Zawgyi

မင္းသမီးေလး ခိုင္ႏွင္းေဝကေတာ့ အေဒၚျဖစ္သူ အကယ္ဒမီ ျမင့္ျမင့္ခိုင္ရဲ႕ ဦးေဆာင္မႈနဲ႔ အႏုပညာေလာကထဲကို ဝင္ေရာက္လာခဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။ ခိုင္ႏွင္းေဝက အသက္အ႐ြယ္တစ္ခုေရာက္ရွိလာခ်ိန္မွာေတာ့ အႏုပညာလုပ္ငန္းေတြထက္ လူမႈအက်ိဳးျပဳ ပရဟိတလုပ္ငန္းေတြကို ပိုမိုဦးစားေပးလုပ္ကိုင္ေနတာကို ပရိသတ္ႀကီးအားလုံး သိၿပီးသားျဖစ္မွာပါ။

ခိုင္ႏွင္းေဝက အခုလို ကပ္ေရာဂါနဲ႔ ရင္ဆိုင္ေနရခ်ိန္မွာလည္း ခ်ိဳ႕တဲ့ခက္ခဲေနသူေတြအတြက္ ေရွ႕ဆုံးကေန တက္ႂကြစြာ ကူညီေဖးမေပးေနလ်က္ရွိပါတယ္။ ခိုင္မိသားစုေဂဟာေလးကို ဖြင့္လွစ္ၿပီး အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဒုကၡေရာက္ေနတဲ့ ကေလးငယ္ေပါင္း (၄၃) ေယာက္ကို ကယ္တင္ေစာင့္ေရွာက္ထားတဲ့ ခိုင္ႏွင္းေဝက ဒီတစ္ေခါက္မွာလည္း သူမရဲ႕ ေဂဟာကို ပထမဦးဆုံးေရာက္ရွိလာတဲ့

သားေလး ခိုင္ဦးေမာင္ကို မိတ္ဆက္ေပးလာပါတယ္။ ခိုင္ႏွင္းေဝက “ေမာင္ ခိုင္ဦးေမာင္ (ခ) ကိုကိုဗလ ပါရွင္။ (၃)ရက္သား ေလးနဲ႔ “ခိုင္” မိသားစုသို႔ ေရာက္လာကာ ေမြးရာပါ ရင္က်ပ္ေရာဂါေၾကာင့္ ေဆး႐ုံမွာ အေရးေပၚ (၂)ပတ္ေလာက္ တက္ၿပီး ဆရာဝန္ေတြ လက္ေလ်ာ့ထားတဲ့ သားေလးပါရွင္။ အခုေတာ့ ကိုကိုဗလေလးျဖစ္လာပါၿပီ ❤️❤️” ဆိုၿပီး

သားေလး ခိုင္ဦးေမာင္ရဲ႕ ပုံရိပ္ကို ျပသလာပါတယ္။ ခိုင္ႏွင္းေဝကေတာ့ ေမြးရာပါရင္ၾကပ္ေရာဂါေၾကာင့္ ဆရာဝန္ေတြလက္ေလ်ာ့ထားရတဲ့ ေဂဟာက ပထမဦးဆုံးသားေလး ခိုင္ဦးေမာင္ရဲ႕ ေရာက္ခါစကပုံရိပ္နဲ႔ လက္ရွိပုံရိပ္ကို ႏႈိင္းယွဥ္ၿပီးျပသထားတာ ျဖစ္ပါတယ္။ ဆရာဝန္ေတြက ေဆးပညာအေျခအေနအရ လက္ေလ်ာ့ထားရေပမယ့္ ေမတၱာအစြမ္းေၾကာင့္ သားေလးခိုင္ဦးေမာင္ကေတာ့ အခုဆိုရင္ ဖြံ႕ဖြံ႕ႀကီးနဲ႔ အရမ္းခ်စ္စရာေကာင္းေနၿပီ ျဖစ္ပါတယ္။

Credit to original writing

Unicode

မင်းသမီးလေး ခိုင်နှင်းဝေကတော့ အဒေါ်ဖြစ်သူ အကယ်ဒမီ မြင့်မြင့်ခိုင်ရဲ့ ဦးဆောင်မှုနဲ့ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ခိုင်နှင်းဝေက အသက်အရွယ်တစ်ခုရောက်ရှိလာချိန်မှာတော့ အနုပညာလုပ်ငန်းတွေထက် လူမှုအကျိုးပြု ပရဟိတလုပ်ငန်းတွေကို ပိုမိုဦးစားပေးလုပ်ကိုင်နေတာကို ပရိသတ်ကြီးအားလုံး သိပြီးသားဖြစ်မှာပါ။

ခိုင်နှင်းဝေက အခုလို ကပ်ရောဂါနဲ့ ရင်ဆိုင်နေရချိန်မှာလည်း ချို့တဲ့ခက်ခဲနေသူတွေအတွက် ရှေ့ဆုံးကနေ တက်ကြွစွာ ကူညီဖေးမပေးနေလျက်ရှိပါတယ်။ ခိုင်မိသားစုဂေဟာလေးကို ဖွင့်လှစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေတဲ့ ကလေးငယ်ပေါင်း (၄၃) ယောက်ကို ကယ်တင်စောင့်ရှောက်ထားတဲ့ ခိုင်နှင်းဝေက ဒီတစ်ခေါက်မှာလည်း သူမရဲ့ ဂေဟာကို ပထမဦးဆုံးရောက်ရှိလာတဲ့ သားလေး

ခိုင်ဦးမောင်ကို မိတ်ဆက်ပေးလာပါတယ်။ ခိုင်နှင်းဝေက “မောင် ခိုင်ဦးမောင် (ခ) ကိုကိုဗလ ပါရှင်။ (၃)ရက်သား လေးနဲ့ “ခိုင်” မိသားစုသို့ ရောက်လာကာ မွေးရာပါ ရင်ကျပ်ရောဂါကြောင့် ဆေးရုံမှာ အရေးပေါ် (၂)ပတ်လောက် တက်ပြီး ဆရာဝန်တွေ လက်လျော့ထားတဲ့ သားလေးပါရှင်။ အခုတော့ ကိုကိုဗလလေးဖြစ်လာပါပြီ ❤️❤️” ဆိုပြီး

သားလေး ခိုင်ဦးမောင်ရဲ့ ပုံရိပ်ကို ပြသလာပါတယ်။ ခိုင်နှင်းဝေကတော့ မွေးရာပါရင်ကြပ်ရောဂါကြောင့် ဆရာဝန်တွေလက်လျော့ထားရတဲ့ ဂေဟာက ပထမဦးဆုံးသားလေး ခိုင်ဦးမောင်ရဲ့ ရောက်ခါစကပုံရိပ်နဲ့ လက်ရှိပုံရိပ်ကို နှိုင်းယှဉ်ပြီးပြသထားတာ ဖြစ်ပါတယ်။ ဆရာဝန်တွေက ဆေးပညာအခြေအနေအရ လက်လျော့ထားရပေမယ့် မေတ္တာအစွမ်းကြောင့် သားလေးခိုင်ဦးမောင်ကတော့ အခုဆိုရင် ဖွံ့ဖွံ့ကြီးနဲ့ အရမ်းချစ်စရာကောင်းနေပြီ ဖြစ်ပါတယ်။

Credit to original writing