Zawgyi

အသက္(၄၈) ႏွစ္အ႐ြယ္ Jatuphum ဟာ ထိုင္းႏိုင္ငံမွာ ေန႔ခ်င္းညခ်င္း ေက်ာ္ၾကားသူတစ္ဦး ျဖစ္လာပါတယ္။ Jatuphum က ႐ုရွားအမ်ိဳးသမီးေလးတစ္ဦးကို သူေနထိုင္ရာဂူ Koh Phangan ဆီအေရာက္ ဘယ္လိုစကားလုံးေတြနဲ႔ ခ်ဳပ္ၿပီး ေခၚလာခဲ့တယ္ဆိုတဲ့ ျဖစ္စဥ္အစအဆုံးကို ေဖ့စ္ဘုတ္မွာ မွ်ေဝခဲ့ရာကေန ခ်က္ျခင္းကို လူသိမ်ားလာခဲ့တာပါ။

သူတင္တဲ့ ပို႔စ္ကို ၾကည္ႏူးဖြယ္ေကာင္းတယ္လို႔ ဆိုသူေတြရွိသလို ေၾကာက္စရာႀကီးလို႔ ဆိုသူေတြလည္း ရွိေနပါတယ္။ ပို႔စ္ထဲမွာေတာ့ Jatuphum က ႐ုရွားသူေလးနဲ႔ သူဘယ္လို စေတြ႕ခဲ့တယ္ဆိုတာ အခုလိုေရးသားခဲ့ပါတယ္။ တစ္ေန႔ Jatuphum ဟာ စတိုးဆိုင္တစ္ဆိုင္ေရွ႕မွာ ပိန္ပိန္သြယ္သြယ္နဲ႔ မိန္းမလွေလးတစ္ေယာက္ကို လွမ္းေတြ႕လိုက္ပါတယ္။

ဒါနဲ႔ သူက ေကာင္မေလးဆီ သြားၿပီး “မင္းက ဖ်က္လိုဖ်က္ဆီး လုပ္လိုက္တာပဲ။ ကိုယ္က အိမ္ျပန္မလို႔လုပ္ေနတာ။ ဒါေပမယ့္ မင္းက ေတာ္ေတာ္ေလးလွေတာ့ အိမ္ေတာင္ မျပန္ႏိုင္ပဲ ဆိုင္ကယ္ ျပန္လွည့္ခဲ့ရတယ္။ ကိုယ္မင္းနဲ႔ စကားေျပာဖို႔လိုတယ္။ ဒါမွ မင္းက ႐ုပ္ေလးလွသလို စိတ္ထားေလးလည္းလွမလား သိရမွာ။

” ေကာင္မေလးက ရယ္လိုက္ၿပီး သူမဟာ ႐ုရွားမွျဖစ္ေၾကာင္းနဲ႔ ထိုေန႔မွာ Koh Phangan ဆီလာလည္တဲ့ ေနာက္ဆုံးရက္ျဖစ္တယ္လို႔ ဆိုပါတယ္။ Jatuphum က ေကာင္မေလးကို သူေနထိုင္တဲ့ဂူဆီ အလည္လိုက္မလား ေမးေတာ့ သူမက အန ၱရာယ္ျဖစ္ႏိုင္တယ္ဆိုၿပီး ခ်က္ျခင္း လက္မခံေသးပါဘူး။ ဒါေပမယ့္ Jatuphum က “မင္းက တျခားႏိုင္ငံကဆိုေတာ့

လူစိမ္းက သူနဲ႔လိုက္ဖို႔ ေခၚေနတာ ဘယ္လိုက္ႏိုင္ပါ့မလဲ။ ဒါေပမယ့္ မစိုးရိမ္ပါနဲ႔။ ကိုယ္ေခၚသြားမယ့္ေနရာက လူသူနဲ႔ မေဝးပါဘူး။ အကူအညီေတြ လွမ္းေခၚလို႔ရပါတယ္။” လို႔ ဆိုတဲ့အခါမွာေတာ့ ေကာင္မေလးက လိုက္မယ္လို႔ေျပာၿပီး Jatuphum ရဲ႕ ဆိုင္ကယ္ေပၚကို ခုန္တက္လိုက္ခဲ့ေၾကာင္း ပို႔စ္မွာေရးသားထားပါတယ္။

Jatuphum ရဲ႕ ပို႔စ္ကိုျမင္ၿပီး ထိုင္းအမ်ိဳးသားေတြကေတာ့ Jatuphum ကိုသူတို႔ရဲ႕ idol ဆိုၿပီး ေခၚေနၾကပါတယ္။ အေျပာအဆိုညက္တယ္၊ သတၱိရွိတယ္နဲ႔ ခ်ီးမြမ္းေနၾကပါတယ္။ ႐ုရွားအမ်ိဳးသမီးကို ဂူထဲေခၚလာတဲ့ ပို႔စ္တက္ၿပီး နာရီအနည္းငယ္ေလာက္ၾကာတဲ့အခါ Jatuphum ဟာ အိပ္ရာေပၚမွာအိပ္ေနတဲ့ အမ်ိဳးသမီးတစ္ေယာက္ရဲ႕

