Sat. Jan 22nd, 2022

Zawgyi

ရန္ကုန္တိုင္းေဒသႀကီး၊ကမာ႐ြတ္ၿမိဳ႕နယ္၊ဆင္မလိုက္ေစ်း(၈)လႊာမွာရွိတဲ့ အဆိုေတာ္ျမန္မာျပည္သိန္းတန္ရဲ႕ဇနီး ပိုင္ဆိုင္တဲ့ တိုက္ခန္းမွာ ဝါယာေရွာ့ျဖစ္ၿပီး ဇန္နဝါရီ ၂၁ ရက္မနက္ ၁၀ နာရီ ၃၆ မိနစ္က မီးေလာင္မႈျဖစ္ပြားခဲ့ပါတယ္။ အဲဒီမီးေလာင္တဲ့ေနရာကို ကမာ႐ြတ္ၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႕စခန္းက

မီးသတ္ယာဥ္သုံးစီးနဲ႔သြားေရာက္ျငႇိမ္းသတ္ခဲ့ၾကတာေၾကာင့္ မနက္ ၁၀ နာရီ ၄၆ မိနစ္မွာမီးၿငိမ္းသြားခဲ့ပါတယ္။မီးေလာင္မႈၾကာျမင့္ခ်ိန္ကေတာ့ ၁၀ မိနစ္ခန႔္သာၾကာျမင့္ခဲ့တာျဖစ္ပါတယ္။မီးေလာင္တဲ့တိုက္ခန္းမွာ လူမေနဘူးလို႔လည္း သိရပါတယ္။ “မီးေလာင္မႈျဖစ္စဥ္ကို သိသိခ်င္းမွာ

ကမာ႐ြတ္ၿမိဳ႕နယ္မီးသတ္စခန္းက တပ္ဖြဲ႕ဝင္ေတြသြားၿငိမ္းခဲ့ၾကတယ္ ရပ္ကြက္ကလည္းဝိုင္းၿငိမ္းေပးခဲ့ၾကပါတယ္ အမ်ားႀကီးေလာင္သြားတာမဟုတ္ပါဘူး အလွျပင္ခုံနဲ႔အလွျပင္ပစၥည္းေတြ အဝတ္အစားနည္းနည္းေလာက္ပဲ ေလာင္သြားတာပါ”လို႔ ရန္ကုန္တိုင္းမီးသတ္တပ္ဖြဲ႕စခန္းမွ

တာဝန္က်မီးသတ္အရာရွိတစ္ဦးကေျပာပါတယ္။ မီးေလာင္မႈေၾကာင့္ ဆုံးရႈံးမႈတန္ဖိုးက က်ပ္ငါးေသာင္းရွိၿပီး ကမာ႐ြတ္ၿမိဳ႕မရဲစခန္းက မီးေပါ့ဆမႈနဲ႔ အိမ္ပိုင္ရွင္ ေဒၚႏုနႏၵာသန္း (ျမန္မာျပည္သိန္းတန္ရဲ႕ဇနီး) ကို (ပ)၃၂ / ၂၀၂၁ ၊ ရာဇသတ္ႀကီးပုဒ္မ-၂၈၅ နဲ႔အမႈဖြင့္အေရးယူထားတယ္လို႔ သိရပါတယ္။

ရာဇသတ္ႀကီးပုဒ္မ-၂၈၅ ဟာဆိုရင္ မီးႏွင့္ သို႔တည္းမဟုတ္ မီးေလာင္လြယ္ေသာအရာဝတၳဳႏွင့္စပ္လ်ဥ္းၿပီး ေပါ့ဆျခင္းအတြက္ ဖြင့္လွစ္အေရးယူတဲ့ပုဒ္မျဖစ္ပါတယ္။ ဒီပုဒ္မမွာဆိုရင္ ျပစ္ဒဏ္အေနနဲ႔ သုံးႏွစ္ထိေထာင္ဒဏ္တစ္မ်ိဳးမ်ိဳးခ်မွတ္ရမည့္ျပင္ ေငြဒဏ္လည္းခ်မွတ္ႏိုင္ တယ္လို႔ ရာဇသတ္ႀကီးဥပေဒမွာ ျပဌာန္းထားပါတယ္။ အလြတ္တန္းသတင္းေထာက္ေက်ာ္သူ ေပးပို႔ေသာ သတင္းျဖစ္ပါသည္။

