Zawgyi

ဆင္းရဲႏြမ္းပါးတဲ့လူေတြ အျပစ္လုပ္မိလို႔ အသနားခံၾကတဲ့အခါ စိတ္မေကာင္းေသာ္လည္း မျမင္ခ်င္ေယာင္ေဆာင္ၿပီးပဲျဖစ္ျဖစ္ ဥပေဒအတိုင္း ေဆာင္႐ြက္ၾကရတာ ရဲသားတို႔ရဲ႕ တာဝန္ထုံးစံတစ္ခုလိုပါပဲ။ ႏြမ္းပါးတဲ့ လူေတြကို အေရးယူရတာဟာ ခက္ခဲေပမယ့္လည္း တိုင္းျပည္ရဲ႕ ဥပေဒကို တင္းၾကပ္စြာ ကိုင္တြယ္ၿပီး တာဝန္ေက်ပြန္ေအာင္ ေဆာင္႐ြက္ၾကရပါတယ္။

ထိုင္ဝမ္ႏိုင္ငံရွိ ရဲသားတစ္ဦးဟာ လမ္းေဘးမွာ စည္းကမ္းခ်ိဳးေဖာက္ၿပီး ဆိုင္ခင္းေရာင္းလို႔ ဒဏ္ေငြမ်ားစြာအခ်ခံရတဲ့ အဖြားအိုတစ္ဦးကို ကူညီခဲ့တဲ့အတြက္ ၎သတင္းဟာ လူသိမ်ားလာပါတယ္။ ထိုင္ဝမ္မွာ ပ်ံက်ေဈးဆိုင္ေတြမ်ားစြာရွိၿပီး တရားမဝင္ဖြင့္ထားၾကတာျဖစ္ပါတယ္။ ဒါေပမယ့္၎ဆိုင္ေတာ္ေတာ္မ်ားမ်ားဟာ

လွည္းဘီးပါတာေၾကာင့္ ရဲလိုက္ဖမ္းရင္ လြယ္ကူစြာ ထြက္ေျပးတိမ္းေရွာင္ႏိုင္ၾကပါတယ္။ ငယ္႐ြယ္သန္မာတဲ့ ေဈးသည္ေတြကေတာ့ လြယ္ကူလ်င္ျမန္စြာ ထြက္ေျပးႏိုင္ၾကေပမယ့္ သက္ႀကီး႐ြယ္အိုေဈးသည္ေတြကေတာ့ ထြက္မေျပးႏိုင္ၾကရွာပါဘူး။ Pingtung ၿမိဳ႕နယ္မွာ သနားၾကင္နာတတ္တဲ့ ရဲသားတစ္ဦးက

အဖြားအိုတစ္ဦးကို ကူညီခဲ့တဲ့ျဖစ္ရပ္ကို အင္တာနက္အသုံးျပဳသူတစ္ဦးက မွ်ေဝခဲ့ပါတယ္။ တစ္ေန႔မွာ ပ်ံက်ေဈးသည္ေတြကို ဒဏ္ေငြ႐ိုက္ဖို႔ ရဲေတြေရာက္လာစဥ္ ေဈးသည္ေတြက လ်င္ျမန္စြာ သိမ္းဆည္းၿပီး ထြက္ေျပးသြားၾကပါတယ္။ မထြက္ေျပးႏိုင္တဲ့ အဖြားအိုကေတာ့ ဒဏ္ေငြမ႐ိုက္ဖို႔ ရဲသားကို ေတာင္းပန္ေနခဲ့ၿပီး

ရဲသားကလည္း သူမရဲ႕ အျပဳအမူဟာ ဥပေဒကို ခ်ိဳးေဖာက္တာျဖစ္လို႔ တာဝန္အရေဆာင္႐ြက္ရတာျဖစ္ေၾကာင္း ျပန္ေျပာခဲ့ပါတယ္။ အဖြားအိုရွာေဖြထားတဲ့ ေငြေလးေတြဟာ ဒဏ္႐ိုက္တဲ့အထဲပါသြားေတာ့မွာျဖစ္တဲ့အတြက္ ရဲသားလည္း အလြန္စိတ္မေကာင္းျဖစ္ေနခဲ့ပါတယ္။ ထို႔ေနာက္ ရဲသားဟာ အဖြားအိုရဲ႕ ဒဏ္ေငြအတြက္ ထိုင္ဝမ္ေဒၚလာ (၂၀၀၀) ကို ထုတ္ေပးခဲ့ရာ

အစမွာေတာ့ အဖြားအိုက အမႈတိုးမွာစိုးတဲ့အတြက္ မယူရဲခဲ့ပါဘူး။ ဒါေပမယ့္ ရဲသားက စိတ္ရင္းမွန္နဲ႔ပဲ ပိုက္ဆံကို ထုတ္ေပးခဲ့ၿပီး ထြက္သြားပါေတာ့တယ္။ အျဖစ္အပ်က္ေၾကာင့္ အဖြားအိုဟာ စိတ္မေကာင္းစြာ ေက်းဇူးတင္ရင္း ငိုေနခဲ့ပါေတာ့တယ္။ အြန္လိုင္းအသုံးျပဳသူေတြကေတာ့ ၎ရဲသားရဲ႕ သနားၾကင္နာတတ္တဲ့ အျပဳအမူကို ေလးစားၾကရင္း အျဖစ္အပ်က္ကို မွ်ေဝလ်က္ရွိၾကပါတယ္။

