘက္ကို ဦးတည္လာၿပီ။ သို႔ေသာ္ ဒုတိယလႈိင္း အက်ဘက္ကို ဦးတည္လာတယ္ ဆိုေပမယ့္ အဲဒီလို အက်ကေန ဆက္က်ဖို႔ ေမွ်ာ္လင့္တယ္။ ဆက္က်ဖို႔ အေျခအေနမွာ စည္းကမ္းေတြ မလိုက္နာဘူး။

စုေဝးတာေတြ လုပ္တယ္။ ပန္းၿခံေတြမွာ စုေဝးတယ္။ စားေသာက္တယ္။ ပြဲေတာ္ေတြ လုပ္တယ္။ စုေပါင္းသီခ်င္းဆိုတယ္။ စုေပါင္းေပ်ာ္ပြဲ႐ႊင္ပြဲေတြ လုပ္တယ္။ အဲလိုေတြသာ ရွိလာရင္ က်ေနတဲ့ အခ်ိန္ကေနၿပီးေတာ့ ျပန္ေထာင္တက္လာႏိုင္တယ္။ ျပန္ေထာင္တက္ၿပီး ဒုတိယလႈိင္း မၿပီးခင္မွာတင္ တတိယလႈိင္းလည္း ျပန္စလာႏိုင္ပါတယ္” ဟု ေဒါက္တာခင္ခင္ႀကီးက ေျပာပါတယ္။

ျမန္မာႏိုင္ငံတြင္ ၿပီးခဲ့သည့္ရက္သတၱပတ္ကစ၍ လူ(၁၀၀)စစ္ေဆးလွ်င္ ႏွစ္ဦးခန္႔သာ ကိုဗစ္ေရာဂါပိုး ေတြ႕ရွိေတာ့ေၾကာင္း၊ ေရာဂါျဖစ္ပြားမႈ မ်ားျပားခဲ့သည့္ ရန္ကုန္တိုင္း၊ မႏၲေလးတိုင္းႏွင့္ ရခိုင္ျပည္နယ္တြင္ ေရာဂါပိုးေတြ႕ရွိမႈ က်ဆင္းလာသလို တိုင္းႏွင့္ျပည္နယ္အသီးသီးရွိ ေဆး႐ုံမ်ား၌ ကုသမႈခံယူေနသည့္ အတည္ျပဳလူနာ အေရအတြက္သည္လည္း

တစ္ေသာင္းေက်ာ္သာ ရွိေတာ့သျဖင့္ ေကာင္းမြန္သည့္ အေျခအေန ေရာက္ရွိေနၿပီဟု ေျပာႏိုင္ေၾကာင္း ၎က ဆိုပါတယ္။ ေရာဂါေတြ႕ရွိမႈ က်ဆင္းလာျခင္းသည္ စစ္ေဆးမႈအေရအတြက္ နည္းပါး၍ မဟုတ္ဘဲ ယခင္ ပုံမွန္အတိုင္သား စစ္ေဆးေနျခင္းျဖစ္ေၾကာင္း၊ ေရာဂါေတြ႕ရွိမႈ ေလ်ာ့နည္းလာသလို အတည္ျပဳလူနာ ေသဆုံးမႈသည္လည္း က်ဆင္းလာၿပီျဖစ္ေၾကာင္း၊

စစ္ေဆးေတြ႕ရွိခဲ့သည့္ ကိုဗစ္ အတည္ျပဳ လူနာမ်ားအနက္ (၈၈)ရာခိုင္ႏႈန္းခန္႔ ေရာဂါသက္သာေပ်ာက္ကင္းေအာင္ ကုသေပးႏိုင္ခဲ့ေၾကာင္း ၎က ဆက္ေျပာပါတယ္။ က်န္းမာေရး ဝန္ထမ္းမ်ားအေနျဖင့္ ကိုဗစ္ကာလ အင္အားျပည့္ ေဆာင္႐ြက္ခဲ့ရသျဖင့္ ပင္ပန္းေနၾကၿပီ ျဖစ္သလို ကပ္ေရာဂါ ျဖစ္ပြားမႈကာကြယ္ေရးအတြက္ ေငြေၾကးမ်ားစြာ သုံးစြဲရသျဖင့္