ပုံကို ပို႔စ္ထပ္တင္ျပန္ပါေသးတယ္။ ဒါေၾကာင့္ သူနဲ႔ ပတ္သက္လို႔ အြန္လိုင္းေပၚက လူေတြကေတာ့ သို႔ေလာသို႔ေလာ ျဖစ္ေနပါတယ္။ ဒါတင္မကေသးပါဘူး။ Jatuphum က အရင္တုန္းကလည္း သူအျပင္တစ္ေခါက္ထြက္တိုင္း အမ်ိဳးသမီးတစ္ေယာက္က သူ႔ဂူထဲ အလည္လိုက္, လိုက္လာတဲ့အေၾကာင္း၊ သူအျပင္ထြက္တိုင္း မိန္းမေခ်ာေတြနဲ႔ခ်ည္း ေတြ႕ေနေတာ့

သူ႔မွာ ဒုကၡေရာက္ရပါေၾကာင္း စသျဖင့္ ဓာတ္ပုံေတြ ၊ စာေတြနဲ႔ ေရးတင္ခဲ့ပါေသးတယ္။ Jatuphum က သူဟာ ခ်စ္တတ္သူ တစ္ဦးျဖစ္ၿပီး သူ႔မွာ ခ်စ္သူအမ်ိဳးသမီးေတြ အမ်ားႀကီးရွိတယ္လို႔ ဆိုပါတယ္။ ႐ုရွားအမ်ိဳးသမီးေလးနဲ႔ ပတ္သက္တဲ့ ဇာတ္လမ္းကိုေတာ့ ျပန္ေျပာပါဦးမယ္။ အေစာပိုင္းတုန္းက အိပ္ရာေပၚမွာ

အိပ္ေနတဲ့ အမ်ိဳးသမီးက ၎႐ုရွားသူေလး မဟုတ္ပဲ သူ႔ခ်စ္သူေတြထဲက တစ္ေယာက္လို႔ Jatuphum က ဆိုပါတယ္။ Jatuphum က ႐ုရွားအမ်ိဳးသမီးေလးနဲ႔ ဂူထဲေရာက္တဲ့အခါ သူမကို နမ္းခြင့္ေတာင္းေပမယ့္ ႐ုရွားမေလးက မရဘူးလို႔ဆိုကာ သူ႔ကို ျငင္းပယ္ခဲ့ေၾကာင္းနဲ႔ လက္ရွိအခ်ိန္ထိ သူ႔ကို ျငင္းခဲ့တာဆိုလို႔ ၎႐ုရွားမေလးပဲ ရွိေသးတယ္ဆိုၿပီးေတာ့လည္း ေျပာျပခဲ့ပါတယ္။

Unicode

အသက်(၄၈) နှစ်အရွယ် Jatuphum ဟာ ထိုင်းနိုင်ငံမှာ နေ့ချင်းညချင်း ကျော်ကြားသူတစ်ဦး ဖြစ်လာပါတယ်။ Jatuphum က ရုရှားအမျိုးသမီးလေးတစ်ဦးကို သူနေထိုင်ရာဂူ Koh Phangan ဆီအရောက် ဘယ်လိုစကားလုံးတွေနဲ့ ချုပ်ပြီး ခေါ်လာခဲ့တယ်ဆိုတဲ့ ဖြစ်စဉ်အစအဆုံးကို ဖေ့စ်ဘုတ်မှာ မျှဝေခဲ့ရာကနေ ချက်ခြင်းကို လူသိများလာခဲ့တာပါ။

သူတင်တဲ့ ပို့စ်ကို ကြည်နူးဖွယ်ကောင်းတယ်လို့ ဆိုသူတွေရှိသလို ကြောက်စရာကြီးလို့ ဆိုသူတွေလည်း ရှိနေပါတယ်။ ပို့စ်ထဲမှာတော့ Jatuphum က ရုရှားသူလေးနဲ့ သူဘယ်လို စတွေ့ခဲ့တယ်ဆိုတာ အခုလိုရေးသားခဲ့ပါတယ်။ တစ်နေ့ Jatuphum ဟာ စတိုးဆိုင်တစ်ဆိုင်ရှေ့မှာ ပိန်ပိန်သွယ်သွယ်နဲ့ မိန်းမလှလေးတစ်ယောက်ကို လှမ်းတွေ့လိုက်ပါတယ်။

ဒါနဲ့ သူက ကောင်မလေးဆီ သွားပြီး “မင်းက ဖျက်လိုဖျက်ဆီး လုပ်လိုက်တာပဲ။ ကိုယ်က အိမ်ပြန်မလို့လုပ်နေတာ။ ဒါပေမယ့် မင်းက တော်တော်လေးလှတော့ အိမ်တောင် မပြန်နိုင်ပဲ ဆိုင်ကယ် ပြန်လှည့်ခဲ့ရတယ်။ ကိုယ်မင်းနဲ့ စကားပြောဖို့လိုတယ်။ ဒါမှ မင်းက ရုပ်လေးလှသလို စိတ်ထားလေးလည်းလှမလား သိရမှာ။

