Zawgyi
Shoon (Cele Daily)
Unicode
အင်္ဂလန်နိုင်ငံမှ စုံတွဲတစ်တွဲသည် လက်ထပ်ပြီး လေးနှစ်အကြာတွင် ပထမဆုံးသော သားငယ်ကို မွေးဖွားခဲ့ပါသည်။ သူတို့လင်မလားနှစ်ဦးသည် ကလေးမမွေးဖွားမီ စတင်ကိုယ်ဝန်ဆောင်စဉ်ကတည်းကပင် ကလေးအား အမည်ပေးရေးနှင့် ပတ်သတ်၍ အမြဲရန်ဖြစ်နေခဲ့ကြပါသည်။နောက်ဆုံးမွေးဖွားတော့မည့်
အချိန်မှပင် နှစ်ဦးသဘောတူ နားလည်မှုဖြင့် အမည်တစ်ခုကို ရရှိခဲ့ကြသည်ဟုဆို၏။ သားဦးလေးအား မွေးဖွားပြီးချိန်၌ ဖခင်သည် ရူးမတတ်ပင် အလွန်ပျော်မြူးနေခဲ့ပါသည်။ ကလေးအားလည်း အဆင်ပြေစွားမွေးဖွားနိုင်ခဲ့ပေသည်။ ထို့နောက် ဆေးရုံတွင် သားလေးအတွက် မွေးစားရင်ပြုလုပ်ပေးနိုင်ရန်
ကြိုးစားခဲ့ကြပေးသည်။ မွေးစားရင်းပြုလုပ်သည့်အချိန်၌ မိခင်သည် လိုအပ်သည့် မိဘနာမည်များနှင့် သားငယ်အတွက် နာမည်တို့ကို ပြောပြခဲ့ပါသည်။ လိုအပ်သည်များကို အကုန်ဆောင်ရွက်ပြီး ဖခင် တစ်ဦးသာ လက်မှတ်ထိုးရန် ကျန်ရှိသောအချိန်တွင် ဖခင်လည်း မွေးစားရင်းကိုယူကာ
လက်မှတ်ထိုးရန် ပြင်ဆင်ခဲ့ပေသည်။ ဖခင်သည် သားငယ်၏ နာမည်ကို မြင်ပြီးခဲ့သည့်အချိန်မှာတော့ လက်မှတ်ထိုးရန် ချက်ချင်းငြင်းဆန်ခဲ့ပေသည်။ အကြောင်းမှာ သားလေး၏နာမည်သည် သူတို့နှစ်ဦးသဘောတူထားသည့် အမည်မဟုတ်ပဲ ဖခင်ရဲ့ လုပ်ဖော်ကိုင်ဖက် တစ်ဦး၏ နာမည်ဖြစ်နေသောကြောင့်ဖြစ်ပေသည်။မိခင်ကတော့ ဆရာဝန်ကသာ လွဲမှားစွာရေးမိခဲ့သည်ဟု ထင်သည်ဟု ဆိုခဲ့ပါသည်။
Shoon (Cele Daily)