ဒါမ်ိဳးပိုစ့္ကမွ ရွယ္ရမွာ ခင္ဗ်..ဒီလိုေဂဟာကေတာ့ ျမန္မာႏိုင္ငံမွာ တကယ့္ကို ရွားရွားပါးပါးပါပဲဗ်ာ

Zawgyi

ဒါမ်ိဳးပိုစ့္က ရွယ္ရမွာ ခင္ဗ်..။ အဆုံးထိ ဖတ္ၾကည့္ေပးေနာ္ကြၽန္ေတာ္ သေဘာက်တဲ့ မိဘမဲ့ ေဂဟာေလးတစ္ခုပါ။ ဘုန္းဘုန္းက ငယ္႐ြယ္ၿပီး ေခတ္အျမင္ရွိတယ္။ ကေလးေတြကို ၾကည့္လိုက္ရင္ ေပ်ာ္႐ႊင္တက္ႂကြေနတာပဲ။ ေကြၽးတာက ဘူေဖး..အဝစား..အမုန္းဆြဲ စနစ္..ရံဖန္ရံခါ ငါးကင္စားတယ္..ဘာဘီက်ဴး လုပ္စားတယ္..

အထိမ္းအမွတ္ေန႔ေတြဆို ေပ်ာ္ပြဲစားလုပ္တယ္..အစားအေသာက္ကေတာ့ အလွ်ံအပယ္ပဲ။ ေဂဟာမွာပဲ စာသင္ေပးတဲ့အျပင္ကေလးေတြအတြက္ ဂီတ သင္တန္းရွိတယ္..အဆို ၊ အတီး ၊ အက ဆရာေတြကိုေခၚၿပီး ေသေသခ်ာခ်ာ သင္တာ..ကေလးေတြ တကယ္တီးတတ္ ဆိုတတ္တယ္။ တူရိယာပစၥည္းေတြလည္း စုံေနတာပဲ။

အခု ေဆာက္ေနတဲ့ သုံးထပ္ေဆာင္ႀကီးၿပီးရင္အေပၚထပ္မွာ ကေလးဇာတ္သဘင္ေလးေထာင္ထားမလို႔တဲ့..။ ကေလးေတြရဲ႕ စိတ္ဒဏ္ရာေနရာမွာအႏုပညာနဲ႔ အစားထိုးမယ္တဲ့။ ႀကိဳက္သဗ်ာ..။ ကေလးေတြပဲ ဆိုတီးက..ကိုင္း…ေဟးလားေမာင္႐ို႕..ဝါး…။ ဆိုင္ကယ္အစုတ္ေတြ ဝယ္စုေနတယ္တဲ့..ဘာလုပ္မလို႔လဲ

ဘုန္းဘုန္းဆိုေတာ့ကေလးေတြကို ဝပ္ေရွာ့သင္ေပးမလို႔တဲ့..ဆိုင္ကယ္ ၿပီးရင္ ကား ျပင္သင္မယ္တဲ့..။ ကြန္ပ်ဴတာခန္းမွာလည္း တကယ္လက္ေတြ႕အသုံးခ်သင္တန္းေတြ ကေလးေတြဉာဏ္မီသေလာက္သင္ေပးတာကို ေတြ႕ရတယ္။ ေရွ႕ သုံးေလးလေလာက္ဆိုရင္ကေလးေတြကိုယ္တိုင္လုပ္တဲ့ ဖိတ္စာ ၊ဗီႏိုင္း ၊ ကြၽန္ပ်ဴတာ စာစီစာ႐ိုက္ဆိုင္ေလးဖြင့္ေတာ့မယ္။

ေဂဟာ တစ္ၿခံလုံး ပန္းေတြစိုက္ထားတာစိတ္ကို ေအးခ်မ္းေနေရာပဲ။သစ္ခြေတြလည္း အမ်ားႀကီးရယ္။အခု မႈိစိုက္မလို႔တဲ့..ၿခံလည္း ထပ္ဝယ္ ခ်ဲ႕ထားတယ္။အသီး အ႐ြက္ေတြ စိုက္မလို႔တဲ့..ကေလးေတြကို အပင္ခ်စ္တတ္ေအာင္ရယ္၊စားဖို႔စရိတ္ ကာမိေအာင္ရယ္တဲ့..။ အာဇာနည္ကိုးဦးအေၾကာင္း ကေလးေတြ ရင္ထဲထည့္ေပးထားတာကိုလည္း ေတြ႕ရတယ္။

