ဦးတိုးကြီးဆိုထားတဲ့ “ကြိုးကြာဌက်တို့ရဲ့ မိုင်ထောင်ချီ ခရီးစဉ်

Zawgyi

“ႀကိဳးၾကာငွက္တို႔ရဲ႕ မိုင္ေထာင္ခ်ီခရီးရွည္”

ဟိုးေရွးကတည္းက လူေတြ သတိထားမိတဲ့ ပေဟဠိတစ္ခုကို ၂၀၁၄ ခုႏွစ္က်မွ အေျဖသိလာခဲ့ပါတယ္။ ႀကိဳးၾကာေတြ၊ ငန္း႐ိုင္းေတြ၊ ဝံပိုငွက္ေတြ၊ ေတာဘဲေတြစတဲ့ ငွက္ႀကီးမ်ိဳးေတြ ခရီးမိုင္ရွည္ ပ်ံတဲ့အခါ ျမားဦးပုံစံဖြဲ႕ၿပီး ပ်ံၾကတာ ျမင္ေပမယ့္ ဘာေၾကာင့္လဲ၊ ဘာအတြက္လဲ တိတိက်က် မသိခဲ့ၾကဘူး။

 

စြမ္းအင္ သက္သာမယ္လို႔ မွန္းဆခ်က္ ရွိၿပီး ပန္ကာဒလက္ ေလယာဥ္ေတြ အဲဒီလို ျမားဦးပုံသဏၭာန္ အုပ္ဖြဲ႕ပ်ံသန္းတဲ့အခါ ေလာင္စာ ၃၀ရာခိုင္ႏႈန္းအထိ သက္သာတာ ေတြ႕ရပါတယ္။ ဒါေပမယ့္၊ ငွက္ေတြက်ေတာ့ ဘယ္လို အက်ိဳးသက္ေရာက္မႈ ရွိသလဲဆိုတာ သိပၸံနည္းက် သက္ေသမျပႏိုင္ခဲ့ဘူး။

လန္ဒန္တကၠသိုလ္က ေဒါက္တာ ဂ်ိမ္းစ္ အပ္ရွာဝုဒ္နဲ႔ အဖြဲ႕ဟာ ခုေခတ္မွ ေပၚလာတဲ့ GPS တည္ေနရာျပ ကိရိယာ၊ အရွိန္တိုင္းကိရိယာ (accelerometer) ေတြကို ဗ်ိဳင္းငွက္ေတြမွာ တပ္ဆင္ၿပီး သုေတသနလုပ္ေတာ့မွ တိက်တဲ့ အေျဖေတြ သိလာခဲ့ရပါတယ္။ ငွက္ေတြ အေတာင္ပံခတ္တဲ့အခါ ဘယ္ညာ ေတာင္ပံဖ်ားက ခ႐ုပတ္ ေလေပြလႈိင္း (vortex) ျဖစ္ေပၚလာတယ္။

ေတာင္ပံတိုတဲ့ ငွက္ကေလးေတြမွာ မသိသာေပမယ့္ ေတာင္ပံအလ်ားရွည္တဲ့ ငွက္ႀကီးမ်ားမွာေတာ့ အဲဒီေလေပြလႈိင္းေၾကာင့္ သူ႔ေနာက္ကပ်ံတဲ့ ငွက္မွာ အင္အား သိပ္မစိုက္ရဘဲ သက္သာတယ္။ေလသာခိုလို႔ ရတယ္ေပါ့။ ဒါေပမယ့္ ခ႐ုပတ္လို ေလေပြလႈိင္းဆိုေတာ့ ပင့္အားရွိတဲ့ ေနရာကို မယူတတ္ရင္ ေအာက္ကိုဖိတဲ့ ေလအားေၾကာင့္ ပိုပင္ပန္းတယ္။ (ပုံကိုၾကည့္ရင္ ရွင္းသြားပါလိမ့္မယ္။)

ဒါေၾကာင့္၊ ငွက္ေတြဟာ ထိပ္ဆုံးကပ်ံတဲ့ ေခါင္းေဆာင္ငွက္ရဲ႕ ေနာက္မွာ အကြာအေဝးနဲ႔ အေနအထားကို မွန္မွန္ကန္ကန္ ေနတတ္ရတယ္။ ဒါ့အျပင္ ေခါင္းေဆာင္ငွက္ရဲ႕ ေတာင္ပံခတ္တဲ့ စည္းခ်က္နဲ႔ကိုက္ညီေအာင္ လိုက္ေလ်ာညီေထြ ပုံမွန္ခတ္မွသာ ေလထဲမွာ ကိုယ္ေဖာ့အား ရထားသလို ညက္ညက္ေညာေညာ ပ်ံႏိုင္ပါတယ္။

