Zawgyi





Unicode

ပရိသတ်ကြီးရေ မကြာသေးခင် ခွေးလေးတွေကို ကျွေးထားတဲ့ အစာတွေကိုငိုပြီးစားနေတဲ့ အဘိုးအို တစ်ယောက်ရဲ့ ဗီဒီယိုလေးဟာ လူမှုကွန်ယက်မှာ ပြန်နှံ့ခဲ့ပါတယ်။ ဖိလစ်ပိုင်းမော်ဒယ်တစ်ယောက်ဖြစ်ပြီ မြန်မာနိုင်ငံမှာ ပရဟိတအလုပ်တွေလုပ်ဆောင်နေတဲ့ Sinon က ဒီဗီဒီယိုလေးမြင်ပြီး ဗီဒီယိုထဲကအဘိုးအိုကိုရှာဖွေခဲ့ပြီး ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။

Sinon က “ကျတော် ဒီ အဘိုးအို ခွေး ကလေးတွေ ကျွေးတဲ့ အစာကိုငိုပီးစားနေတဲ့Videoကိုကြည့်ပီး တော်တော်လေးစိတ်မကောင်းဖြစ်မိပါတယ် အရမ်းဝမ်းနည်းမိတယ်။ဘဝတွေ ကအချို့ လူတွေအတွက် အရမ်းကြမ်းတမ်းတယ်။ဒါနဲ့ ကျဝောာ်သူ့ကိုသွားအကူအညီပေးဖို့သူ့အိမ်ကိုစုံစမ်းပီးသွားခဲ့ပါတယ်။ ဒါပေမဲ့သူနဲ့တော့ မတွေ့ခဲ့ရပါဘူး။ သူအပြင်ထွက်ပီး အလှူ ခံနေလို့ လို့ ပြောကြပါတယ်။

သူ့ရဲ့ အဖေနဲ့ အမေပီးတော့ သူ့ အမျိုးတွေနဲ့တော့ တွေ့ခဲ့ရပါတယ်။ပီးတော့ ကျနော်သူတို့ကို ကျနော်တတ်နိုင်သလောက်ထောက်ပံ့မှုလေးတွေနဲ့ ကူညီခဲ့ပါတယ်။သူ့ အကို တစ်ယောက်က အရင် ကစစ်ပွဲကြောင့် ခြေထောက်တစ်ဖက်မရှိတော့ပါဘူး။ ကျတော်သူတို့နဲ့ တွေ့ပီး ကူညီ ခွင့်ရတာ အရမ်းပျော်တယ်။ ကျေးဇူး ပြုပီး

ဒီလိုလူမျိုးတွေကို တတ်နိုင်သလောက်လေးကူညီပေးကြပါ အချစ်တွေ ဝေမျှနိုင်ကြပါစေ” ဆိုပြီးတင်ထားတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် Sinon ရဲ့ အလှူလေးကို သာဓုခေါ်ရအောင်ဖော်ပြပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ပရိသတ်ကြီးကို ကျေးဇူးတင်ပါတယ်နော်။