Zawgyi

အဖိုးဟာ maskမတပ္ထားတာ ေတြ႕တာေၾကာင့္ maskသြားေပးရင္းနဲ႔ အဖိုးနဲ႔ စကားလက္ဆုံ ၾကျဖစ္ခဲ့တာပါ။အဖိုးရဲ႕ ဖိနပ္ဆိုင္ေလး ျပန္ဖြင့္တာ ၃ ရက္ရွိပါၿပီတဲ့။ အဖိုးဟာ Maskမတပ္ထားတာ ေတြ႕လို႔ Maskသြားေပးရင္းနဲ႔ အဖိုးနဲ႔

စကားေျပာျဖစ္ခဲ့တာပါ။ အဘိုး ဘာလို႔ Maskမတပ္တာလဲလို႔ ေမးလိုက္ေတာ့ အဘိုးဟာ သူရဲ႕ေဘးမွာခ်ထားတဲ့ အိမ္တြင္းလုပ္ ႏွာေခါင္းစည္းေလးကို ျပရင္းနဲ႔ နား႐ြက္ေတြနာလို႔ ခဏခြၽတ္ထားလို႔ ဆိုပါတယ္ေနာ္။

အိမ္မွာခ်ဳပ္တာဆိုေတာ့ ဘယ္ေနရာလိုသြားလို႔လဲ မသိဘူး တပ္ရတာနား႐ြက္နာတယ္တဲ့။ ငါ့ေျမးလာေပးတဲ့ ႏွာေခါင္းစည္းမ်ိဳး ၾကေတာ့လဲ အဖိုးဝယ္ၿပီးတပ္ႏိုင္ပါဘူးကြယ္။ အဘိုးရဲ႕ စကားဆုံးသြားခ်ိန္ ခင္းထားတဲ့ ဖိနပ္ေတြကိုၾကည့္လိုက္ေတာ့

တစ္ခုခုလိုေနသလို ခံစားမိလိုက္ရပါတယ္ဗ်ာ။ အရင္ကဆို မိုးကာနဲ႔အျပည့္ ဖိနပ္ေတြကို ခင္းထားတာပါတဲ့။ အခုေတာ့ မိုးကာအျပည့္ မခင္းႏိုင္ေတာ့တဲ့အျပင္ကို ဒီဖိနပ္ေတြက ေနာက္ဆုံးလက္က်န္ ဖိနပ္ေတြဆိုတာကို သိလိုက္ရတာပါ။ ၾသကၤန္ မတိုင္ခင္ကတည္းက

ဆိုင္ပိတ္လိုက္ရတာ စားစရာမရွိေတာ့လို႔ ေနာက္ဆုံးက်န္တဲ့ ဖိနပ္ေတြနဲ႔ ဆိုင္ ျပန္ဖြင့္တာ ဖိနပ္အသစ္ေတြျပန္လုပ္ဖို႔ ပစၥည္းေတြက မန္ေလးမွာ ကိုယ္တိုင္သြားဝယ္ရတာတဲ့။ အခု ကားခဟာ အသြားအျပန္ သုံးေသာင္းေလာက္ဆိုေတာ့ သြားဝယ္ဖို႔

အဆင္မေျပေတာ့ဘူးတဲ့။ မုံ႐ြာမွာက ဝယ္လို႔ရေပမယ့္ ပစၥည္းက အစုံမရွိဘူးအဖိုးရဲ႕ အသက္က ၈၅ ႏွစ္ရွိပါၿပီတဲ့။ ဖိနပ္လုပ္ငန္းကို ၁၀ စုႏွစ္တစ္ခုေက်ာ္ၾကာ လုပ္ကိုင္ခဲ့သူတစ္ဦးပါ။ လြန္ခဲ့တဲ့ ၂ ႏွစ္ေက်ာ္က ဇနီးျဖစ္သူနဲ႔ အတူဆိုင္ဖြင့္ခဲ့ေပမယ့္လည္းအခုဆိုရင္