အမႈိက္ေတြကို စည္းနဲ႔ ကမ္းနဲ႔သူ႔အကန႔္နဲ႔သူ စြန႔္ပစ္တာကိုလည္း ေတြ႕ရတယ္။ ေန႔လည္ခင္း ေကာ္ဖီေသာက္တဲ့ ေနရာေလးကလည္းစိတ္ခ်မ္းသာစရာေလး..အိမ္သာဆိုရင္ အီအီပါၿပီး ျပန္ေတာင္ မထြက္ခ်င္ဘူး..အိမ္သာေလးက သာယာလို႔..ကေလးေတြ အဝတ္ေလွ်ာ္ဖို႔ အဝတ္ေလွ်ာ္စက္ရွိတယ္။ ေဆာင္းတြင္းအတြက္ ေမြ႕ယာ ေစာင္ အလုံအေလာက္ရွိတယ္။

ကစားစရာ အလုံအေလာက္ရွိတယ္။ ညေနဆို စက္ဘီးေတြ ထြက္နင္းၾကတယ္။ မိတ္ေဆြတို႔ ဒီေဂဟာကို သြားရင္စိတ္အားငယ္ေနတဲ့ ကေလးေတြကို ေတြ႕ရမွာေတာ့ မဟုတ္ဘူး။ေမ်ာက္ရႈံးေအာင္ေဆာ့ေနတဲ့ ေပ်ာ္ေနတဲ့ကေလးေတြကိုပဲ ေတြ႕ရမွာ။ ဒါေၾကာင့္ႀကိဳက္တယ္ ေႂကြတယ္ ကြၽန္ေတာ္ လႉတယ္ ဒါမ်ိဳးေဂဟာကို..ဘာေလာက္လႉလႉ ေျပာင္ေျပာင္ေရာင္ေရာင္ျဖစ္မလာတဲ့ မိဘမဲ့ေဂဟာေတြကို

လႉမယ့္အစားကြၽန္ေတာ္ကေတာ့ ဒီလို ေဂဟာေတြကိုပဲေ႐ြးလႉပါတယ္။ မိတ္ေဆြတို႔လည္း လႉခ်င္ရင္ ဘုန္းဘုန္း အေကာင့္ကို ဆက္သြယ္ၿပီး လႉႏိုင္ပါတယ္။ သူ႔ရဲ႕ KBZ ဘဏ္အေကာင့္လည္း တင္ေပးထားတယ္။ ကိုယ္တိုင္သြားလႉခ်င္ရင္ေတာ့ပဲခူးၿမိဳ႕ ဆည္ေျမာင္းလမ္းဆုံနားက တိုင္းရင္းေဆး႐ုံသြားတဲ့ လမ္းမွာဘုန္းဘုန္းရဲ႕ မိဘမဲ့ေဂဟာ ရွိပါတယ္။ အရွင္ကုသလ၊ရပ္ကြက္ ႀကီးရ/၂.ပဲခူး၊အလင္းစစ္ပညာဒါနခြဲ ၁၊နတ္သွ်င္ေနာင္၃လမ္း ဥႆၿမိဳ႕သစ္။ ကိုယ္တိုင္ သြားၾကည့္ရင္ ပိုစိတ္ခ်မ္းသာမွာျဖစ္ပါေၾကာင္း။ ကိုစိုးထိုက္(ဖဒို)

စာႂကြင္း……

အမွန္က ဒါမ်ိဳးပိုစ့္ကို ရွယ္ ရမွာခင္ဗ်။ ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံမွာက ငတ္ျပတ္စုတ္ျပတ္ဒုကၡေရာက္ေနပါတယ္ဆိုတဲ့ မိဘမဲ့ေဂဟာ ပိုစ့္ေတြကိုဝိုင္းရွယ္ၾကၿပီး ဒီလို စည္းနဲ႔ကမ္းနဲ႔ ကေလးေတြကိုျပည့္ျပည့္စုံစုံေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ထားတဲ့ ေဂဟာအေၾကာင္းပိုစ့္ေတြကိုက် လူစိတ္ဝင္စားမႈ နည္းတယ္။ ဒီအညႇာကို သိတဲ့အခါ တခ်ိဳ႕ေဂဟာေတြဟာ ကေလးေတြကိုေကာင္းေအာင္မထားေတာ့ဘဲ စုတ္တီးစုတ္ဖတ္မေလာက္မငပဲ ထားၾကေတာ့တယ္။ဒီ ယဥ္ေက်းမႈကို ကြၽန္ေတာ္တို႔ တြန္းလွန္ၾကစို႔။