Unicode

ရန်ကုန်တိုင်းဒေသကြီး၊ကမာရွတ်မြို့နယ်၊ဆင်မလိုက်စျေး(၈)လွှာမှာရှိတဲ့ အဆိုတော်မြန်မာပြည်သိန်းတန်ရဲ့ဇနီး ပိုင်ဆိုင်တဲ့ တိုက်ခန်းမှာ ဝါယာရှော့ဖြစ်ပြီး ဇန်နဝါရီ ၂၁ ရက်မနက် ၁၀ နာရီ ၃၆ မိနစ်က မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ အဲဒီမီးလောင်တဲ့နေရာကို ကမာရွတ်မြို့နယ်မီးသတ်တပ်ဖွဲ့စခန်းက

မီးသတ်ယာဥ်သုံးစီးနဲ့သွားရောက်ငြှိမ်းသတ်ခဲ့ကြတာကြောင့် မနက် ၁၀ နာရီ ၄၆ မိနစ်မှာမီးငြိမ်းသွားခဲ့ပါတယ်။မီးလောင်မှုကြာမြင့်ချိန်ကတော့ ၁၀ မိနစ်ခန့်သာကြာမြင့်ခဲ့တာဖြစ်ပါတယ်။မီးလောင်တဲ့တိုက်ခန်းမှာ လူမနေဘူးလို့လည်း သိရပါတယ်။ “မီးလောင်မှုဖြစ်စဥ်ကို သိသိချင်းမှာ ကမာရွတ်မြို့နယ်မီးသတ်စခန်းက

တပ်ဖွဲ့ဝင်တွေသွားငြိမ်းခဲ့ကြတယ် ရပ်ကွက်ကလည်းဝိုင်းငြိမ်းပေးခဲ့ကြပါတယ် အများကြီးလောင်သွားတာမဟုတ်ပါဘူး အလှပြင်ခုံနဲ့အလှပြင်ပစ္စည်းတွေ အဝတ်အစားနည်းနည်းလောက်ပဲ လောင်သွားတာပါ”လို့ ရန်ကုန်တိုင်းမီးသတ်တပ်ဖွဲ့စခန်းမှ တာဝန်ကျမီးသတ်အရာရှိတစ်ဦးကပြောပါတယ်။ မီးလောင်မှုကြောင့်

ဆုံးရှုံးမှုတန်ဖိုးက ကျပ်ငါးသောင်းရှိပြီး ကမာရွတ်မြို့မရဲစခန်းက မီးပေါ့ဆမှုနဲ့ အိမ်ပိုင်ရှင် ဒေါ်နုနန္ဒာသန်း (မြန်မာပြည်သိန်းတန်ရဲ့ဇနီး) ကို (ပ)၃၂ / ၂၀၂၁ ၊ ရာဇသတ်ကြီးပုဒ်မ-၂၈၅ နဲ့အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။ ရာဇသတ်ကြီးပုဒ်မ-၂၈၅ ဟာဆိုရင် မီးနှင့် သို့တည်းမဟုတ် မီးလောင်လွယ်သောအရာဝတ္ထုနှင့်စပ်လျဥ်းပြီး

ပေါ့ဆခြင်းအတွက် ဖွင့်လှစ်အရေးယူတဲ့ပုဒ်မဖြစ်ပါတယ်။ ဒီပုဒ်မမှာဆိုရင် ပြစ်ဒဏ်အနေနဲ့ သုံးနှစ်ထိထောင်ဒဏ်တစ်မျိုးမျိုးချမှတ်ရမည့်ပြင် ငွေဒဏ်လည်းချမှတ်နိုင် တယ်လို့ ရာဇသတ်ကြီးဥပဒေမှာ ပြဌာန်းထားပါတယ်။ အလွတ်တန်းသတင်းထောက်ကျော်သူ ပေးပို့သော သတင်းဖြစ်ပါသည်။