ဇနီးသည္ လည္း ဆုံးပါးသြားခဲ့ၿပီမို႔ အဖိုးတစ္ေယာက္ထဲသာ ဆက္လက္ဆိုင္ဖြင့္ေနတာပါတဲ့။ အဖိုးရဲ႕ ကတၱီပါ ဖိနပ္ေတြက ဒီဇိုင္းလဲဆန္းသလို ခိုင္ခံမႈလဲရွိပါတယ္။ ကေလးစီး၊ က်ား/မ ဖိနပ္ဆိုဒ္မ်ိဳးစုံရွိၿပီး ေဈႏႈန္းကလဲ တစ္ေထာင္ကေန သုံးေထာင္အထိသာရွိပါတယ္ေနာ္။

အဘိုးက မန္းေလးသားစစ္ အသက္ ၄၅ ႏွစ္ေလာက္မွ မုံ႐ြာကိုေျပာင္းခဲ့တာ ဒီကိုေျပာင္းလာေတာ့ ဒုကၡေတာ္ေတာ္ေရာက္ခဲ့တာ စီးပြားက အဆင္မေျပဘူး။ ကုန္အေရာင္း အဝယ္လုပ္တာလဲ အဆင္မေျပ ေနာက္ဆုံး ဘယ္အလုပ္မွ

အဆင္မေျပလို႔ ဒီဖိနပ္လုပ္ငန္းကို လုပ္ျဖစ္သြားတာပါ။ ဒီကာလမွာ လူတိုင္းစီးပြားေရး အၾကပ္အတည္းကို ရင္ဆိုင္ေနေပမယ့္လည္း အဘိုးလို အသက္ႀကီး႐ြယ္အိုေတြက ဝမ္းစာအတြက္ လႈပ္ရွား႐ုန္းကန္ရတာ

ပိုမိုခက္ခဲလိမ့္မယ္လို႔ ထင္မိပါတယ္ဗ်ာ။ အကယ္၍မ်ား လမ္းသင့္လို႔ အဖိုးရဲ႕ဖိနပ္ဆိုင္ေလးရွိရာ အ.ထ.က ၂ ေက်ာင္းအနီး ေဆး႐ုံလမ္းကို ေရာက္ခဲ့ရင္ ဖိနပ္ေလးေတြ ဝယ္ယူအားေပးခဲ့ၾကပါလို႔ တိုက္တြန္းပါရေစ။

credit

Unicode

အဖိုးဟာ maskမတပ်ထားတာ တွေ့တာကြောင့် maskသွားပေးရင်းနဲ့ အဖိုးနဲ့ စကားလက်ဆုံ ကြဖြစ်ခဲ့တာပါ။အဖိုးရဲ့ ဖိနပ်ဆိုင်လေး ပြန်ဖွင့်တာ ၃ ရက်ရှိပါပြီတဲ့။ အဖိုးဟာ Maskမတပ်ထားတာ တွေ့လို့ Maskသွားပေးရင်းနဲ့ အဖိုးနဲ့ စကားပြောဖြစ်ခဲ့တာပါ။

အဘိုး ဘာလို့ Maskမတပ်တာလဲလို့ မေးလိုက်တော့ အဘိုးဟာ သူရဲ့ဘေးမှာချထားတဲ့ အိမ်တွင်းလုပ် နှာခေါင်းစည်းလေးကို ပြရင်းနဲ့ နားရွက်တွေနာလို့ ခဏချွတ်ထားလို့ ဆိုပါတယ်နော်။ အိမ်မှာချုပ်တာဆိုတော့ ဘယ်နေရာလိုသွားလို့လဲ မသိဘူး တပ်ရတာနားရွက်နာတယ်တဲ့။

ငါ့မြေးလာပေးတဲ့ နှာခေါင်းစည်းမျိုး ကြတော့လဲ အဖိုးဝယ်ပြီးတပ်နိုင်ပါဘူးကွယ်။ အဘိုးရဲ့ စကားဆုံးသွားချိန် ခင်းထားတဲ့ ဖိနပ်တွေကိုကြည့်လိုက်တော့ တစ်ခုခုလိုနေသလို ခံစားမိလိုက်ရပါတယ်ဗျာ။ အရင်ကဆို မိုးကာနဲ့အပြည့် ဖိနပ်တွေကို ခင်းထားတာပါတဲ့။