အျခားေသာ ဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ားတြင္လည္း လုပ္ေဆာင္ႏိုင္မႈ အားနည္းသြားမည္ ျဖစ္ေၾကာင္း၊ ျမန္မာႏိုင္ငံသည္ ဆင္းရဲေသာ ႏိုင္ငံျဖစ္၍ တတိယလႈိင္းသာ ျဖစ္ေပၚလာပါက ႏိုင္ငံအတြက္ အခက္အခဲမ်ားစြာ ျဖစ္ေပၚလာမည္ဟု ေဒါက္တာခင္ခင္ႀကီးက သုံးသပ္ပါတယ္။ “တတိယလႈိင္းလာလို႔ ဒီထက္ႀကီးႀကီးမားမား ျဖစ္မယ္ဆိုရင္ ႏိုင္ငံအတြက္

အမ်ားႀကီးအခက္အခဲ ရွိမယ္ဆိုတာ ေျပာလိုပါတယ္” ဟု ေဒါက္တာခင္ခင္ႀကီးက ဆိုပါတယ္။ ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO)က ၿပီးခဲ့သည့္ ရက္ပိုင္းကထုတ္ျပန္သည့္ တစ္ပတ္တာ ႏႈိင္းယွဥ္မႈအရ ကမာၻႏိုင္ငံမ်ား၏ ကိုဗစ္ ေရာဂါျဖစ္ပြားမႈသည္ ေျခာက္ရာခိုင္းႏႈန္း က်ဆင္းသြားေၾကာင္း၊

သို႔ေသာ္ အတည္ျပဳလူနာ ေသဆုံးမႈသည္ တစ္ပတ္အတြင္း ကိုးရာခိုင္ႏႈန္း ျမင့္တက္လာေၾကာင္း၊ ျမန္မာႏိုင္ငံ အပါအဝင္ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားတြင္လည္း ေရာဂါပိုးေတြ႕ရွိမႈ တစ္ရာခိုင္ႏႈန္း က်ဆင္းသြားေသာ္လည္း ေသဆုံးမႈသည္ ေလးရာခိုင္ႏႈန္း ျမင့္တက္လာသည့္အတြက္ ေပါ့ဆ၍ မရေသးသည့္ အေျခအေန ျဖစ္ေၾကာင္း ၎က ဆိုပါတယ္။

Unicode

မြန်မာနိုင်ငံ၌ လက်ရှိအချိန်တွင် ကိုဗစ် ရောဂါ ကူးစက်ဖြစ်ပွားမှု ဒုတိယလှိုင်းကို ထိန်းချုပ်နိုင်ပြီဟု ဆိုနိုင်သော်လည်း ရောဂါ ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များ လိုက်နာမှု မရှိပါက ဒုတိယလှိုင်း မပြီးခင်မှာပင် တတိယလှိုင်း ဖြစ်လာနိုင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါ

တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက သတိပေး ပြောကြားလိုက်ပါတယ်။ “လက်ရှိအခြေအနေရဆိုရင် ကျွန်မတို့ ထိန်းနိုင်နေပြီ။ ဒုတိယလှိုင်းက အကျဘက်ကို ဦးတည်လာပြီ။ သို့သော် ဒုတိယလှိုင်း အကျဘက်ကို ဦးတည်လာတယ် ဆိုပေမယ့် အဲဒီလို အကျကနေ ဆက်ကျဖို့ မျှော်လင့်တယ်။

ဆက်ကျဖို့ အခြေအနေမှာ စည်းကမ်းတွေ မလိုက်နာဘူး။ စုဝေးတာတွေ လုပ်တယ်။ ပန်းခြံတွေမှာ စုဝေးတယ်။ စားသောက်တယ်။ ပွဲတော်တွေ လုပ်တယ်။ စုပေါင်းသီချင်းဆိုတယ်။ စုပေါင်းပျော်ပွဲရွှင်ပွဲတွေ လုပ်တယ်။ အဲလိုတွေသာ ရှိလာရင် ကျနေတဲ့ အချိန်ကနေပြီးတော့ ပြန်ထောင်တက်လာနိုင်တယ်။

ပြန်ထောင်တက်ပြီး ဒုတိယလှိုင်း မပြီးခင်မှာတင် တတိယလှိုင်းလည်း ပြန်စလာနိုင်ပါတယ်” ဟု ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။ မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်ရက်သတ္တပတ်ကစ၍ လူ(၁၀၀)စစ်ဆေးလျှင် နှစ်ဦးခန့်သာ ကိုဗစ်ရောဂါပိုး တွေ့ရှိတော့ကြောင်း၊ ရောဂါဖြစ်ပွားမှု များပြားခဲ့သည့် ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနှင့်

