၂၀၂၁ မွာ ထီေပါက္ေငြဝင္ႏိုင္တဲ့ ရာသီခြင္မ်ား

Zawgyi

မကာရရာသီဖြား (ဒီဇင္ဘာ ၂၂ မွ ဇန္နဝါရီ ၁၉ အတြင္း ေမြးဖြားသူမ်ား)

တစ္ႏွစ္တာလုံးမွာ ေငြေၾကးစီးပြားလာဘ္လာဘနဲ႔ ပတ္သက္လို႔ ကံေကာင္းတတ္ပါတယ္။ အရင္ႏွစ္ေတြထက္ ပိုၿပီး ဝင္ေငြတိုးလာႏိုင္သလို ထီေပါက္ကိန္းလည္း ရွိေနပါတယ္။ ကိုယ့္စိတ္ကူးနဲ႔ ထီထိုးတာအျပင္ အိပ္မက္ ရတာ၊

ဘာသာေရးပုဂၢိဳလ္ေတြက ခ်ီးျမႇင့္တာမ်ိဳးကေနလည္း ေငြဝင္ထီေပါက္တတ္ပါတယ္။ ေဖေဖာ္ဝါရီလ၊ ေမ ၊ ၾသဂုတ္နဲ႔ ႏိုဝင္ဘာလေတြမွာ ေငြေၾကးကံ ပိုအားေကာင္းတဲ့အတြက္ ကံစမ္းဉာဏ္စမ္းေတြ လုပ္ၾကည့္ေပးပါ။

ၿပိႆရာသီဖြား (ဧၿပီ ၂၀ မွ ေမ ၂၀ အတြင္း ေမြးဖြားသူမ်ား)

ၿပိႆေတြက မကာရေတြေလာက္ ေငြကံ အားမေကာင္းေပမယ့္ ဒီႏွစ္ထဲမွာေတာ့ ဝင္ေငြလမ္းေၾကာင္းသစ္ေတြ ပြင့္လာၿပီး အလုပ္အကိုင္ေတြလည္း ထူးျခားေကာင္းမြန္လာတတ္ပါတယ္။ အေမြအႏွစ္ ရတာမ်ိဳးအျပင္

အလုပ္၊ စီးပြားဘက္ကေန အက်ိဳးအျမတ္ ႀကီးႀကီးမားမား ဝင္လာႏိုင္ပါတယ္။ ဘာသာေရးအလုပ္ေတြ ပိုအားစိုက္ျဖစ္ရင္ ဒီႏွစ္မွာ ကံပိုေကာင္းတတ္ပါတယ္။ မတ္ ၊ ေမ ၊ ၾသဂုတ္ ၊ ေအာက္တိုဘာလေတြမွာ ေငြကံေကာင္းႏိုင္ပါတယ္။

ကန္ရာသီဖြား (ၾသဂုတ္ ၂၃ မွ စက္တင္ဘာ ၂၂ အတြင္း ေမြးဖြားသူမ်ား)

ဒီႏွစ္မွာ အလုပ္အကိုင္ အခြင့္အလမ္းေကာင္း ရတတ္တဲ့ ကန္ရာသီဖြားေတြဟာ ေငြေၾကးပိုင္းမွာလည္း ကံေတြ ပိုေကာင္းလာႏိုင္ပါတယ္။ ပုံမွန္ဝင္ေငြလမ္းေၾကာင္းအျပင္ တစ္မူထူးျခားတဲ့ ေငြေၾကးဆိုင္ရာ

အခြင့္အေရးေတြပါ ရရွိလာတတ္ပါတယ္။ ေခတ္မီနည္းပညာေတြနဲ႔လည္း ေငြရလမ္းကို ေဖာ္ေဆာင္ႏိုင္ပါလိမ့္မယ္။ ေငြကံထူးႏိုင္တဲ့ လေတြကေတာ့ မတ္နဲ ဧၿပီလၾကား ၊ ေမ ၊ ၾသဂုတ္နဲ႔ စက္တင္ဘာၾကားကာလေတြပဲ ျဖစ္ပါတယ္။

ေဖာ္ျပပါ ရာသီခြင္ (၃) ခုအျပင္ ကုမ္၊ ေမထုန္ နဲ႔ တူ ရာသီဖြားေတြကလည္း ေငြေၾကးနဲ႔ ပတ္သက္ရင္ ကံေတြ ပို ေကာင္းမယ့္ အလားအလာ ရွိေနပါတယ္။ ကံတရားက အခြင့္အေရး ေပးထားခ်ိန္မွာ ကိုယ့္ဘက္ကလည္း မပ်က္မကြက္ ကံစမ္းၾကည့္ၾကဖို႔ ႏႈိးေဆာ္တိုက္တြန္းလိုက္ရပါတယ္။

