Zawgyi

၂၀၂၁ ကိုလည္း ေရာက္လို႔လာခဲ့ပါၿပီ။ အရင္ႏွစ္တုန္းက ကြၽန္ေတာ္တို႔ေတြအေနနဲ႔ အလုပ္အကိုင္နဲ႔ ေငြေရုးေၾကးေရးကေတာ့ ကံမေကာင္းတဲ့လူေတြလည္း ရွိေနမွာပါ။ ဒါေပမဲ့ အခုေတာ့ အေျခအေနဆိုးေတေြနဲ႔လည္

း ေနသားက်ေနၿပီျဖစ္တဲ့အတြက္ေၾကာင့္ လုပ္ငန္းေတြလည္း သာမန္အတိုင္း ျပန္ၿပီး လည္ပတ္ေနပါၿပီ။ ဆိုေတာ့ ဒီႏွစ္ထဲမွာ အေႂကြးၿမီကင္းကင္းနဲ႔ စုမိေဆာင္းမိျဖစ္ေစဖို႔ ဘယ္လိုအခ်က္ေတြကို ေဆာင္ရမလဲ၊ ေရွာင္မလဲဆိုတာေလးေတြကို မွ်ေဝေပးလိုက္ပါတယ္။

(၁) လူတိုင္းအတြက္ ဝင္ေငြစီမံခန႔္ခြဲနည္း

ကိုယ့္ရဲ႕တစ္လဝင္ေငြထဲက ပုံမွန္ကုန္က်ေနက် စားစရိတ္၊ ေနစရိတ္၊ မီတာဖိုး၊ ေရဖိုး၊ အခြန္ေငြ၊ ခရီစရိတ္၊ ဖုန္းေဘ၊ အင္တာနက္ဖိုး စာေတြကို တြက္ခ်က္ၿပီး ဖယ္လိုက္ပါ။ ေနာက္မွ က်န္တဲ့ ပိုက္ဆံကို တစ္ဝက္ခြဲပါ။ တစ္ဝက္ကိုစုၿပီး ေနာက္တစ္ဝက္ကိုမွ သုံးပါ။

ဒီနည္းလမ္းဟာ ကြၽန္ေတာ္တို႔ ႏိုင္ငံရဲ႕ လစာေငြနဲ႔ အကိုက္ညီဆုံးပါပဲ။ အလုပ္တစ္ခုတည္းအေပၚမွာ မွီခိုျခင္းမျပဳဘဲနဲ႔ တျခား part-time သို႔မဟုတ္ freelance သို႔မဟုတ္ ကိုယ္ပိုင္တစ္ႏိုင္တစ္ပိုင္စီးပြားေရးေလးေတြကိုလည္း တြဲၿပီး လုပ္ေပးပါ။ အဲဒီကရတဲ့ပိုက္ဆံကိုလည္း စုေဆာင္းႏိုင္ပါတယ္။

(၂) မရွိရင္မသုံးဘူးဆိုတဲ့အခ်က္ကို က်င့္သုံးပါ

လစဥ္ပုံမွန္ကုန္က်ေနက် ကုန္က်စရိတ္ေတြကလြဲရင္ အပိုကုန္ေစမယ့္အရာေတြလိုမ်ိဳးမွာ အကန႔္အသတ္နဲ႔သုံးပါ။ အပိုေငြမက်န္ရင္ မသုံးပါနဲ႔။ ပိုက္ဆံေခ်းသုံးမယ္ဆိုတဲ့ စိတ္ကိုလည္း ေဖ်ာက္လိုက္ပါ။ မဟုတ္ရင္ အေႂကြးႏြံထဲ နစ္မွန္းမသိနစ္လာပါလိမ့္မယ္။

(၃) ရရစားစားဘဝကေန ႐ုန္းထြက္ပါ

သင္ဟာ ဝန္ထမ္းတစ္ေယာက္ဆိုရင္ လကုန္ရက္မွာ ရတဲ့လခနဲ႔ အေႂကြးဆပ္၊ ၿပီးရင္ သုံးစရာမရွိလို႔ ပိုက္ဆံထပ္ေခ်းဆိုတဲ့ သံသရာထဲက ႐ုန္းထြက္လိုက္ပါ။ ၁ သိန္းရရင္ ၁ သိန္းလုံး သုံးလိုက္မယ္ဆိုတဲ့အက်င့္ဟာ ႀကီးပြားမယ့္ လူေတြလုပ္တတ္တဲ့ အက်င့္မဟုတ္ပါဘူး။

(၄) လက္လွမ္းမမွီတဲ့အရာေတြကို ပိုင္ဆိုင္ဖို႔ မႀကိဳးစားပါနဲ႔

ဖုန္းဆိုလည္း သုံးလတစ္ခါေလာက္ model အသစ္ေပၚေနတဲ့ ေခတ္ႀကီးထဲမွာ လိုခ်င္စရာပစၥည္းေတြလည္း အရမ္းကိုမ်ားလြန္းေနမွာပါ။ ဒီအျပင္ လေပးနဲ႔အရစ္က်စနစ္ေတြကလည္း အလုပ္ရွိ႐ုံနဲ႔တင္ ယူလို႔ရေနတဲ့အတြက္

