Zawgyi

ေဆးဖက္ဝင္တယ္၊ ဆီးခ်ိဳ ေသြးခ်ိဳ က်တယ္ဆိုၿပီး စားေလ့ရွိ တဲ့ၾကက္ဟင္းခါးသီးကို လြန္ခဲ့တဲ့ ႏွစ္ေပါင္းမ်ားစြာကတည္းက ဆီးခ်ိဳေရာဂါအတြက္ အသုံးျပဳခဲ့ၾကတာပါ။ ေၾကာ္ပဲစားစား၊ အသားနဲ႔ပဲ ႏွပ္စားစား အရသာရွိတဲ့ ၾကက္ဟင္းခါးသီး အဆီအႏွစ္က ကင္ဆာေရာဂါကို ကာကြယ္ေပးႏိုင္တယ္လို႔ ေလ့လာမႈေတြအရ သိခဲ့ရ ပါတယ္။ ေလ့လာမႈရဲ႕ရလဒ္

အခုေနာက္ဆုံးလုပ္ေဆာင္ခဲ့ တဲ့ ေလ့လာမႈအသစ္တစ္ရပ္အရ သိလိုက္ရတာက ၾကက္ဟင္းခါး သီးက ဆီးခ်ိဳေရာဂါအတြက္တင္ ေဆးဖက္ဝင္တာမဟုတ္ဘဲ ကင္ဆာ ေရာဂါကိုပါ ကာကြယ္ေပးႏိုင္ တယ္လို႔ ေတြ႕ရွိခဲ့ရပါတယ္။ အာရွလူမ်ိဳး ေတာ္ေတာ္မ်ားမ်ား ႏွစ္သက္ခံတြင္းေတြ႕တဲ့ ၾကက္ဟင္းခါးသီးက အရသာ ခါးသက္သက္ရွိေပမဲ့

က်န္းမာေရးကို ေတာ္ေတာ္ေလး အေထာက္အကူျပဳေပး ပါတယ္။ ၾကက္ဟင္းခါးသီး အဆီအႏွစ္က ကင္ဆာမျဖစ္ေအာင္ ကာကြယ္ေပးႏိုင္သလို ကင္ဆာက်ိတ္ ေတြႀကီးထြားမလာေစဖို႔နဲ႔ ကင္ဆာဆဲလ္ေတြ ျပန႔္ပြားမႈကို အထိေရာက္ဆုံး ဟန႔္တားေပးႏိုင္ပါ ေသးတယ္။ အခု ေလ့လာေတြ႕ရွိမႈ က ကင္ဆာကာကြယ္ကုသမႈကို ေတာ္ေတာ္ေလး

အေထာက္အကူ ျပဳေပးႏိုင္မွာပါ။ အခုေလ့လာမႈအတြင္း ၾကက္ဟင္းခါးသီးက ရင္သားကင္ဆာ၊ ဆီးက်ိတ္ကင္ဆာ၊ ဦးေခါင္းနဲ႔ လည္ပင္းကင္ဆာဆဲလ္ေတြအေပၚ မွာ သက္ေရာက္မႈရွိလားဆို တာကို ေလ့လာခဲ့ပါတယ္။ ဓာတ္ခြဲခန္းမွာ ေလ့လာမႈအရ ေတြ႕ရွိခဲ့ရ တာကေတာ့ ၾကက္ဟင္းခါးသီး အဆီအႏွစ္က ကင္ဆာဆဲလ္ေတြျပန႔္ ပြားမႈ ကို

အထိေရာက္ဆုံး ဟန႔္တား ေပးႏိုင္တယ္လို႔ ေတြ႕ရွိခဲ့ရပါတယ္။ ေနာက္ထပ္ေတြ႕ရွိခဲ့တာ တစ္ခ်က္ကေတာ့ ၾကက္ဟင္းခါးသီး အဆီအႏွစ္က ခံတြင္းကင္ဆာနဲ႔ လွ်ာကင္ဆာကို အထိေရာက္ဆုံး ေလွ်ာ့ခ်ေပးႏိုင္တယ္ဆိုတာပါ။ ဒါေၾကာင့္ ကင္ဆာကို ကာကြယ္ဖို႔ျဖစ္ျဖစ္၊ ကုသမႈအတြက္ ျဖစ္ျဖစ္