ကိုယ္ခတ္ခ်င္သလို ခတ္ရင္ ကိုယ္ပင္ပန္းတဲ့အျပင္ ကိုယ့္ေနာက္က ပ်ံရတဲ့ အေကာင္ေတြလည္း မသက္သာဘူး။ ဖ႐ိုဖရဲ ေမာပန္းႏြမ္းနယ္တာေပါ့။ အဲဒီေတာ့ အုပ္ဖြဲ႕ပ်ံသန္းေနတဲ့အထဲက ငွက္တစ္ေကာင္ဟာ အျပင္ကို ေရာက္သြားတာနဲ႔ အရမ္းပင္ပန္းတာ သိသိသာသာ ခံစားရၿပီးေတာ့ အုပ္ထဲကို အေနအထားမွန္မွန္ ျပန္ဝင္လာရတယ္။

ဒီလို ျမားဦးသဏၭာန္ အုပ္ဖြဲ႕ပ်ံတဲ့အခါ အပင္ပန္းဆုံး၊ အားအစိုက္ရဆုံးကေတာ့ ထိပ္ဆုံးကေခါင္းေဆာင္လုပ္သူပါပဲ, အပင္ပန္းဆုံးေနရာမွာ တစ္ေကာင္တည္း ၾကာရွည္မပ်ံႏိုင္ေတာ့ ဒုတိယနဲ႔ တတိယေခါင္းေဆာင္ေတြက အလဲအလွယ္နဲ႔ ေနရာယူေပးၾကရတယ္။၊ အေကာင္ေပါက္ေတြကေတာ့ ေနာက္ဖ်ားက လိုက္ရတယ္။

စည္းခ်က္မွန္ေအာင္ အခ်က္ျပေအာ္သံေပးရတဲ့ အေကာင္ေတြလည္း ၾကားက ပါေသးတယ္။ ဒါေၾကာင့္မို႔ ငွက္ေတြဟာ တစ္ေကာင္ခ်င္းဆိုရင္ မိုင္ေထာင္ခ်ီတဲ့ သမုဒၵရာႀကီးကို ျဖတ္ေက်ာ္ ပ်ံသန္းဖို႔ မလြယ္ကူေပမယ့္ တာဝန္ကိုယ္စီနဲ႔ အုပ္ဖြဲ႕ၿပီး စနစ္တက် ပ်ံတဲ့အခါ လိုရာခရီးကို ဆိုက္ေရာက္ေၾကာင္း ေဒါက္တာ အပ္ရွာဝုဒ္ရဲ႕ သုေတသနမွာ ေတြ႕ရွိခဲ့ရပါတယ္။

မိုင္ေထာင္ခ်ီခရီးရွည္ကို ႏွစ္စဥ္ႏွစ္တိုင္းအသြားအျပန္ ႏွစ္ေခါက္ ပ်ံသန္းေလ့ရွိတဲ့ ငွက္ေတြရဲ႕ စနစ္က်တဲ့ အမူအက်င့္ကို ေလ့လာၾကည့္လိုက္ေတာ့ လူသားေတြအတြက္လည္း သင္ခန္းစာ ယူစရာ ေတြ႕ရပါတယ္။ ဦးတည္ခ်က္ကို တိတိက်က် သိနားလည္တဲ့ ေခါင္းေဆာင္ရဲ႕ ေနာက္မွာ အေနအထား မွန္မွန္နဲ႔ ညီညီညာညာ လိုက္တတ္မွ လိုရာခရီးကို ေရာက္ပါလိမ့္မယ္။

ေခါင္းေဆာင္ေျပာသမွ်၊ လုပ္သမွ် ကန႔္လန႔္တိုက္ေနၾကရင္ ကိုယ္လည္း ပင္ပန္းတယ္၊ ကိုယ့္ေနာက္က လူေတြလည္း လွ်ာထြက္မွာပဲ။ ေခါင္းေဆာင္ရဲ႕ လႈပ္ရွားမႈေတြမွာ စည္းခ်က္ညီညီ မလိုက္ဘဲ ကိုယ့္သေဘာနဲ႔ ထင္ရာစိုင္းၾကမယ္ ဆိုရင္ အုပ္စုတစ္ခုလုံး သမုဒၵရာထဲ ေခါင္းစိုက္ၿပီး ေသပြဲဝင္ရလိမ့္မယ္။