ႏွစ္သစ္မွာ ေငြေၾကးကံေကာင္းျခင္းနဲ႔ ျပည့္စုံႏိုင္ၾကပါေစ ဧက (ေဗဒင္သဳတ)

Unicode

မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉ အတွင်း မွေးဖွားသူများ)

တစ်နှစ်တာလုံးမှာ ငွေကြေးစီးပွားလာဘ်လာဘနဲ့ ပတ်သက်လို့ ကံကောင်းတတ်ပါတယ်။ အရင်နှစ်တွေထက် ပိုပြီး ဝင်ငွေတိုးလာနိုင်သလို ထီပေါက်ကိန်းလည်း ရှိနေပါတယ်။ ကိုယ့်စိတ်ကူးနဲ့ ထီထိုးတာအပြင် အိပ်မက် ရတာ၊

ဘာသာရေးပုဂ္ဂိုလ်တွေက ချီးမြှင့်တာမျိုးကနေလည်း ငွေဝင်ထီပေါက်တတ်ပါတယ်။ ဖေဖော်ဝါရီလ၊ မေ ၊ သြဂုတ်နဲ့ နိုဝင်ဘာလတွေမှာ ငွေကြေးကံ ပိုအားကောင်းတဲ့အတွက် ကံစမ်းဉာဏ်စမ်းတွေ လုပ်ကြည့်ပေးပါ။

ပြိဿရာသီဖွား (ဧပြီ ၂၀ မှ မေ ၂၀ အတွင်း မွေးဖွားသူများ)

ပြိဿတွေက မကာရတွေလောက် ငွေကံ အားမကောင်းပေမယ့် ဒီနှစ်ထဲမှာတော့ ဝင်ငွေလမ်းကြောင်းသစ်တွေ ပွင့်လာပြီး အလုပ်အကိုင်တွေလည်း ထူးခြားကောင်းမွန်လာတတ်ပါတယ်။ အမွေအနှစ် ရတာမျိုးအပြင် အလုပ်၊ စီးပွားဘက်ကနေ

အကျိုးအမြတ် ကြီးကြီးမားမား ဝင်လာနိုင်ပါတယ်။ ဘာသာရေးအလုပ်တွေ ပိုအားစိုက်ဖြစ်ရင် ဒီနှစ်မှာ ကံပိုကောင်းတတ်ပါတယ်။ မတ် ၊ မေ ၊ သြဂုတ် ၊ အောက်တိုဘာလတွေမှာ ငွေကံကောင်းနိုင်ပါတယ်။

ကန်ရာသီဖွား (သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂ အတွင်း မွေးဖွားသူများ)

ဒီနှစ်မှာ အလုပ်အကိုင် အခွင့်အလမ်းကောင်း ရတတ်တဲ့ ကန်ရာသီဖွားတွေဟာ ငွေကြေးပိုင်းမှာလည်း ကံတွေ ပိုကောင်းလာနိုင်ပါတယ်။ ပုံမှန်ဝင်ငွေလမ်းကြောင်းအပြင် တစ်မူထူးခြားတဲ့ ငွေကြေးဆိုင်ရာ အခွင့်အရေးတွေပါ ရရှိလာတတ်ပါတယ်။

ခေတ်မီနည်းပညာတွေနဲ့လည်း ငွေရလမ်းကို ဖော်ဆောင်နိုင်ပါလိမ့်မယ်။ ငွေကံထူးနိုင်တဲ့ လတွေကတော့ မတ်နဲ ဧပြီလကြား ၊ မေ ၊ သြဂုတ်နဲ့ စက်တင်ဘာကြားကာလတွေပဲ ဖြစ်ပါတယ်။

ဖော်ပြပါ ရာသီခွင် (၃) ခုအပြင် ကုမ်၊ မေထုန် နဲ့ တူ ရာသီဖွားတွေကလည်း ငွေကြေးနဲ့ ပတ်သက်ရင် ကံတွေ ပို ကောင်းမယ့် အလားအလာ ရှိနေပါတယ်။ ကံတရားက အခွင့်အရေး ပေးထားချိန်မှာ ကိုယ့်ဘက်ကလည်း မပျက်မကွက် ကံစမ်းကြည့်ကြဖို့ နှိုးဆော်တိုက်တွန်းလိုက်ရပါတယ်။

နှစ်သစ်မှာ ငွေကြေးကံကောင်းခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေ ဧက (ေဗဒင္သုတ)