Zawgyi

ပ႐ိုတင္းဟာ ဗိုက္ျပည့္ေစတဲ့ အစားအစာတစ္ခု ျဖစ္ပါတယ္။ အသားကရတဲ့ ပ႐ိုတင္းထက္ အသီးအႏွံ၊ ဟင္းသီးဟင္း႐ြက္ အထူးသျဖင့္ ပဲ အမ်ိဳးမ်ိဳးကရတဲ့ ပ႐ိုတင္းဓာတ္ဟာ အဆာၾကာၾကာခံေစၿပီး က်န္းမာေရးနဲ႔လည္း ညီၫြတ္ပါတယ္။ ဒိန္းမတ္သုေတသီမ်ား ျပဳလုပ္တဲ့ ေလ့လာမႈတစ္ခုမွာ အမ်ိဳးသား ၄၃ ဦးကို မနက္စာ အမ်ိဳးမ်ိဳး ေကြၽးၿပီးစမ္းသပ္ခဲ့ပါတယ္။

မနက္စာ စားၿပီးေနာက္ ဗိုက္ျပည့္ရဲ႕လား၊ ဘယ္ေလာက္ တင္းတိမ္မႈရွိသလဲ ေမးခြန္းမ်ားကို ေမးျမန္းခဲ့ပါတယ္။ မနက္စာ အမ်ိဳးမ်ိဳးထဲမွာမွ ပဲအမ်ိဳးမ်ိဳး အေျခခံတဲ့ မနက္စာကိုစားသုံးသူမ်ားဟာ အျခားသူမ်ားထက္ ေန႔လယ္စာေလ်ာ့နည္းစြာ စားသုံးတာကို ေတြ႕ရွိခဲ့ပါတယ္။ ပဲအမ်ိဳးမ်ိဳးမွာ အမွ်င္ဓာတ္ ျမင့္မားစြာ ပါဝင္ေနလို႔ အစာစားၿပီးေနာက္ ဗိုက္ျပည့္ကာ ေက်နပ္တင္းတိမ္ေသာ

ခံစားမႈကို ပိုမိုေပးစြမ္းႏိုင္ပါတယ္။ ပဲအမ်ိဳးမ်ိဳးထဲမွာ ဗီတာမင္နဲ႔ သတၳဳဓာတ္မ်ား ႂကြယ္ဝစြာ ပါဝင္ေနၿပီး အူလမ္းေၾကာင္းရွိ ဗက္တီးရီးယားမ်ားအတြက္ ေကာင္းမြန္ေသာ အစားအစာတစ္မ်ိဳးလည္းျဖစ္ေၾကာင္း သိရပါတယ္။ ဒါေၾကာင့္ မနက္တိုင္း ပဲျပဳတ္နဲ႔ ထမင္းကို ပဲဆီေမႊးေမႊးေလးနဲ႔ နယ္ကာ စားတတ္ေလ့ ရွိေသာသူမ်ားအတြက္ သတင္း ေကာင္းတစ္ခုျဖစ္ပါတယ္။

Crd;Health Digest Journal

Unicode

ပရိုတင်းဟာ ဗိုက်ပြည့်စေတဲ့ အစားအစာတစ်ခု ဖြစ်ပါတယ်။ အသားကရတဲ့ ပရိုတင်းထက် အသီးအနှံ၊ ဟင်းသီးဟင်းရွက် အထူးသဖြင့် ပဲ အမျိုးမျိုးကရတဲ့ ပရိုတင်းဓာတ်ဟာ အဆာကြာကြာခံစေပြီး ကျန်းမာရေးနဲ့လည်း ညီညွတ်ပါတယ်။ ဒိန်းမတ်သုတေသီများ ပြုလုပ်တဲ့ လေ့လာမှုတစ်ခုမှာ အမျိုးသား ၄၃ ဦးကို မနက်စာ အမျိုးမျိုး ကျွေးပြီးစမ်းသပ်ခဲ့ပါတယ်။

မနက်စာ စားပြီးနောက် ဗိုက်ပြည့်ရဲ့လား၊ ဘယ်လောက် တင်းတိမ်မှုရှိသလဲ မေးခွန်းများကို မေးမြန်းခဲ့ပါတယ်။ မနက်စာ အမျိုးမျိုးထဲမှာမှ ပဲအမျိုးမျိုး အခြေခံတဲ့ မနက်စာကိုစားသုံးသူများဟာ အခြားသူများထက် နေ့လယ်စာလျော့နည်းစွာ စားသုံးတာကို တွေ့ရှိခဲ့ပါတယ်။ ပဲအမျိုးမျိုးမှာ အမျှင်ဓာတ် မြင့်မားစွာ ပါဝင်နေလို့

အစာစားပြီးနောက် ဗိုက်ပြည့်ကာ ကျေနပ်တင်းတိမ်သော ခံစားမှုကို ပိုမိုပေးစွမ်းနိုင်ပါတယ်။ ပဲအမျိုးမျိုးထဲမှာ ဗီတာမင်နဲ့ သတ္ထုဓာတ်များ ကြွယ်ဝစွာ ပါဝင်နေပြီး အူလမ်းကြောင်းရှိ ဗက်တီးရီးယားများအတွက် ကောင်းမွန်သော အစားအစာတစ်မျိုးလည်းဖြစ်ကြောင်း သိရပါတယ်။ ဒါကြောင့် မနက်တိုင်း ပဲပြုတ်နဲ့ ထမင်းကို ပဲဆီမွှေးမွှေးလေးနဲ့ နယ်ကာ စားတတ်လေ့ ရှိသောသူများအတွက် သတင်း ကောင်းတစ်ခုဖြစ်ပါတယ်။

Crd;Health Digest Journal