Tue. Dec 7th, 2021

Zawgyi

ကမာၻ႔ပထမဆုံး ေက်ာက္စိမ္းေစတီအေၾကာင္း သိေကာင္းစရာ

ကမာၻ႔ပထမဦးဆုံး ေဝေရာစန ေက်ာက္စိမ္း ေစတီေတာ္ျမတ္ႀကီး

မႏၲေလးတိုင္းေဒသႀကီး၊ အမရပူရၿမိဳ႕နယ္၊ ဆင္႐ြာျမင္းမႉး ေက်း႐ြာအုပ္စု၊ ရန္ကုန္-မႏၲေလး အျမန္လမ္းမႀကီး အထက္ ၉ ေပ ျမင့္ၿပီး၊ ၅ ဧက အက်ယ္အဝန္း ရွိေသာ ကုန္းေျမေပၚတြင္ တည္ထားျခင္း ျဖစ္ပါသည္။

ရင္ျပင္ေတာ္ အက်ယ္အဝန္းမွာ အလ်ား ၁၃၃ ေပ ၆ လက္မ ႏွင့္ အနံ ၁၃၃ ေပ ၆ လက္မ က်ယ္ဝန္းပါသည္။ ျမန္မာႏိုင္ငံသည္ ကမာၻေပၚတြင္ အရည္ အေသြး အေကာင္းဆုံး ေက်ာက္စိမ္းမ်ား ထြက္ရွိရာ ႏိုင္ငံတစ္ႏိုင္ငံ ျဖစ္သည့္အတြက္ ကမာၻေပၚတြင္ ျမန္မာႏိုင္ငံမွလြဲ၍ တျခား မည္သည့္ ႏိုင္ငံတြင္မွ ထပ္မံတည္ထားရန္ မျဖစ္ႏိုင္ေသးေသာ ထူးျခားသည့္ ေစတီေတာ္ျမတ္ႀကီး ျဖစ္ပါသည္။

21.12.2012 ခုႏွစ္တြင္ ေျမသန႔္ မဂၤလာ အခမ္းအနားကို လည္းေကာင္း၊ 23.12.2012 ခုႏွစ္တြင္ ပႏၷက္ေတာ္တင္ႏွင့္ တြင္းေတာ္ဝန္း မဂၤလာ အခမ္းအနား တို႔ကို က်င္းပျပဳလုပ္ ခဲ့ပါသည္။

ေစတီေတာ္ႀကီး၏ ဉာဏ္ေတာ္ အျမင့္မွာ ၇၅ ေပ ၆ လက္မ၊ လုံးပတ္ေတာ္ ၁၇၆ ေပ၊ ပန္းတင္ခုံမွာ အလ်ား ၅၂ ေပ ၆ လက္မ၊ အနံ ၅၂ ေပ ၆ လက္မ ႏွင့္ အျမင့္ ၁၂ ေပ၊ ထီးေတာ္အျမင့္ ၇ ေပ၊ ငွက္ေပ်ာဖူးအျမင့္ ၈ ေပ ၆ လက္မ အသီးသီး ရွိပါသည္။

ေစတီေတာ္ႀကီးကို ႏိုင္ငံတကာ ေက်ာက္စိမ္းေဈးကြက္ဝင္ အရည္အေသြး ေကာင္းမြန္သည့္ ေက်ာက္စိမ္း စုစုေပါင္းတန္ခ်ိန္ တစ္ေထာင္ေက်ာ္ကို အသုံးျပဳ၍ တည္ထားပါသည္။

အုတ္တစ္ခ်ပ္မွ် ပါဝင္ျခင္း မရွိခဲ့ပါ။ ေက်ာက္စိမ္းအသား ေက်ာက္တန္ခ်ိန္ ၈၅၀ အား ဌာပနာအျဖစ္ ထည့္သြင္းထားၿပီး၊ ငွက္ေပ်ာဖူးေတာ္တြင္ ေအ အဆင့္ရွိ အရည္ ေက်ာက္စိမ္းမ်ားျဖင့္ လည္းေကာင္း၊ စိန္ဖူးေတာ္ႀကီးကိုလည္း ေက်ာက္စိမ္း စိန္ဖူးေတာ္ႀကီးျဖင့္သာ ပူေဇာ္ထားပါသည္။

