Zawgyi

သင္းသင္းရဲ႕ အမွားနဲ႔အမွန္ Mini စီးရီးဇာတ္လမ္းတြဲကို ဇန္နဝါရီ ၁၆ရက္ေန႔ ေန႔လည္ပိုင္းက ဒလၿမိဳ႕နယ္မွာ ႐ိုက္ကူးခဲ့ၿပီး ကေလးသ႐ုပ္ေဆာင္ ထက္အိေႏၵၾလင္းနဲ႔အတူ အျခားေသာ သ႐ုပ္ေဆာင္မ်ား ပါဝင္ထားကာအဆိုပါဇာတ္လမ္းတြဲကို Sky Net ႐ုပ္သံလိုင္းနဲ႔ MRTV႐ုပ္သံလိုင္းမ်ားမွာ

ထုတ္လႊင့္ျပသသြားမယ္လို႔သိရပါတယ္။ ဒီဇာတ္လမ္းတြဲမွာ ဆရာမအျဖစ္ သ႐ုပ္ေဆာင္တဲ့ သင္းသင္းရဲ႕ ဝတ္စားဆင္ရင္မႈႏွင့္ပတ္သတ္ၿပီး ဆရာ ဆရာမေတြရဲ႕ ေဝဖန္မႈေတြ ျမင့္တက္ေနပါတယ္ ဆရာမေလးတစ္ေယာက္ကလည္း ခုလိုေရးသားထားတာကိုေတြ႕ရွိရပါတယ္

သ႐ုပ္ေဆာင္သင္းသင္းႏွင့္ အႏုပညာ အသိုင္းဝိုင္းသို႔ေမတၱာရပ္ခံခ်က္ ကြၽန္မသည္ေက်ာင္းဆရာမတစ္ေယာက္မို႔ ေက်ာင္းဝတ္စုံကိုျမတ္ႏိုးတန္ဖိုးထားပါသည္။ အျခားေသာဆရာ ဆရာမမ်ားလည္း ယင္းသို႔ပင္တန္ဖိုးထားၾကပါသည္။ ကြၽန္မတို႔ပညာေရးမွာ ေက်ာင္းဆရာ၊

ဆရာမရဲ႕ uniform က ဂုဏ္သိကၡာနဲ႔ထပ္တူပါ။ ထြင္ခ်င္တိုင္းထြင္ဝတ္စရာ ဝတ္စုံမဟုတ္ဘူးဆိုတာဦးစြာေျပာပါရေစ။ အျဖဴေျပာင္ အစိမ္းေျပာင္ သတ္မွတ္ေပးၿပီးသားပါ။ ထပ္ေျပာပါမယ္အျဖဴေျပာင္ အစိမ္းေျပာင္ သတ္မွတ္ေပးၿပီးသားပါ။ အက်ႌလည္ပင္းအေစ့ကို ရင္ဖုံးလက္ရွည္သာ ဝတ္ရပါတယ္။

ရင္ဖုံးကို ငယ္႐ြယ္ေသာ ဆရာမေပါက္စေလးေတြက လွခ်င္လို႔ပန္းခက္ေတြအလွဆင္ေပမယ့္ အ႐ိုးေပၚအ႐ြက္မဖုံး ဝတ္ဆင္ပါတယ္။ လက္စက လက္ရွည္ဆိုတာလည္းရာသီဥတုက်န္းမာေရး နဲ႔ကိုက္ညီဖို႔သာဝတ္ဆင္ၾကပါတယ္။လုံခ်ည္ကိုလည္းေျပာင္သာဝတ္ဆင္ရပါတယ္။ ဒူးခ်ိတ္ပါရင္ေတာင္

႐ုံးအဖြဲ႕နဲ႔မွားယြင္းႏိုင္လို႔ မဝတ္ဆင္ရပါဘူး။ အခ်ိဳ႕လည္းပန္းခက္ထိုးတာေတြဝတ္ဆင္ၾကပါတယ္ ဒါကလည္းပြဲအခမ္းအနားမွာသာ ဝတ္တတ္ၾကတာပါ။ ေနာက္တစ္ခုက ကြၽန္မတို႔ရဲ႕uniformက ပါတီႀကီးတစ္ခုနဲ႔ ဆင္သလိုျဖစ္ေပမယ့္ ကြာျခားပါတယ္။ ေက်ာင္းစိမ္းလုံျခည္မွာ ပုလဲေပါက္ မပါ ပါဘူး။