ၾကက္ဟင္းခါးသီးကို စား ေပးလို႔ရပါတယ္။ အစာလည္းေဆး၊ ေဆးလည္း အစာ ဆိုတဲ့အတိုင္း တစ္ပတ္ကို အနည္းဆုံး ႏွစ္ႀကိမ္ေလာက္ ၾကက္ဟင္းခါးသီးကို ေဆးျဖစ္ဝါးျဖစ္ေလး စားေပးတာက က်န္းမာေရး အတြက္ ကာကြယ္ ၿပီးသားျဖစ္မွာပါ။

Credit မေအးသီမြန္(KumudraJournal)

Unicode

ဆေးဖက်ဝင်တယ်၊ ဆီးချို သွေးချို ကျတယ်ဆိုပြီး စားလေ့ရှိ တဲ့ကြက်ဟင်းခါးသီးကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ဆီးချိုရောဂါအတွက် အသုံးပြုခဲ့ကြတာပါ။ ကြော်ပဲစားစား၊ အသားနဲ့ပဲ နှပ်စားစား အရသာရှိတဲ့ ကြက်ဟင်းခါးသီး အဆီအနှစ်က ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်တယ်လို့ လေ့လာမှုတွေအရ သိခဲ့ရ ပါတယ်။

လေ့လာမှုရဲ့ရလဒ် အခုနောက်ဆုံးလုပ်ဆောင်ခဲ့ တဲ့ လေ့လာမှုအသစ်တစ်ရပ်အရ သိလိုက်ရတာက ကြက်ဟင်းခါး သီးက ဆီးချိုရောဂါအတွက်တင် ဆေးဖက်ဝင်တာမဟုတ်ဘဲ ကင်ဆာ ရောဂါကိုပါ ကာကွယ်ပေးနိုင် တယ်လို့ တွေ့ရှိခဲ့ရပါတယ်။ အာရှလူမျိုး တော်တော်များများ နှစ်သက်ခံတွင်းတွေ့တဲ့ ကြက်ဟင်းခါးသီးက အရသာ

ခါးသက်သက်ရှိပေမဲ့ ကျန်းမာရေးကို တော်တော်လေး အထောက်အကူပြုပေး ပါတယ်။ ကြက်ဟင်းခါးသီး အဆီအနှစ်က ကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင်သလို ကင်ဆာကျိတ် တွေကြီးထွားမလာစေဖို့နဲ့ ကင်ဆာဆဲလ်တွေ ပြန့်ပွားမှုကို အထိရောက်ဆုံး ဟန့်တားပေးနိုင်ပါ သေးတယ်။ အခု လေ့လာတွေ့ရှိမှု က

ကင်ဆာကာကွယ်ကုသမှုကို တော်တော်လေး အထောက်အကူ ပြုပေးနိုင်မှာပါ။ အခုလေ့လာမှုအတွင်း ကြက်ဟင်းခါးသီးက ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ ဦးခေါင်းနဲ့ လည်ပင်းကင်ဆာဆဲလ်တွေအပေါ် မှာ သက်ရောက်မှုရှိလားဆို တာကို လေ့လာခဲ့ပါတယ်။ ဓာတ်ခွဲခန်းမှာ လေ့လာမှုအရ တွေ့ရှိခဲ့ရ တာကတော့ ကြက်ဟင်းခါးသီး

အဆီအနှစ်က ကင်ဆာဆဲလ်တွေပြန့် ပွားမှု ကို အထိရောက်ဆုံး ဟန့်တား ပေးနိုင်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။ နောက်ထပ်တွေ့ရှိခဲ့တာ တစ်ချက်ကတော့ ကြက်ဟင်းခါးသီး အဆီအနှစ်က ခံတွင်းကင်ဆာနဲ့ လျှာကင်ဆာကို အထိရောက်ဆုံး လျှော့ချပေးနိုင်တယ်ဆိုတာပါ။ ဒါကြောင့် ကင်ဆာကို ကာကွယ်ဖို့ဖြစ်ဖြစ်၊

ကုသမှုအတွက် ဖြစ်ဖြစ် ကြက်ဟင်းခါးသီးကို စား ပေးလို့ရပါတယ်။ အစာလည်းဆေး၊ ဆေးလည်း အစာ ဆိုတဲ့အတိုင်း တစ်ပတ်ကို အနည်းဆုံး နှစ်ကြိမ်လောက် ကြက်ဟင်းခါးသီးကို ဆေးဖြစ်ဝါးဖြစ်လေး စားပေးတာက ကျန်းမာရေး အတွက် ကာကွယ် ပြီးသားဖြစ်မှာပါ။

Credit မအေးသီမွန်(KumudraJournal)