Credit > Min Myat Maung

Unicode

“ကြိုးကြာငှက်တို့ရဲ့ မိုင်ထောင်ချီခရီးရှည်”

ဟိုးရှေးကတည်းက လူတွေ သတိထားမိတဲ့ ပဟေဠိတစ်ခုကို ၂၀၁၄ ခုနှစ်ကျမှ အဖြေသိလာခဲ့ပါတယ်။ ကြိုးကြာတွေ၊ ငန်းရိုင်းတွေ၊ ဝံပိုငှက်တွေ၊ တောဘဲတွေစတဲ့ ငှက်ကြီးမျိုးတွေ ခရီးမိုင်ရှည် ပျံတဲ့အခါ မြားဦးပုံစံဖွဲ့ပြီး ပျံကြတာ မြင်ပေမယ့် ဘာကြောင့်လဲ၊ ဘာအတွက်လဲ တိတိကျကျ မသိခဲ့ကြဘူး။

စွမ်းအင် သက်သာမယ်လို့ မှန်းဆချက် ရှိပြီး ပန်ကာဒလက် လေယာဉ်တွေ အဲဒီလို မြားဦးပုံသဏ္ဌာန် အုပ်ဖွဲ့ ပျံသန်းတဲ့အခါ လောင်စာ ၃၀ ရာခိုင်နှုန်းအထိ သက်သာတာ တွေ့ရပါတယ်။ ဒါပေမယ့်၊ ငှက်တွေကျတော့ ဘယ်လို အကျိုးသက်ရောက်မှု ရှိသလဲဆိုတာ သိပ္ပံနည်းကျ သက်သေမပြနိုင်ခဲ့ဘူး။

လန်ဒန်တက္ကသိုလ်က ဒေါက်တာ ဂျိမ်းစ် အပ်ရှာဝုဒ်နဲ့ အဖွဲ့ဟာ ခုခေတ်မှ ပေါ်လာတဲ့ GPS တည်နေရာပြ ကိရိယာ၊ အရှိန်တိုင်းကိရိယာ (accelerometer) တွေကို ဗျိုင်းငှက်တွေမှာ တပ်ဆင်ပြီး သုတေသနလုပ်တော့မှ တိကျတဲ့ အဖြေတွေ သိလာခဲ့ရပါတယ်။ ငှက်တွေ အတောင်ပံခတ်တဲ့အခါ ဘယ်ညာ တောင်ပံဖျားက ခရုပတ် လေပွေလှိုင်း (vortex) ဖြစ်ပေါ်လာတယ်။

တောင်ပံတိုတဲ့ ငှက်ကလေးတွေမှာ မသိသာပေမယ့် တောင်ပံအလျားရှည်တဲ့ ငှက်ကြီးများမှာတော့ အဲဒီလေပွေလှိုင်းကြောင့် သူ့နောက်က ပျံတဲ့ ငှက်မှာ အင်အား သိပ်မစိုက်ရဘဲ သက်သာတယ်။လေသာခိုလို့ ရတယ်ပေါ့။ ဒါပေမယ့် ခရုပတ်လို လေပွေလှိုင်းဆိုတော့ ပင့်အားရှိတဲ့ နေရာကို မယူတတ်ရင် အောက်ကိုဖိတဲ့ လေအားကြောင့် ပိုပင်ပန်းတယ်။ (ပုံကိုကြည့်ရင် ရှင်းသွားပါလိမ့်မယ်။)

ဒါကြောင့်၊ ငှက်တွေဟာ ထိပ်ဆုံးက ပျံတဲ့ ခေါင်းဆောင်ငှက်ရဲ့ နောက်မှာ အကွာအဝေးနဲ့ အနေအထားကို မှန်မှန်ကန်ကန် နေတတ်ရတယ်။ ဒါ့အပြင် ခေါင်းဆောင်ငှက်ရဲ့ တောင်ပံခတ်တဲ့ စည်းချက်နဲ့ကိုက်ညီအောင် လိုက်လျောညီထွေ ပုံမှန်ခတ်မှသာ လေထဲမှာ ကိုယ်ဖော့အား ရထားသလို ညက်ညက်ညောညော ပျံနိုင်ပါတယ်။