ေက်ာက္စိမ္းသည္

(၁) လွပျခင္း

(၂) ၾကာရွည္ခံျခင္း

(၃) ရွားပါးျခင္း စသည့္ အဂၤါသုံးရပ္ျဖင့္ ျပည့္စုံသည့္အျပင္

ေက်ာက္စိမ္းသည္

သဒၶါရက္ေရာျခင္း ၊ ရဲစြမ္းသတၱိႏွင့္ ျပည့္စုံျခင္း၊ တရားမွ်တေသာ စိတ္ဓါတ္ရွိျခင္း၊ မိမိကိုယ္မိမိႏွိမ့္ခ်ေသာ နိဝါက တရားရွိျခင္း၊ အသိ အလိမၼာ ဉာဏ္ပညာ ႀကီးျမင့္ျခင္း၊ ေဘးအႏၲရာယ္ကင္းျခင္း၊ စီးပြားဥစၥာတိုးျခင္း စသည့္ စြမ္းရည္မ်ားျဖင့္လည္း ျပည့္စုံပါသည္။

ေက်ာက္စိမ္းသည္ ရတနာကိုးပါး အနက္ တစ္မ်ိဳးအပါအဝင္ ျဖစ္ၿပီး၊ သဘာဝ သယံဇာတပစၥည္းလည္း ျဖစ္ေသာေၾကာင့္ ျမန္မာႏိုင္ငံသူ ႏိုင္ငံသားမ်ား သာမက ကမာၻသူ ကမာၻသား ကိုးကြယ္ဆည္းကပ္သူ အေပါင္းတို႔သည္

အရာရာ တိုးတက္ျခင္း၊

ေတာက္ပျခင္း၊

ထြန္းေတာက္ျခင္း၊

ဂုဏ္သတင္းေက်ာ္ၾကား ျပည့္စုံျခင္း၊

ခ်မ္းသာႂကြယ္ဝျခင္း

ေဘးအႏၲရာယ္ ကင္းရွင္းျခင္း ႏွင့္ လိုတိုင္းတ တိုင္းျပည့္စုံျခင္း စသည့္ ဂုဏ္ေက်းဇူးမ်ား ရရွိႏိုင္ပါသည္။

ေလးစားစြာျဖင့္ မူရင္းေရးသားသူ…

Unicode

ကမ္ဘာ့ပထမဆုံး ကျောက်စိမ်းစေတီအကြောင်း သိကောင်းစရာ

ကမ္ဘာ့ပထမဦးဆုံး ဝေရောစန ကျောက်စိမ်း စေတီတော်မြတ်ကြီး

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဆင်ရွာမြင်းမှူး ကျေးရွာအုပ်စု၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး အထက် ၉ ပေ မြင့်ပြီး၊ ၅ ဧက အကျယ်အဝန်း ရှိသော ကုန်းမြေပေါ်တွင် တည်ထားခြင်း ဖြစ်ပါသည်။

ရင်ပြင်တော် အကျယ်အဝန်းမှာ အလျား ၁၃၃ ပေ ၆ လက်မ နှင့် အနံ ၁၃၃ ပေ ၆ လက်မ ကျယ်ဝန်းပါသည်။ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် အရည် အသွေး အကောင်းဆုံး ကျောက်စိမ်းများ ထွက်ရှိရာ နိုင်ငံတစ်နိုင်ငံ ဖြစ်သည့်အတွက် ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံမှလွဲ၍ တခြား မည်သည့် နိုင်ငံတွင်မှ ထပ်မံတည်ထားရန် မဖြစ်နိုင်သေးသော ထူးခြားသည့် စေတီတော်မြတ်ကြီး ဖြစ်ပါသည်။