” ကောင်မလေးက ရယ်လိုက်ပြီး သူမဟာ ရုရှားမှဖြစ်ကြောင်းနဲ့ ထိုနေ့မှာ Koh Phangan ဆီလာလည်တဲ့ နောက်ဆုံးရက်ဖြစ်တယ်လို့ ဆိုပါတယ်။ Jatuphum က ကောင်မလေးကို သူနေထိုင်တဲ့ဂူဆီ အလည်လိုက်မလား မေးတော့ သူမက အန ္တရာယ်ဖြစ်နိုင်တယ်ဆိုပြီး ချက်ခြင်း လက်မခံသေးပါဘူး။ ဒါပေမယ့် Jatuphum က

“မင်းက တခြားနိုင်ငံကဆိုတော့ လူစိမ်းက သူနဲ့လိုက်ဖို့ ခေါ်နေတာ ဘယ်လိုက်နိုင်ပါ့မလဲ။ ဒါပေမယ့် မစိုးရိမ်ပါနဲ့။ ကိုယ်ခေါ်သွားမယ့်နေရာက လူသူနဲ့ မဝေးပါဘူး။ အကူအညီတွေ လှမ်းခေါ်လို့ရပါတယ်။” လို့ ဆိုတဲ့အခါမှာတော့ ကောင်မလေးက လိုက်မယ်လို့ပြောပြီး Jatuphum ရဲ့ ဆိုင်ကယ်ပေါ်ကို ခုန်တက်လိုက်ခဲ့ကြောင်း ပို့စ်မှာရေးသားထားပါတယ်။

Jatuphum ရဲ့ ပို့စ်ကိုမြင်ပြီး ထိုင်းအမျိုးသားတွေကတော့ Jatuphum ကိုသူတို့ရဲ့ idol ဆိုပြီး ခေါ်နေကြပါတယ်။ အပြောအဆိုညက်တယ်၊ သတ္တိရှိတယ်နဲ့ ချီးမွမ်းနေကြပါတယ်။ ရုရှားအမျိုးသမီးကို ဂူထဲခေါ်လာတဲ့ ပို့စ်တက်ပြီး နာရီအနည်းငယ်လောက်ကြာတဲ့အခါ Jatuphum ဟာ အိပ်ရာပေါ်မှာအိပ်နေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ပုံကို ပို့စ်ထပ်တင်ပြန်ပါသေးတယ်။

ဒါကြောင့် သူနဲ့ ပတ်သက်လို့ အွန်လိုင်းပေါ်က လူတွေကတော့ သို့လောသို့လော ဖြစ်နေပါတယ်။ ဒါတင်မကသေးပါဘူး။ Jatuphum က အရင်တုန်းကလည်း သူအပြင်တစ်ခေါက်ထွက်တိုင်း အမျိုးသမီးတစ်ယောက်က သူ့ဂူထဲ အလည်လိုက်, လိုက်လာတဲ့အကြောင်း၊ သူအပြင်ထွက်တိုင်း မိန်းမချောတွေနဲ့ချည်း တွေ့နေတော့ သူ့မှာ ဒုက္ခရောက်ရပါကြောင်း စသဖြင့် ဓာတ်ပုံတွေ ၊

စာတွေနဲ့ ရေးတင်ခဲ့ပါသေးတယ်။ Jatuphum က သူဟာ ချစ်တတ်သူ တစ်ဦးဖြစ်ပြီး သူ့မှာ ချစ်သူအမျိုးသမီးတွေ အများကြီးရှိတယ်လို့ ဆိုပါတယ်။ ရုရှားအမျိုးသမီးလေးနဲ့ ပတ်သက်တဲ့ ဇာတ်လမ်းကိုတော့ ပြန်ပြောပါဦးမယ်။ အစောပိုင်းတုန်းက အိပ်ရာပေါ်မှာ အိပ်နေတဲ့ အမျိုးသမီးက ၎င်းရုရှားသူလေး မဟုတ်ပဲ သူ့ချစ်သူတွေထဲက

တစ်ယောက်လို့ Jatuphum က ဆိုပါတယ်။ Jatuphum က ရုရှားအမျိုးသမီးလေးနဲ့ ဂူထဲရောက်တဲ့အခါ သူမကို နမ်းခွင့်တောင်းပေမယ့် ရုရှားမလေးက မရဘူးလို့ဆိုကာ သူ့ကို ငြင်းပယ်ခဲ့ကြောင်းနဲ့ လက်ရှိအချိန်ထိ သူ့ကို ငြင်းခဲ့တာဆိုလို့ ၎င်းရုရှားမလေးပဲ ရှိသေးတယ်ဆိုပြီးတော့လည်း ပြောပြခဲ့ပါတယ်။