Unicode

ဆင်းရဲနွမ်းပါးတဲ့လူတွေ အပြစ်လုပ်မိလို့ အသနားခံကြတဲ့အခါ စိတ်မကောင်းသော်လည်း မမြင်ချင်ယောင်ဆောင်ပြီးပဲဖြစ်ဖြစ် ဥပဒေအတိုင်း ဆောင်ရွက်ကြရတာ ရဲသားတို့ရဲ့ တာဝန်ထုံးစံတစ်ခုလိုပါပဲ။ နွမ်းပါးတဲ့ လူတွေကို အရေးယူရတာဟာ ခက်ခဲပေမယ့်လည်း တိုင်းပြည်ရဲ့ ဥပဒေကို တင်းကြပ်စွာ ကိုင်တွယ်ပြီး တာဝန်ကျေပွန်အောင် ဆောင်ရွက်ကြရပါတယ်။

ထိုင်ဝမ်နိုင်ငံရှိ ရဲသားတစ်ဦးဟာ လမ်းဘေးမှာ စည်းကမ်းချိုးဖောက်ပြီး ဆိုင်ခင်းရောင်းလို့ ဒဏ်ငွေများစွာအချခံရတဲ့ အဖွားအိုတစ်ဦးကို ကူညီခဲ့တဲ့အတွက် ၎င်းသတင်းဟာ လူသိများလာပါတယ်။ ထိုင်ဝမ်မှာ ပျံကျဈေးဆိုင်တွေများစွာရှိပြီး တရားမဝင်ဖွင့်ထားကြတာဖြစ်ပါတယ်။ ဒါပေမယ့်၎င်းဆိုင်တော်တော်များများဟာ လှည်းဘီးပါတာကြောင့် ရဲလိုက်ဖမ်းရင် လွယ်ကူစွာ ထွက်ပြေးတိမ်းရှောင်နိုင်ကြပါတယ်။

ငယ်ရွယ်သန်မာတဲ့ ဈေးသည်တွေကတော့ လွယ်ကူလျင်မြန်စွာ ထွက်ပြေးနိုင်ကြပေမယ့် သက်ကြီးရွယ်အိုဈေးသည်တွေကတော့ ထွက်မပြေးနိုင်ကြရှာပါဘူး။ Pingtung မြို့နယ်မှာ သနားကြင်နာတတ်တဲ့ ရဲသားတစ်ဦးက အဖွားအိုတစ်ဦးကို ကူညီခဲ့တဲ့ဖြစ်ရပ်ကို အင်တာနက်အသုံးပြုသူတစ်ဦးက မျှဝေခဲ့ပါတယ်။ တစ်နေ့မှာ ပျံကျဈေးသည်တွေကို ဒဏ်ငွေရိုက်ဖို့

ရဲတွေရောက်လာစဉ် ဈေးသည်တွေက လျင်မြန်စွာ သိမ်းဆည်းပြီး ထွက်ပြေးသွားကြပါတယ်။ မထွက်ပြေးနိုင်တဲ့ အဖွားအိုကတော့ ဒဏ်ငွေမရိုက်ဖို့ ရဲသားကို တောင်းပန်နေခဲ့ပြီး ရဲသားကလည်း သူမရဲ့ အပြုအမူဟာ ဥပဒေကို ချိုးဖောက်တာဖြစ်လို့ တာဝန်အရဆောင်ရွက်ရတာဖြစ်ကြောင်း ပြန်ပြောခဲ့ပါတယ်။ အဖွားအိုရှာဖွေထားတဲ့ ငွေလေးတွေဟာ

ဒဏ်ရိုက်တဲ့အထဲပါသွားတော့မှာဖြစ်တဲ့အတွက် ရဲသားလည်း အလွန်စိတ်မကောင်းဖြစ်နေခဲ့ပါတယ်။ ထို့နောက် ရဲသားဟာ အဖွားအိုရဲ့ ဒဏ်ငွေအတွက် ထိုင်ဝမ်ဒေါ်လာ (၂၀၀၀) ကို ထုတ်ပေးခဲ့ရာ အစမှာတော့ အဖွားအိုက အမှုတိုးမှာစိုးတဲ့အတွက် မယူရဲခဲ့ပါဘူး။ ဒါပေမယ့် ရဲသားက စိတ်ရင်းမှန်နဲ့ပဲ ပိုက်ဆံကို ထုတ်ပေးခဲ့ပြီး ထွက်သွားပါတော့တယ်။

အဖြစ်အပျက်ကြောင့် အဖွားအိုဟာ စိတ်မကောင်းစွာ ကျေးဇူးတင်ရင်း ငိုနေခဲ့ပါတော့တယ်။ အွန်လိုင်းအသုံးပြုသူတွေကတော့ ၎င်းရဲသားရဲ့ သနားကြင်နာတတ်တဲ့ အပြုအမူကို လေးစားကြရင်း အဖြစ်အပျက်ကို မျှဝေလျက်ရှိကြပါတယ်။