21.12.2012 ခုနှစ်တွင် မြေသန့် မင်္ဂလာ အခမ်းအနားကို လည်းကောင်း၊ 23.12.2012 ခုနှစ်တွင် ပန္နက်တော်တင်နှင့် တွင်းတော်ဝန်း မင်္ဂလာ အခမ်းအနား တို့ကို ကျင်းပပြုလုပ် ခဲ့ပါသည်။

စေတီတော်ကြီး၏ ဉာဏ်တော် အမြင့်မှာ ၇၅ ပေ ၆ လက်မ၊ လုံးပတ်တော် ၁၇၆ ပေ၊ ပန်းတင်ခုံမှာ အလျား ၅၂ ပေ ၆ လက်မ၊ အနံ ၅၂ ပေ ၆ လက်မ နှင့် အမြင့် ၁၂ ပေ၊ ထီးတော်အမြင့် ၇ ပေ၊ ငှက်ပျောဖူးအမြင့် ၈ ပေ ၆ လက်မ အသီးသီး ရှိပါသည်။

စေတီတော်ကြီးကို နိုင်ငံတကာ ကျောက်စိမ်းဈေးကွက်ဝင် အရည်အသွေး ကောင်းမွန်သည့် ကျောက်စိမ်း စုစုပေါင်းတန်ချိန် တစ်ထောင်ကျော်ကို အသုံးပြု၍ တည်ထားပါသည်။

အုတ်တစ်ချပ်မျှ ပါဝင်ခြင်း မရှိခဲ့ပါ။ ကျောက်စိမ်းအသား ကျောက်တန်ချိန် ၈၅၀ အား ဌာပနာအဖြစ် ထည့်သွင်းထားပြီး၊ ငှက်ပျောဖူးတော်တွင် အေ အဆင့်ရှိ အရည် ကျောက်စိမ်းများဖြင့် လည်းကောင်း၊ စိန်ဖူးတော်ကြီးကိုလည်း ကျောက်စိမ်း စိန်ဖူးတော်ကြီးဖြင့်သာ ပူဇော်ထားပါသည်။

ကျောက်စိမ်းသည်

(၁) လှပခြင်း

(၂) ကြာရှည်ခံခြင်း

(၃) ရှားပါးခြင်း စသည့် အင်္ဂါသုံးရပ်ဖြင့် ပြည့်စုံသည့်အပြင်

ကျောက်စိမ်းသည်

သဒ္ဓါရက်ရောခြင်း ၊ ရဲစွမ်းသတ္တိနှင့် ပြည့်စုံခြင်း၊ တရားမျှတသော စိတ်ဓါတ်ရှိခြင်း၊ မိမိကိုယ်မိမိနှိမ့်ချသော နိဝါက တရားရှိခြင်း၊ အသိ အလိမ္မာ ဉာဏ်ပညာ ကြီးမြင့်ခြင်း၊ ဘေးအန္တရာယ်ကင်းခြင်း၊ စီးပွားဥစ္စာတိုးခြင်း စသည့် စွမ်းရည်များဖြင့်လည်း ပြည့်စုံပါသည်။

ကျောက်စိမ်းသည် ရတနာကိုးပါး အနက် တစ်မျိုးအပါအဝင် ဖြစ်ပြီး၊ သဘာဝ သယံဇာတပစ္စည်းလည်း ဖြစ်သောကြောင့် မြန်မာနိုင်ငံသူ နိုင်ငံသားများ သာမက ကမ္ဘာသူ ကမ္ဘာသား ကိုးကွယ်ဆည်းကပ်သူ အပေါင်းတို့သည်

အရာရာ တိုးတက်ခြင်း၊

တောက်ပခြင်း၊

ထွန်းတောက်ခြင်း၊

ဂုဏ်သတင်းကျော်ကြား ပြည့်စုံခြင်း၊

ချမ်းသာကြွယ်ဝခြင်း

ဘေးအန္တရာယ် ကင်းရှင်းခြင်း နှင့် လိုတိုင်းတ တိုင်းပြည့်စုံခြင်း စသည့် ဂုဏ်ကျေးဇူးများ ရရှိနိုင်ပါသည်။

လေးစားစွာဖြင့် မူရင်းရေးသားသူ…