မဝယ္ႏိုင္ဘူးဆိုတဲ့အရာဆိုတာ ဒီဖက္ေခတ္မွာ မရွိသေလာက္ပါပဲ။ ဒါေပမဲ့ မလိုအပ္ဘဲနဲ႔ လက္လွမ္းမမီတဲ့အရာေတြကို အရစ္က်စနစ္နဲ႔ ဝယ္ယူျခင္းကို ေရွာင္က်ဥ္ေပးပါ။ Trend ေနာက္လိုက္တဲ့လူ မျဖစ္ပါေစနဲ႔။

credit to penny

Unicode

၂၀၂၁ ကိုလည်း ရောက်လို့လာခဲ့ပါပြီ။ အရင်နှစ်တုန်းက ကျွန်တော်တို့တွေအနေနဲ့ အလုပ်အကိုင်နဲ့ ငွေရေုးကြေးရေးကတော့ ကံမကောင်းတဲ့လူတွေလည်း ရှိနေမှာပါ။ ဒါပေမဲ့ အခုတော့ အခြေအနေဆိုးတေေွနဲ့လည်း နေသားကျနေပြီဖြစ်တဲ့အတွက်ကြောင့်

လုပ်ငန်းတွေလည်း သာမန်အတိုင်း ပြန်ပြီး လည်ပတ်နေပါပြီ။ ဆိုတော့ ဒီနှစ်ထဲမှာ အကြွေးမြီကင်းကင်းနဲ့ စုမိဆောင်းမိဖြစ်စေဖို့ ဘယ်လိုအချက်တွေကို ဆောင်ရမလဲ၊ ရှောင်မလဲဆိုတာလေးတွေကို မျှဝေပေးလိုက်ပါတယ်။

(၁) လူတိုင်းအတွက် ဝင်ငွေစီမံခန့်ခွဲနည်း

ကိုယ့်ရဲ့တစ်လဝင်ငွေထဲက ပုံမှန်ကုန်ကျနေကျ စားစရိတ်၊ နေစရိတ်၊ မီတာဖိုး၊ ရေဖိုး၊ အခွန်ငွေ၊ ခရီစရိတ်၊ ဖုန်းဘေ၊ အင်တာနက်ဖိုး စာတွေကို တွက်ချက်ပြီး ဖယ်လိုက်ပါ။ နောက်မှ ကျန်တဲ့ ပိုက်ဆံကို တစ်ဝက်ခွဲပါ။ တစ်ဝက်ကိုစုပြီး နောက်တစ်ဝက်ကိုမှ သုံးပါ။ ဒီနည်းလမ်းဟာ

ကျွန်တော်တို့ နိုင်ငံရဲ့ လစာငွေနဲ့ အကိုက်ညီဆုံးပါပဲ။ အလုပ်တစ်ခုတည်းအပေါ်မှာ မှီခိုခြင်းမပြုဘဲနဲ့ တခြား part-time သို့မဟုတ် freelance သို့မဟုတ် ကိုယ်ပိုင်တစ်နိုင်တစ်ပိုင်စီးပွားရေးလေးတွေကိုလည်း တွဲပြီး လုပ်ပေးပါ။ အဲဒီကရတဲ့ပိုက်ဆံကိုလည်း စုဆောင်းနိုင်ပါတယ်။

(၂) မရှိရင်မသုံးဘူးဆိုတဲ့အချက်ကို ကျင့်သုံးပါ

လစဉ်ပုံမှန်ကုန်ကျနေကျ ကုန်ကျစရိတ်တွေကလွဲရင် အပိုကုန်စေမယ့်အရာတွေလိုမျိုးမှာ အကန့်အသတ်နဲ့သုံးပါ။ အပိုငွေမကျန်ရင် မသုံးပါနဲ့။ ပိုက်ဆံချေးသုံးမယ်ဆိုတဲ့ စိတ်ကိုလည်း ဖျောက်လိုက်ပါ။ မဟုတ်ရင် အကြွေးနွံထဲ နစ်မှန်းမသိနစ်လာပါလိမ့်မယ်။

(၃) ရရစားစားဘဝကနေ ရုန်းထွက်ပါ

သင်ဟာ ဝန်ထမ်းတစ်ယောက်ဆိုရင် လကုန်ရက်မှာ ရတဲ့လခနဲ့ အကြွေးဆပ်၊ ပြီးရင် သုံးစရာမရှိလို့ ပိုက်ဆံထပ်ချေးဆိုတဲ့ သံသရာထဲက ရုန်းထွက်လိုက်ပါ။ ၁ သိန်းရရင် ၁ သိန်းလုံး သုံးလိုက်မယ်ဆိုတဲ့အကျင့်ဟာ ကြီးပွားမယ့် လူတွေလုပ်တတ်တဲ့ အကျင့်မဟုတ်ပါဘူး။

(၄) လက်လှမ်းမမှီတဲ့အရာတွေကို ပိုင်ဆိုင်ဖို့ မကြိုးစားပါနဲ့

ဖုန်းဆိုလည်း သုံးလတစ်ခါလောက် model အသစ်ပေါ်နေတဲ့ ခေတ်ကြီးထဲမှာ လိုချင်စရာပစ္စည်းတွေလည်း အရမ်းကိုများလွန်းနေမှာပါ။ ဒီအပြင် လပေးနဲ့အရစ်ကျစနစ်တွေကလည်း အလုပ်ရှိရုံနဲ့တင် ယူလို့ရနေတဲ့အတွက်

မဝယ်နိုင်ဘူးဆိုတဲ့အရာဆိုတာ ဒီဖက်ခေတ်မှာ မရှိသလောက်ပါပဲ။ ဒါပေမဲ့ မလိုအပ်ဘဲနဲ့ လက်လှမ်းမမီတဲ့အရာတွေကို အရစ်ကျစနစ်နဲ့ ဝယ်ယူခြင်းကို ရှောင်ကျဉ်ပေးပါ။ Trend နောက်လိုက်တဲ့လူ မဖြစ်ပါစေနဲ့။

credit to penny