Zawgyi
Source:Eimyo Myatmon
Unicode
သားပိုက်မလိုက်ချင်လို့ပါအမေ….အုတ်နီခဲ‌နဲ့တော့မထုပါနဲ့နော်အမေ…. (ဘယ်လိုအမေလဲနော် လုပ်ရက်နေတာ😔😔)
မင်္ဂလာပါ ချစ်ပရိသတ်ကြီးရေ ယခုပြောပြပေးသွားမယ့် အကြောင်းအရာလေးကတော့ အသက် ၁၃ နှစ်သာ ရှိသေးတယ် ကလေးငယ်လေးကို အတင်းတွေ ပိုက်လိုက်ခိုင်းတဲ့ အကြောင်းလေးပါ။ သူတို့မိသားစုလေးက ငွေကြေးခက်ခဲတယ် ထင်ပါရဲ့။ သို့ပေမယ့်လည်း အသက် မပြည့်သေးတဲ့
ကလေးကို မလုပ်ချင်တာတော့ အတင်းမလုပ် ခိုင်းသင့်ပါဘူး။ ကျနော့် အနေနဲ့ ပိုက်လိုက်ခိုင်းတယ်ဆိုတာ ဘာလဲ နားမလည်ပေမယ့် ကလေးကို ဆံပင်ဆွဲပြီး အတင်းတွေ ဆွဲခေါ်နေတာ ဗီဒီဖိုင်မှာ တွေ့ရပါတယ်။ ဒီဖြစ်စဥ်လေးကို ဗီဒီယို ရိုက်ထားတဲ့သူက အိမ်နီးနားချင်း တစ်ဦးပါ။
မိဘတွေကအစ ဒီလိုမျိုး အသက်မပြည့်သေးတဲ့ ကိုယ့်သားသမီးကို အတင်းအကြပ် မလုပ်ခိုင်းသင့်ပါဘူး။ မိခင်ဖြစ်သူက ပိုက်လိုက်ခိုင်းတာ မလိုက်လို့ဆိုပြီး အုပ်နီခဲ ကောက်ကိုင်ကာ ကိုယ်မွေးထားတဲ့ သားသမီးကို ထုဖို့လုပ်ရလောက်တဲ့အထိပါပဲ ကလေးက ကြောက်ပြီး ဗီဒီယို ရိုက်ကူးပေးတဲ့
အမတစ်ယောက်ဆီ ကယ်ပေးဖို့ ပြေးသွားပါသေးတယ်။ ကလေးက မလိုက်ဘူးလို့ ရှိုက်ကြီးတငင်ငင်နဲ့ ငိုပြီးပြောတာတောင် မိခင်က နင်အိမ်ရောက်မှ နင့်လည်ပင်းကို ဓားနဲ့လှီးပြီးသတ်ပစ်မယ်လို့တောင် ကြိမ်းဝါးပါသေးတယ်။ ဘယ်လိုအမေလဲနော်။ ပုံရိပ်ပါ ကလေးငယ်လေးကို
အတင်းဆွဲခေါ်နေတာ ကလေးက ရှိတဲ့ တိုင်လေးကို အတင်းကုတ်ဖက်ထားတာ။ ဒါလည်းမရမကလအတင်းဆွဲခေါ်နေတယ်။ ကလေးလက်တွေကို အတင်းဆွဲဖဲ့ လှန်ချိုးနေတာ ကလေးက မလိုက်ဘူးတဲ့ တရစေ အော်ငိုနေတယ်။ ဘယ်လောက်ပဲ ကိုယ့်အိမ်က အဆင်မပြေပါစေ
ဒီလိုမျိုး လုပ်မှ စားရသောက်ရမှာလား။ ဒီလို ၁၃ နှစ် အရွယ်လေးမှာတောင် မိခင်က အတင်း ပိုက်လိုက်ခိုင်း အုပ်နီခဲနဲ့ ထုဖို့ လုပ်လိုက် ဓားနဲ့လှီးသတ်မယ်လို့ ကြိမ်းလိုက်နဲ့ ဘယ်လောက်တောင် ကံဆိုးရှာလိုက်လဲ။ တချို့သော ကလေးတွေကျတော့ မိဘတွေ
နည်းနည်းဆူရင်တောင် ဆောင့်အောင့်နေကြတာ။ မူရင်းတင်သူက ” ၁၃နှစ်ပဲ ရှိသေးတဲ့ခလေးကို သူ့အမေက ပိုက်လိုက်ခိုင်းတာ ခလေးက မလိုက်ချင်လို့ ပြေးလာတယ် သား/သမီးကို အရွယ်မရောက်သေးပဲ ခိုင်းစားတဲ့မိဘ ဘယ်လိုလုပ် ရမလဲ မလိုက်လို့အုတ်ခဲနဲ့ထုမယ်လုပ်တာ ” ဆိုပြီး မွှဝလောခဲ့တာပါ။ ဖတရြှု့အားပေးခဲ့ကှတဲ့
ခစွပြရိသတကြှီးအားလုံး ပုံရိပပြါ ကလေးငယလြေးနဲ့ မိခငကြို ဘယသြူကမှနပြှီး ဘယသြးကမှားတယဆြိုတာ မှတခြကွလြေးတှေ ရေးသားခဲ့ကှပါဦးနောြ။ ပရိသတ်ကြီးအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး သာယာပျော်ရွင်တဲ့ နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။
Source:Eimyo Myatmon