ကိုယ်ခတ်ချင်သလို ခတ်ရင် ကိုယ်ပင်ပန်းတဲ့အပြင် ကိုယ့်နောက်က ပျံရတဲ့ အကောင်တွေလည်း မသက်သာဘူး။ ဖရိုဖရဲ မောပန်းနွမ်းနယ်တာပေါ့။ အဲဒီတော့ အုပ်ဖွဲ့ပျံသန်းနေတဲ့အထဲက ငှက်တစ်ကောင်ဟာ အပြင်ကို ရောက်သွားတာနဲ့ အရမ်းပင်ပန်းတာ သိသိသာသာ ခံစားရပြီးတော့ အုပ်ထဲကို အနေအထားမှန်မှန် ပြန်ဝင်လာရတယ်။

ဒီလို မြားဦးသဏ္ဌာန် အုပ်ဖွဲ့ပျံတဲ့အခါ အပင်ပန်းဆုံး၊ အားအစိုက်ရဆုံးကတော့ ထိပ်ဆုံးကခေါင်းဆောင်လုပ်သူပါပဲ, အပင်ပန်းဆုံးနေရာမှာ တစ်ကောင်တည်း ကြာရှည်မပျံနိုင်တော့ ဒုတိယနဲ့ တတိယခေါင်းဆောင်တွေက အလဲအလှယ်နဲ့ နေရာယူပေးကြရတယ်။၊ အကောင်ပေါက်တွေကတော့ နောက်ဖျားက လိုက်ရတယ်။

စည်းချက်မှန်အောင် အချက်ပြအော်သံပေးရတဲ့ အကောင်တွေလည်း ကြားက ပါသေးတယ်။ ဒါကြောင့်မို့ ငှက်တွေဟာ တစ်ကောင်ချင်းဆိုရင် မိုင်ထောင်ချီတဲ့ သမုဒ္ဒရာကြီးကို ဖြတ်ကျော် ပျံသန်းဖို့ မလွယ်ကူပေမယ့် တာဝန်ကိုယ်စီနဲ့ အုပ်ဖွဲ့ပြီး စနစ်တကျ ပျံတဲ့အခါ လိုရာခရီးကို ဆိုက်ရောက်ကြောင်း ဒေါက်တာ အပ်ရှာဝုဒ်ရဲ့ သုတေသနမှာ တွေ့ရှိခဲ့ရပါတယ်။

မိုင်ထောင်ချီခရီးရှည်ကို နှစ်စဉ်နှစ်တိုင်းအသွားအပြန် နှစ်ခေါက် ပျံသန်းလေ့ရှိတဲ့ ငှက်တွေရဲ့ စနစ်ကျတဲ့ အမူအကျင့်ကို လေ့လာကြည့်လိုက်တော့ လူသားတွေအတွက်လည်း သင်ခန်းစာ ယူစရာ တွေ့ရပါတယ်။ ဦးတည်ချက်ကို တိတိကျကျ သိနားလည်တဲ့ ခေါင်းဆောင်ရဲ့ နောက်မှာ အနေအထား မှန်မှန်နဲ့ ညီညီညာညာ လိုက်တတ်မှ လိုရာခရီးကို ရောက်ပါလိမ့်မယ်။

ခေါင်းဆောင်ပြောသမျှ၊ လုပ်သမျှ ကန့်လန့်တိုက်နေကြရင် ကိုယ်လည်း ပင်ပန်းတယ်၊ ကိုယ့်နောက်က လူတွေလည်း လျှာထွက်မှာပဲ။ ခေါင်းဆောင်ရဲ့ လှုပ်ရှားမှုတွေမှာ စည်းချက်ညီညီ မလိုက်ဘဲ ကိုယ့်သဘောနဲ့ ထင်ရာစိုင်းကြမယ် ဆိုရင် အုပ်စုတစ်ခုလုံး သမုဒ္ဒရာထဲ ခေါင်းစိုက်ပြီး သေပွဲဝင်ရလိမ့်မယ်။

Credit > Min Myat Maung

Be the first to comment

Leave a Reply

Your email address will not be published.


*