အထူးသျဖင့္အခုလို ပညာေရးကိုအျမင္အမ်ိဳးမ်ိဳးျမင္ၾကေျပာၾကျဖစ္ေနတဲ့အခ်ိန္မွာ သ႐ုပ္ေဆာင္တစ္ဦးအေနနဲ႔ ပိုၿပီးဂ႐ုစိုက္ေပးသင့္တယ္။ ဘယ္ဌာနကိုပညာေပး႐ိုက္႐ိုက္ ပညာေရးဌာနနဲ႔ဆိုင္တဲ့ပညာေပးဆို အစစဂ႐ုစိုက္သင့္တယ္။ဝမ္းစာျဖည့္သင့္တယ္။အေသးစိတ္ေလ့လာသင့္တယ္။ ဒါေလးမွားတာ

ဘာျဖစ္သြားလို႔လဲ ေျပာလာရင္ မွားကိုမမွားသင့္ဘူးလို႔ ခပ္ျပတ္ျပတ္ ေျပာရလိမ့္မယ္။ အရမ္းကို sensitive ျဖစ္လိုက္တာေျပာလည္းျဖစ္ရမွာပဲ။ ဇာတ္သမားျပန္ရင္ မွတ္သားစရာ က်န္တယ္ ဆိုတာမွာ အလြဲေတြေပးေနရင္ အလြဲျဖစ္ႏိုင္လို႔ပဲ ။ငါကသ႐ုပ္ေဆာင္ပဲ ငါကဘာႀကီးပဲ ငါဝတ္လိုက္ရင္ႀကိဳက္မွာပဲ

ဆိုတာ တျခားေလာကမွာ ထြင္ဝတ္ရင္ဟုတ္ေကာင္းဟုတ္ပါလိမ့္မယ္။ အႏုပညာရွင္ေတြသုံးႏႈန္းေနၾက ပရိတ္သတ္က ထမင္းရွင္ပါ ဆိုတာ။ ခုေခတ္ပရိတ္သတ္က ေဝဖန္ပိုင္းျခားႏိုင္တာမို႔ပရိတ္သတ္ကို ေစာ္ ကားတာမ်ိဳးမျဖစ္သင့္ဘူး။ ပရိတ္သတ္ကဘယ္ဌာနကိုမွ ပညာေရးေလာက္ စိတ္မဝင္စားၾကဘူး။

ပရိတ္သတ္ထဲမွာ ေက်ာင္းသားေတြရွိတယ္။ေက်ာင္းသားမိဘေတြရွိတယ္။ဆရာ ဆရာမေတြရွိတယ္။ သူတို႔စိတ္နဲ႔မဟပ္စပ္ရင္ ဘာႀကီးလုပ္ျပျပအလကားပဲ။ ေစာ္ကားခံေနရတယ္လို႔ ေတြးမိေစမွာပဲ။ ဘယ္ေက်ာင္းသားမွလည္းဆံပင္ရဲတြတ္ေနေအာင္၊နားကပ္ေဟာ့ေရွာ့ ဝတ္ၿပီးေက်ာင္းမတက္ၾကဘူး။ သူတို႔ေလးေတြမွာ

ဂါရဝတရားေတြရွိေနေသးတဲ့ပုံရိပ္ကိုလည္းမထိခိုက္မိေအာင္ လုပ္သင့္တယ္။ အႏုပညာရွင္ဆိုတာ ဘာလုပ္လုပ္ အႏုစိတ္ေတြးေတာေလ့လာၿပီး လုပ္သင့္တယ္။ ၿပီးၿပီးေရာလုပ္တတ္တာအႏုပညာရွင္မဟုတ္ပါ။ ဒီလိုပဲသ႐ုပ္ေဆာင္ ဆိုတာလည္း သ႑ာန္တူ သ႐ုပ္ေဆာင္ေပးရတာမို႔ ထပ္တူမက်ရင္ေတာင္ ေစတနာနဲ႔ေလ့လာသင္ယူၿပီး သ႐ုပ္ ေဆာင္သင့္တယ္။

(ဆရာမေလးျမသားသြင္)

ပရိတ္သတ္ဆိုတာ အႏုပညာရွင္ေတြကိုေလးစားၿပီးသား။ သ႐ုပ္ေဆာင္ေတြကိုခ်စ္ၿပီးသား။ အဲ့ဒီ့စိတ္ကို မ႐ိုက္ခ်ိဳးမိဖို႔ဆင္ျခင္သင့္တယ္။ကြၽန္မစိတ္နဲ႔သာဆိုရင္ေတာ့ ဌာနuniformကိုမဆင္ျခင္ဝတ္ျပေနသူေတြကို

ဒဏ္ေၾကးတစ္ခုသတ္မွတ္လိုက္ခ်င္ေတာ့တာပါပဲ။ တစ္ခါလာလည္း ရင္ေကာ့ ဖင္ပစ္နဲ႔ ေက်ာင္းစိမ္းနဲ႔ နားေထာ္ကားယားေတြလုပ္လြန္းလို႔ အခုစာကိုေရးလိုက္တာပါ။ (မလုပ္သူမ်ားကိုေတာ့မဆိုလိုပါ)