ရခိုင်ပြည်နယ်တွင် ရောဂါပိုးတွေ့ရှိမှု ကျဆင်းလာသလို တိုင်းနှင့်ပြည်နယ်အသီးသီးရှိ ဆေးရုံများ၌ ကုသမှုခံယူနေသည့် အတည်ပြုလူနာ အရေအတွက်သည်လည်း တစ်သောင်းကျော်သာ ရှိတော့သဖြင့် ကောင်းမွန်သည့် အခြေအနေ ရောက်ရှိနေပြီဟု ပြောနိုင်ကြောင်း ၎င်းက ဆိုပါတယ်။ ရောဂါတွေ့ရှိမှု ကျဆင်းလာခြင်းသည်

စစ်ဆေးမှုအရေအတွက် နည်းပါး၍ မဟုတ်ဘဲ ယခင် ပုံမှန်အတိုင်သား စစ်ဆေးနေခြင်းဖြစ်ကြောင်း၊ ရောဂါတွေ့ရှိမှု လျော့နည်းလာသလို အတည်ပြုလူနာ သေဆုံးမှုသည်လည်း ကျဆင်းလာပြီဖြစ်ကြောင်း၊ စစ်ဆေးတွေ့ရှိခဲ့သည့် ကိုဗစ် အတည်ပြု လူနာများအနက် (၈၈)ရာခိုင်နှုန်းခန့် ရောဂါသက်သာပျောက်ကင်းအောင် ကုသပေးနိုင်ခဲ့ကြောင်း ၎င်းက ဆက်ပြောပါတယ်။

ကျန်းမာရေး ဝန်ထမ်းများအနေဖြင့် ကိုဗစ်ကာလ အင်အားပြည့် ဆောင်ရွက်ခဲ့ရသဖြင့် ပင်ပန်းနေကြပြီ ဖြစ်သလို ကပ်ရောဂါ ဖြစ်ပွားမှုကာကွယ်ရေးအတွက် ငွေကြေးများစွာ သုံးစွဲရသဖြင့် အခြားသော ဖွံ့ဖြိုးရေးလုပ်ငန်းများတွင်လည်း လုပ်ဆောင်နိုင်မှု အားနည်းသွားမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ဆင်းရဲသော နိုင်ငံဖြစ်၍ တတိယလှိုင်းသာ ဖြစ်ပေါ်လာပါက

နိုင်ငံအတွက် အခက်အခဲများစွာ ဖြစ်ပေါ်လာမည်ဟု ဒေါက်တာခင်ခင်ကြီးက သုံးသပ်ပါတယ်။ “တတိယလှိုင်းလာလို့ ဒီထက်ကြီးကြီးမားမား ဖြစ်မယ်ဆိုရင် နိုင်ငံအတွက် အများကြီးအခက်အခဲ ရှိမယ်ဆိုတာ ပြောလိုပါတယ်” ဟု ဒေါက်တာခင်ခင်ကြီးက ဆိုပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ပြီးခဲ့သည့် ရက်ပိုင်းကထုတ်ပြန်သည့် တစ်ပတ်တာ နှိုင်းယှဉ်မှုအရ ကမ္ဘာနိုင်ငံများ၏ ကိုဗစ် ရောဂါဖြစ်ပွားမှုသည်

ခြောက်ရာခိုင်းနှုန်း ကျဆင်းသွားကြောင်း၊ သို့သော် အတည်ပြုလူနာ သေဆုံးမှုသည် တစ်ပတ်အတွင်း ကိုးရာခိုင်နှုန်း မြင့်တက်လာကြောင်း၊ မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှနိုင်ငံများတွင်လည်း ရောဂါပိုးတွေ့ရှိမှု တစ်ရာခိုင်နှုန်း ကျဆင်းသွားသော်လည်း သေဆုံးမှုသည် လေးရာခိုင်နှုန်း မြင့်တက်လာသည့်အတွက် ပေါ့ဆ၍ မရသေးသည့် အခြေအနေ ဖြစ်ကြောင်း ၎င်းက ဆိုပါတယ်။