Zawgyi




Shoon (Cele Daily)

Unicode

လူတို့သည် တိရစ္ဆာန်များစွာကို အိမ်မွေးတိရိစ္ဆာန်အနေဖြင့် မွေးမြူခဲ့ကြပြီး အလှမွေးငါးများသည်လည်း လူကြိုက်အများဆုံးသော တိရိစ္ဆာန်လေးများထဲတွင် အပါအဝင်ပင်ဖြစ်သည်။ လှပေသာ အရောင်အသွေးများနှင့်အတူ မှန်ဘောင်နှင့်ပြုလုပ်ထားသော ရေကန်ငယ်လေးများထဲတွင်

ကူးခက်နေကြသော အလှမွေးငါးလေးများသည် လူတို့အတွက် နှစ်သက်ဖွယ်ရာတစ်ခုပင်ဖြစ်သည်။ လူတို့သည် အိမ်၏ဧည့်ခန်းအလယ်တွင် အလှငါးမွေးကန်လေးကို ထားရှိတတ်ကြသည်။ယခုတွင်လည်း မလေးရှားနိုင်ငံမှ အမျိုးသမီးတစ်ဦးသည် အလှမွေးငါးကန်လေးကို

သန့်ရှင်းရေးပြုလုပ်ရန် ရေများထုတ်ပြီးသည့်နောက် ငါးကန်ထဲသို့ ရေများပြန်ထည့်ပေးရန် မေ့သွားခဲ့သဖြင့် ငါးများသေဆုံးခဲ့ရပါသည်။ ထို့နောက် မလေးရှားအမျိုးသမီးသည် သေဆုံးသွားသောငါးလေးများအား စွန့်ပစ်ဖယ်ရှားရန် နှမြောသဖြင့် ငါးများအား ချက်ပြုတ်ကာ စားသောက်ခဲ့ပါသည်။

Shoon (Cele Daily)