ဆရာမေလးျမသားသြင္” ဆိုၿပီး ေရးသားထားပါတယ္ ပရိတ္သတ္ႀကီးရဲ႕ အျမင္ကိုလည္း ေျပာခဲ့ၾကပါဦးေနာ္

Unicode

သင်းသင်းရဲ့ အမှားနဲ့အမှန် Mini စီးရီးဇာတ်လမ်းတွဲကို ဇန်နဝါရီ ၁၆ရက်နေ့ နေ့လည်ပိုင်းက ဒလမြို့နယ်မှာ ရိုက်ကူးခဲ့ပြီး ကလေးသရုပ်ဆောင် ထက်အိန္ဒေလြင်းနဲ့အတူ အခြားသော သရုပ်ဆောင်များ ပါဝင်ထားကာအဆိုပါဇာတ်လမ်းတွဲကို Sky Net ရုပ်သံလိုင်းနဲ့ MRTVရုပ်သံလိုင်းများမှာ ထုတ်လွှင့်ပြသသွားမယ်လို့သိရပါတယ်။

ဒီဇာတ်လမ်းတွဲမှာ ဆရာမအဖြစ် သရုပ်ဆောင်တဲ့ သင်းသင်းရဲ့ ဝတ်စားဆင်ရင်မှုနှင့်ပတ်သတ်ပြီး ဆရာ ဆရာမတွေရဲ့ ဝေဖန်မှုတွေ မြင့်တက်နေပါတယ် ဆရာမလေးတစ်ယောက်ကလည်း ခုလိုရေးသားထားတာကိုတွေ့ရှိရပါတယ် သရုပ်ဆောင်သင်းသင်းနှင့် အနုပညာ အသိုင်းဝိုင်းသို့မေတ္တာရပ်ခံချက်

ကျွန်မသည်ကျောင်းဆရာမတစ်ယောက်မို့ ကျောင်းဝတ်စုံကိုမြတ်နိုးတန်ဖိုးထားပါသည်။ အခြားသောဆရာ ဆရာမများလည်း ယင်းသို့ပင်တန်ဖိုးထားကြပါသည်။ ကျွန်မတို့ပညာရေးမှာ ကျောင်းဆရာ၊ ဆရာမရဲ့ uniform က ဂုဏ်သိက္ခာနဲ့ထပ်တူပါ။ ထွင်ချင်တိုင်းထွင်ဝတ်စရာ ဝတ်စုံမဟုတ်ဘူးဆိုတာဦးစွာပြောပါရစေ။

အဖြူပြောင် အစိမ်းပြောင် သတ်မှတ်ပေးပြီးသားပါ။ ထပ်ပြောပါမယ်အဖြူပြောင် အစိမ်းပြောင် သတ်မှတ်ပေးပြီးသားပါ။ အင်္ကျီလည်ပင်းအစေ့ကို ရင်ဖုံးလက်ရှည်သာ ဝတ်ရပါတယ်။ ရင်ဖုံးကို ငယ်ရွယ်သော ဆရာမပေါက်စလေးတွေက လှချင်လို့ပန်းခက်တွေအလှဆင်ပေမယ့် အရိုးပေါ်အရွက်မဖုံး ဝတ်ဆင်ပါတယ်။

လက်စက လက်ရှည်ဆိုတာလည်းရာသီဥတုကျန်းမာရေး နဲ့ကိုက်ညီဖို့သာဝတ်ဆင်ကြပါတယ်။လုံချည်ကိုလည်းပြောင်သာဝတ်ဆင်ရပါတယ်။ ဒူးချိတ်ပါရင်တောင် ရုံးအဖွဲ့နဲ့မှားယွင်းနိုင်လို့ မဝတ်ဆင်ရပါဘူး။ အချို့လည်းပန်းခက်ထိုးတာတွေဝတ်ဆင်ကြပါတယ် ဒါကလည်းပွဲအခမ်းအနားမှာသာ ဝတ်တတ်ကြတာပါ။

နောက်တစ်ခုက ကျွန်မတို့ရဲ့uniformက ပါတီကြီးတစ်ခုနဲ့ ဆင်သလိုဖြစ်ပေမယ့် ကွာခြားပါတယ်။ ကျောင်းစိမ်းလုံခြည်မှာ ပုလဲပေါက် မပါ ပါဘူး။အထူးသဖြင့်အခုလို ပညာရေးကိုအမြင်အမျိုးမျိုးမြင်ကြပြောကြဖြစ်နေတဲ့အချိန်မှာ သရုပ်ဆောင်တစ်ဦးအနေနဲ့ ပိုပြီးဂရုစိုက်ပေးသင့်တယ်။ ဘယ်ဌာနကိုပညာပေးရိုက်ရိုက်

