ဖေဖေခင်လှိုင်က အရုပ်နဲ့ပက်သက်တဲ့ပစ္စည်းလေးတွေတွေ့တိုင်း အမြဲဝယ်ဝယ်လာပေးတတ်တာကြောင့် ပျော်ရွှင်နေတဲ့သဇင်ထူးမြင့်ရဲ့ဗီဒီယိုလေး
Zawgyi
Crd; Myanmarload
Unicode
အနုပညာလမ်းကြောင်းပေါ်မှာအချိန်အတော်ကြာရပ်တည်အောင်မြင်နေပြီး ဟာသလူရွှင်တော်တစ်ယောက်အနေနဲ့သာမက ကာရိုက်တာပေါင်းစုံကိုပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့ ဦးခင်လှိုင်ကိုတော့ ပရိသတ်ကြီးအားလုံးသိကြမယ်ထင်ပါတယ်နော်။ ဦးခင်လှိုင်ရဲ့သားလေးဖြစ်သူနေရဲနဲ့
သမီးလေးသဇင်ထူးမြင့်တို့ဟာလည်း အနုပညာလမ်းကြောင်းပေါ်မှာအသီးသီးလျှောက်လှမ်းနေကြတဲ့သူတွေဖြစ်ပြီး တက်သစ်စအနုပညာရှင်လေးတွေဖြစ်ပေမယ့် အောင်မြင်မှုကိုယ်စီရရှိထားကြတဲ့သူတွေပါ။ သဇင်ထူးမြင့်ဟာလည်း ရွှေကြိုတစ်ယောက်အနေနဲ့
အနုပညာလမ်းကြောင်းပေါ်‌စတင်ရောက်ရှိလာခဲ့တာဖြစ်ပြီး ချစ်စရာမျက်နှာလေးနဲ့အပြုံးချိုချိုလေးတွေကြောင့် ပရိသတ်တွေရဲ့အားပေးမှုအပြည့်အ၀ရရှိခဲ့တာပါ။ အခုဆိုရင်လည်း သဇင်ထူးမြင့်ဟာ Double Dating programရိုက်ကူးနေတာဖြစ်ပြီး
ပရိသတ်တွေအများစုရဲ့သဘောကျချစ်ခင်မှုကိုရရှိနေတာလည်း တွေ့ရပါတယ်နော်။ သဇင်ထူးမြင့်ဟာ မိဘအပေါ်ကိုလည်းသိတတ်လိမ္မာတဲ့သမီးလေးဖြစ်တဲ့အပြင် ဖေဖေခင်လှိုင်တစ်ယောက်ကလည်း အခုချိန်ထိသမီးလေးအပေါ်ကိုအပြည့်အ၀အားပေးကာ ဂရုစိုက်ပေးနေတာလည်းဖြစ်ပါတယ်။
မကြာသေးမီကလည်း သဇင်ထူးမြင့်ဟာသူမရဲ့ Facebook my dayလေးမှာ “ဖေဖေကအပြင်သွားတိုင်းအရုပ်နဲ့ပက်သက်တဲ့ ပစ္စည်းတွေ့ရင်၀ယ်၀ယ်လာပေးတယ် အခုလည်း၀ယ်လာပေးတာအရုပ်မီးအိမ်လေး” ဆိုပြီးရေးသားကာ တင်ပေးထားခဲ့ပါတယ်။ ကဲ ပရိသတ်တွေအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
သတင်းအရင်းမြစ်: Thazin Htoo Myint’s Facebook acc
Crd; Myanmarload