Zawgyi





Shoon (Cele Daily)

Unicode

စုံတွဲအဖြစ်ထင်ခံရသည်အထိ နာမည်ကြီးနေသော ဖခင်တစ်ဦးနှင့် ၁၅နှစ်အရွယ်သမီးတို့မှ ဖခင်၏ ခန့်ညာလှပစွာ အရွယ်တင်နုပျိုမှု

လူတို့သည် အလှအပဆိုသောအရာကို အသက်အရွယ်နှင့် ဆက်နွယ်မှုရှိသည်ယူ ယူဆထားကြသည်။ တကယ့်လက်တွေ့ဘဝတွင်လည်း အလှဆိုသော အရာသည် အရွယ်ရောက်လာသည်နှင့်အမျှ တဖြည်းဖြည်းကွယ်ပျောက်သွားတတ်ကြပေသည်။ လူသားတိုင်းဟာ အလှအပဆိုသောအရာကို ထိန်းသိမ်းထားနိုင်ရန်ခက်ခဲလှပေသည်။

အသက်အရွယ်ကြီးရင့်လာသောအချိန်တွင် အလှဆိုသော အရာကို ထိန်းသိမ်းရန် ကြိုးစားသူဟာလည်း တစ်ခဏသာ ထိန်းသိမ်းနိုင်ကြပေသည်။ သို့သော်လည်း ထိုင်းနိုင်ငံမှ ဖခင်တစ်ဦးကတော့ အသက်အရွယ်ဆိုသည်မှာ ကိန်းဂဏန်းတစ်ခုသာ ဖြစ်သည်ဟု ယူနေပေသည်။ အသက်အရွယ်ကို ကိန်းဂဏန်းဟု ယူဆလျှင်လည်း သူ့အဖို့ မှားယွင်းနေမည်မဟုတ်ပေ။

သူသည် အသက်အရွယ်ကြီးရင်နေပြီး ၁၅နှစ်အရွယ် သမီးတစ်ယောက်ပင် ရှိနေပြီဖြစ်သော်လည်း သူ၏ရုပ်ရည်ခန့်ညားမှုသည် သမီးဖြစ်သူနှင့်အပြိုင်လှနေဆဲပင်ဖြစ်သည်။ သမီးဖြစ်သူနှင့်အပြင်သွားသောအခါများတွင် အခြားလူများက စုံတွဲတစ်တွဲအဖြစ်သာ မြင်နေကြပြီး သမီးနှင့်အဖေဟု ထင်မှတ်သူမရှိကြဘူးဟု သိရပါသည်။

Shoon (Cele Daily)