ပညာရေးဌာနနဲ့ဆိုင်တဲ့ပညာပေးဆို အစစဂရုစိုက်သင့်တယ်။ဝမ်းစာဖြည့်သင့်တယ်။အသေးစိတ်လေ့လာသင့်တယ်။ ဒါလေးမှားတာ ဘာဖြစ်သွားလို့လဲ ပြောလာရင် မှားကိုမမှားသင့်ဘူးလို့ ခပ်ပြတ်ပြတ် ပြောရလိမ့်မယ်။ အရမ်းကို sensitive ဖြစ်လိုက်တာပြောလည်းဖြစ်ရမှာပဲ။ ဇာတ်သမားပြန်ရင်

မှတ်သားစရာ ကျန်တယ် ဆိုတာမှာ အလွဲတွေပေးနေရင် အလွဲဖြစ်နိုင်လို့ပဲ ။ငါကသရုပ်ဆောင်ပဲ ငါကဘာကြီးပဲ ငါဝတ်လိုက်ရင်ကြိုက်မှာပဲ ဆိုတာ တခြားလောကမှာ ထွင်ဝတ်ရင်ဟုတ်ကောင်းဟုတ်ပါလိမ့်မယ်။ အနုပညာရှင်တွေသုံးနှုန်းနေကြ ပရိတ်သတ်က ထမင်းရှင်ပါ ဆိုတာ။ ခုခေတ်ပရိတ်သတ်က

ဝေဖန်ပိုင်းခြားနိုင်တာမို့ပရိတ်သတ်ကို စော် ကားတာမျိုးမဖြစ်သင့်ဘူး။ ပရိတ်သတ်ကဘယ်ဌာနကိုမှ ပညာရေးလောက် စိတ်မဝင်စားကြဘူး။ ပရိတ်သတ်ထဲမှာ ကျောင်းသားတွေရှိတယ်။ကျောင်းသားမိဘတွေရှိတယ်။ဆရာ ဆရာမတွေရှိတယ်။ သူတို့စိတ်နဲ့မဟပ်စပ်ရင် ဘာကြီးလုပ်ပြပြအလကားပဲ။

စော်ကားခံနေရတယ်လို့ တွေးမိစေမှာပဲ။ ဘယ်ကျောင်းသားမှလည်းဆံပင်ရဲတွတ်နေအောင်၊နားကပ်ဟော့ရှော့ ဝတ်ပြီးကျောင်းမတက်ကြဘူး။ သူတို့လေးတွေမှာ ဂါရဝတရားတွေရှိနေသေးတဲ့ပုံရိပ်ကိုလည်းမထိခိုက်မိအောင် လုပ်သင့်တယ်။ အနုပညာရှင်ဆိုတာ

ဘာလုပ်လုပ် အနုစိတ်တွေးတောလေ့လာပြီး လုပ်သင့်တယ်။ ပြီးပြီးရောလုပ်တတ်တာအနုပညာရှင်မဟုတ်ပါ။ ဒီလိုပဲသရုပ်ဆောင် ဆိုတာလည်း သဏ္ဍာန်တူ သရုပ်ဆောင်ပေးရတာမို့ ထပ်တူမကျရင်တောင် စေတနာနဲ့လေ့လာသင်ယူပြီး သရုပ် ဆောင်သင့်တယ်။

(ဆရာမလေးမြသားသွင်)

ပရိတ်သတ်ဆိုတာ အနုပညာရှင်တွေကိုလေးစားပြီးသား။ သရုပ်ဆောင်တွေကိုချစ်ပြီးသား။ အဲ့ဒီ့စိတ်ကို မရိုက်ချိုးမိဖို့ဆင်ခြင်သင့်တယ်။ကျွန်မစိတ်နဲ့သာဆိုရင်တော့ ဌာနuniformကိုမဆင်ခြင်ဝတ်ပြနေသူတွေကို ဒဏ်ကြေးတစ်ခုသတ်မှတ်လိုက်ချင်တော့တာပါပဲ။

တစ်ခါလာလည်း ရင်ကော့ ဖင်ပစ်နဲ့ ကျောင်းစိမ်းနဲ့ နားထော်ကားယားတွေလုပ်လွန်းလို့ အခုစာကိုရေးလိုက်တာပါ။ (မလုပ်သူများကိုတော့မဆိုလိုပါ)

ဆရာမလေးမြသားသွင်” ဆိုပြီး ရေးသားထားပါတယ် ပရိတ်သတ်ကြီးရဲ့ အမြင်ကိုလည်း ပြောခဲ့ကြပါဦးနော်