Unicode

ဒါမျိုးပိုစ့်က ရှယ်ရမှာ ခင်ဗျ..။ အဆုံးထိ ဖတ်ကြည့်ပေးနော်ကျွန်တော် သဘောကျတဲ့ မိဘမဲ့ ဂေဟာလေးတစ်ခုပါ။ ဘုန်းဘုန်းက ငယ်ရွယ်ပြီး ခေတ်အမြင်ရှိတယ်။ ကလေးတွေကို ကြည့်လိုက်ရင် ပျော်ရွှင်တက်ကြွနေတာပဲ။ ကျွေးတာက ဘူဖေး..အဝစား..အမုန်းဆွဲ စနစ်..ရံဖန်ရံခါ ငါးကင်စားတယ်..ဘာဘီကျူး လုပ်စားတယ်..အထိမ်းအမှတ်နေ့တွေဆို ပျော်ပွဲစားလုပ်တယ်..

အစားအသောက်ကတော့ အလျှံအပယ်ပဲ။ ဂေဟာမှာပဲ စာသင်ပေးတဲ့အပြင်ကလေးတွေအတွက် ဂီတ သင်တန်းရှိတယ်..အဆို ၊ အတီး ၊ အက ဆရာတွေကိုခေါ်ပြီး သေသေချာချာ သင်တာ..ကလေးတွေ တကယ်တီးတတ် ဆိုတတ်တယ်။ တူရိယာပစ္စည်းတွေလည်း စုံနေတာပဲ။ အခု ဆောက်နေတဲ့ သုံးထပ်ဆောင်ကြီးပြီးရင်အပေါ်ထပ်မှာ ကလေးဇာတ်သဘင်လေးထောင်ထားမလို့တဲ့..။

ကလေးတွေရဲ့ စိတ်ဒဏ်ရာနေရာမှာအနုပညာနဲ့ အစားထိုးမယ်တဲ့။ ကြိုက်သဗျာ..။ ကလေးတွေပဲ ဆိုတီးက..ကိုင်း…ဟေးလားမောင်ရို့..ဝါး…။ ဆိုင်ကယ်အစုတ်တွေ ဝယ်စုနေတယ်တဲ့..ဘာလုပ်မလို့လဲ ဘုန်းဘုန်းဆိုတော့ကလေးတွေကို ဝပ်ရှော့သင်ပေးမလို့တဲ့..ဆိုင်ကယ် ပြီးရင် ကား ပြင်သင်မယ်တဲ့..။ ကွန်ပျူတာခန်းမှာလည်း တကယ်လက်တွေ့အသုံးချသင်တန်းတွေ

ကလေးတွေဉာဏ်မီသလောက်သင်ပေးတာကို တွေ့ရတယ်။ ရှေ့ သုံးလေးလလောက်ဆိုရင်ကလေးတွေကိုယ်တိုင်လုပ်တဲ့ ဖိတ်စာ ၊ဗီနိုင်း ၊ ကျွန်ပျူတာ စာစီစာရိုက်ဆိုင်လေးဖွင့်တော့မယ်။ ဂေဟာ တစ်ခြံလုံး ပန်းတွေစိုက်ထားတာစိတ်ကို အေးချမ်းနေရောပဲ။သစ်ခွတွေလည်း အများကြီးရယ်။အခု မှိုစိုက်မလို့တဲ့..ခြံလည်း ထပ်ဝယ် ချဲ့ထားတယ်။အသီး အရွက်တွေ စိုက်မလို့တဲ့..