အခုတော့ မိုးကာအပြည့် မခင်းနိုင်တော့တဲ့အပြင်ကို ဒီဖိနပ်တွေက နောက်ဆုံးလက်ကျန် ဖိနပ်တွေဆိုတာကို သိလိုက်ရတာပါ။ သြင်္ကန် မတိုင်ခင်ကတည်းက ဆိုင်ပိတ်လိုက်ရတာ စားစရာမရှိတော့လို့ နောက်ဆုံးကျန်တဲ့ ဖိနပ်တွေနဲ့ ဆိုင် ပြန်ဖွင့်တာ ဖိနပ်အသစ်တွေပြန်လုပ်ဖို့

ပစ္စည်းတွေက မန်လေးမှာ ကိုယ်တိုင်သွားဝယ်ရတာတဲ့။ အခု ကားခဟာ အသွားအပြန် သုံးသောင်းလောက်ဆိုတော့ သွားဝယ်ဖို့ အဆင်မပြေတော့ဘူးတဲ့။ မုံရွာမှာက ဝယ်လို့ရပေမယ့် ပစ္စည်းက အစုံမရှိဘူးအဖိုးရဲ့ အသက်က ၈၅ နှစ်ရှိပါပြီတဲ့။

ဖိနပ်လုပ်ငန်းကို ၁၀ စုနှစ်တစ်ခုကျော်ကြာ လုပ်ကိုင်ခဲ့သူတစ်ဦးပါ။ လွန်ခဲ့တဲ့ ၂ နှစ်ကျော်က ဇနီးဖြစ်သူနဲ့ အတူဆိုင်ဖွင့်ခဲ့ပေမယ့်လည်းအခုဆိုရင် ဇနီးသည် လည်း ဆုံးပါးသွားခဲ့ပြီမို့ အဖိုးတစ်ယောက်ထဲသာ ဆက်လက်ဆိုင်ဖွင့်နေတာပါတဲ့။ အဖိုးရဲ့ ကတ္တီပါ

ဖိနပ်တွေက ဒီဇိုင်းလဲဆန်းသလို ခိုင်ခံမှုလဲရှိပါတယ်။ ကလေးစီး၊ ကျား/မ ဖိနပ်ဆိုဒ်မျိုးစုံရှိပြီး ဈေနှုန်းကလဲ တစ်ထောင်ကနေ သုံးထောင်အထိသာရှိပါတယ်နော်။ အဘိုးက မန်းလေးသားစစ် အသက် ၄၅ နှစ်လောက်မှ မုံရွာကိုပြောင်းခဲ့တာ ဒီကိုပြောင်းလာတော့

ဒုက္ခတော်တော်ရောက်ခဲ့တာ စီးပွားက အဆင်မပြေဘူး။ ကုန်အရောင်း အဝယ်လုပ်တာလဲ အဆင်မပြေ နောက်ဆုံး ဘယ်အလုပ်မှ အဆင်မပြေလို့ ဒီဖိနပ်လုပ်ငန်းကို လုပ်ဖြစ်သွားတာပါ။ ဒီကာလမှာ လူတိုင်းစီးပွားရေး အကြပ်အတည်းကို ရင်ဆိုင်နေပေမယ့်လည်း

အဘိုးလို အသက်ကြီးရွယ်အိုတွေက ဝမ်းစာအတွက် လှုပ်ရှားရုန်းကန်ရတာ ပိုမိုခက်ခဲလိမ့်မယ်လို့ ထင်မိပါတယ်ဗျာ။ အကယ်၍များ လမ်းသင့်လို့ အဖိုးရဲ့ဖိနပ်ဆိုင်လေးရှိရာ အ.ထ.က ၂ ကျောင်းအနီး ဆေးရုံလမ်းကို ရောက်ခဲ့ရင် ဖိနပ်လေးတွေ ဝယ်ယူအားပေးခဲ့ကြပါလို့ တိုက်တွန်းပါရစေ။

credit