Zawgyi





အတွက် ပညာသင်စရိတ်လျှောက်ထားလိုသူများက အချက်အလက်များကို သေချာစွာဖတ်ပြီး လျှောက်ထားနိုင်ပြီ ဖြစ်ပါကြောင်း ပြေတီဦးဖောင်ဒေးရှင်း ပေ့ခ်ျကနေတဆင့် သတင်းကောင်းလေး ပါးလိုက်ပါတယ်။


Unicode

ပရိသတ်ကြီးရေ ပြေတီဦး တည်ထောင် ထားတဲ့ ပြေတီဦးဖောင်ဒေးရှင်းကတော့ တက္ကသိုလ်တက်ဖို့ ခက်ခဲနေတဲ့ ပညာရေးလိုလားတဲ့ ကလေးတွေအတွက် ပညာသင်စရိတ်ထောက်ပံ့ပေးနေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ် ။ ပြေတီဦးဖောင်ဒေးရှင်းကနေတဆင့်

ပညာတတ်လူငယ်တွေအများကြီး ပေါ်ထွန်းခဲ့ပြီး ယခုနှစ်အတွက် လည်းထပ်မံ ပညာသင် စရိတ်လျှောက်ထားနိုင်ကြောင်း အသိပေးလာခဲ့ပါတယ် ။ပြေတီဦးပညာရေးဖောင်ဒေးရှင်းကနေ ဖောင်ဒေးရှင်းစတင်တည်ထောင်တဲ့ အချိန်မှ စပြီး ပညာသင်စရိတ် အမှန်တကယ်လိုအပ်သူ

ဆေးတက္ကသိုလ်၊စက်မှုတက္ကသိုလ်၊ဥပဒေ ကျောင်းသား/သူ များကို နှစ်စဉ်ပညာသင်စရိတ်ထောက်ပံ့ပေးခဲ့ပြီး ယခု၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် ဆေးတက္ကသိုလ်၊ စက်မှုတက္ကသိုလ်၊ ဥပဒေကျောင်းသား/သူ များအပြင် ထပ်တိုးအနေဖြင့် ပညာရေးတက္ကသိုလ် တက်ရောက်မည့် ကျောင်းသား/သူ များကိုလည်း

ထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ် ။ ပညာရေးတက္ကသိုလ် တက်ရောက်မည့် ကျောင်းသား/သူ ၂ဦးကို ထပ်တိုး ထောက်ပံ့ပေးမှာဖြစ်တဲ့ အတွက် ပညာသင်စရိတ်လျှောက်ထားလိုသူများက အချက်အလက်များကို သေချာစွာဖတ်ပြီး လျှောက်ထားနိုင်ပြီ ဖြစ်ပါကြောင်း ပြေတီဦးဖောင်ဒေးရှင်း ပေ့ချ်ကနေတဆင့် သတင်းကောင်းလေး ပါးလိုက်ပါတယ်။

Source : Eaindra Kyaw Zin