ကလေးတွေကို အပင်ချစ်တတ်အောင်ရယ်၊စားဖို့စရိတ် ကာမိအောင်ရယ်တဲ့..။ အာဇာနည်ကိုးဦးအကြောင်း ကလေးတွေ ရင်ထဲထည့်ပေးထားတာကိုလည်း တွေ့ရတယ်။အမှိုက်တွေကို စည်းနဲ့ ကမ်းနဲ့သူ့အကန့်နဲ့သူ စွန့်ပစ်တာကိုလည်း တွေ့ရတယ်။ နေ့လည်ခင်း ကော်ဖီသောက်တဲ့ နေရာလေးကလည်းစိတ်ချမ်းသာစရာလေး..အိမ်သာဆိုရင် အီအီပါပြီး ပြန်တောင် မထွက်ချင်ဘူး..

အိမ်သာလေးက သာယာလို့..ကလေးတွေ အဝတ်လျှော်ဖို့ အဝတ်လျှော်စက်ရှိတယ်။ ဆောင်းတွင်းအတွက် မွေ့ယာ စောင် အလုံအလောက်ရှိတယ်။ ကစားစရာ အလုံအလောက်ရှိတယ်။ ညနေဆို စက်ဘီးတွေ ထွက်နင်းကြတယ်။ မိတ်ဆွေတို့ ဒီဂေဟာကို သွားရင်စိတ်အားငယ်နေတဲ့ ကလေးတွေကို တွေ့ရမှာတော့ မဟုတ်ဘူး။မျောက်ရှုံးအောင်ဆော့နေတဲ့ ပျော်နေတဲ့ကလေးတွေကိုပဲ တွေ့ရမှာ။

ဒါကြောင့်ကြိုက်တယ် ကြွေတယ် ကျွန်တော် လှူတယ် ဒါမျိုးဂေဟာကို..ဘာလောက်လှူလှူ ပြောင်ပြောင်ရောင်ရောင်ဖြစ်မလာတဲ့ မိဘမဲ့ဂေဟာတွေကို လှူမယ့်အစားကျွန်တော်ကတော့ ဒီလို ဂေဟာတွေကိုပဲရွေးလှူပါတယ်။ မိတ်ဆွေတို့လည်း လှူချင်ရင် ဘုန်းဘုန်း အကောင့်ကို ဆက်သွယ်ပြီး လှူနိုင်ပါတယ်။ သူ့ရဲ့ KBZ ဘဏ်အကောင့်လည်း တင်ပေးထားတယ်။

ကိုယ်တိုင်သွားလှူချင်ရင်တော့ပဲခူးမြို့ ဆည်မြောင်းလမ်းဆုံနားက တိုင်းရင်းဆေးရုံသွားတဲ့ လမ်းမှာဘုန်းဘုန်းရဲ့ မိဘမဲ့ဂေဟာ ရှိပါတယ်။ အရှင်ကုသလ၊ရပ်ကွက် ကြီးရ/၂.ပဲခူး၊အလင်းစစ်ပညာဒါနခွဲ ၁၊နတ်သျှင်နောင်၃လမ်း ဥဿမြို့သစ်။ ကိုယ်တိုင် သွားကြည့်ရင် ပိုစိတ်ချမ်းသာမှာဖြစ်ပါကြောင်း။ ကိုစိုးထိုက်(ဖဒို)

စာကြွင်း……

အမှန်က ဒါမျိုးပိုစ့်ကို ရှယ် ရမှာခင်ဗျ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာက ငတ်ပြတ်စုတ်ပြတ်ဒုက္ခရောက်နေပါတယ်ဆိုတဲ့ မိဘမဲ့ဂေဟာ ပိုစ့်တွေကိုဝိုင်းရှယ်ကြပြီး ဒီလို စည်းနဲ့ကမ်းနဲ့ ကလေးတွေကိုပြည့်ပြည့်စုံစုံပျော်ပျော်ရွှင်ရွှင်ထားတဲ့ ဂေဟာအကြောင်းပိုစ့်တွေကိုကျ လူစိတ်ဝင်စားမှု နည်းတယ်။ ဒီအညှာကို သိတဲ့အခါ တချို့ဂေဟာတွေဟာ ကလေးတွေကိုကောင်းအောင်မထားတော့ဘဲ စုတ်တီးစုတ်ဖတ်မလောက်မငပဲ ထားကြတော့တယ်။ဒီ ယဉ်ကျေးမှုကို ကျွန်တော်တို့ တွန်းလှန်ကြစို့။