Mon. Nov 29th, 2021

Zawgyi

အေျခခံပညာေက်ာင္းမ်ားကို ျပန္လည္ဖြင့္လွစ္ႏိုင္ေရးကြင္းဆင္းစစ္ေဆးမႈမ်ားေဆာင္႐ြက္ရန္အတြက္ Technical Team ဖြဲ႕ၿပီး ေဆြးေႏြးေနသည္ဟု အေျခခံပညာဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္

ဦးကိုေလးဝင္းက ေျပာသည္။ အေျခခံပညာေက်ာင္းမ်ား အဆင္သင့္ဖြင့္လွစ္ႏိုင္ေရးအတြက္ သက္ဆိုင္ရာေက်ာင္းအုပ္ႀကီးမ်ားက စီမံခ်က္မ်ား ေရးဆြဲကာ ႀကိဳတင္ျပင္ဆင္ေဆာင္႐ြက္ထားရွိရန္ အေျခခံပညာဦးစီးဌာနက

ဇန္နဝါရီ ၅ ရက္က ၫႊန္ၾကား ထားျခင္းျဖစ္သည္။ ဦးကိုေလးဝင္းက “Technical Team က စစ္ေဆးဖို႔ ျပည္နယ္၊ တိုင္းအလိုက္ အဆင့္အလိုက္ က်န္းမာေရး၊ ပညာေရး၊ ေထြအုပ္ေပါင္းစစ္တဲ့ဟာကေတာ့ ေလာေလာဆယ္

Technical Team ေတြ ျပန္ဖြဲ႕ၿပီး ျပန္ၿပီးေဆြးေႏြးေနတယ္”ဟု ေျပာသည္။ ထို႔အျပင္ အေျခခံပညာေက်ာင္းတခုတည္းမဟုတ္ဘဲ အဆင့္ျမင့္ပညာေရး၊ နည္းပညာႏွင့္ သက္ေမြးပညာေရးေလ့က်င့္ေရးစသည္ျဖင့္

က႑အစုံႀကိဳတင္ ျပင္ဆင္ထားရန္ ေဆာင္႐ြက္ေနျခင္းျဖစ္ေၾကာင္း၊ အေျခခံပညာေက်ာင္းမ်ားအေနျဖင့္ ေက်ာင္းျပန္ဖြင့္ခြင့္ရရွိရန္ အခ်က္ေပါင္း ၈ဝ ႏွင့္ ကိုက္ညီေအာင္ ႀကိဳတင္ျပင္ဆင္ထားရမည္ျဖစ္ၿပီး A

အဆင့္ရရွိသည့္ ေက်ာင္းမ်ားသာ ျပန္လည္ဖြင့္လွစ္ခြင့္ရရွိမည္ျဖစ္ေၾကာင္း သိရသည္။ လက္ရွိတြင္ အဆိုပါအခ်က္ ၈ဝ ႏွင့္ပတ္သက္ၿပီး ႀကိဳတင္ျပင္ဆင္ထားမႈမ်ားကို ၿမိဳ႕နယ္အခ်ိဳ႕တြင္ ၿမိဳ႕နယ္ပညာေရးမႉးမ်ားက ႀကိဳတင္စစ္ေဆး

မႈမ်ား ေဆာင္႐ြက္ေနေၾကာင္းလည္း သိရသည္။ ထို႔အျပင္ COVID ကာလအတြင္း Quarantine Centre အျဖစ္ ျပဳလုပ္ထားသည့္ ေက်ာင္းအခ်ိဳ႕ရွိၿပီး အဆိုပါေက်ာင္းမ်ားႏွင့္ ပတ္သက္၍လည္း ေက်ာင္းမဖြင့္မီသင့္တင့္သည့္

အခ်ိန္အတိုင္းအတာတခုတြင္ ျပန္အပ္ရန္ ေၾကညာခ်က္ ထုတ္သြားမည္ျဖစ္ေၾကာင္း ဦးကိုေလးဝင္းက ဆိုသည္။ ေက်ာင္းျပန္ဖြင့္ပါက ေက်ာင္းသူ၊ ေက်ာင္းသားမ်ားကို COVID ရွိ၊ မရွိ စစ္ေဆးေပးရန္ အစီအစဥ္ရွိ၊

မရွိ ေမးျမန္းခဲ့ရာ ဦးကိုေလးဝင္းက”ေက်ာင္းသူ၊ေက်ာင္းသားရွိသမွ် ၉ ဒသမ ၇ သန္းလုံးေတာ့ ဘယ္လိုစစ္ႏိုင္ မွာလဲ။ လိုအပ္ရင္ လိုအပ္သလို စစ္တာျပဳတာေတြကေတာ့ရွိမွာေပါ့။ ရွိသမွ် ေက်ာင္းသူ၊ေက်ာင္းသား အကုန္လုံးစစ္ဖို႔ဆိုတာကေတာ့

မျဖစ္ႏိုင္ဘူးေလ” ဟု ေျပာသည္။ ထို႔အျပင္ ေက်ာင္းျပန္ဖြင့္ပါကလည္း ေက်ာင္းအႀကိဳအပို႔မ်ားတြင္ မိဘႏွင့္ေက်ာင္းသားလိုက္နာရမည့္ကိစၥ၊ စာသင္ခန္းအတြင္း ဆရာ၊ ဆရာမမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားလိုက္နာရမည့္ကိစၥမ်ား

စသည္ျဖင့္ ထုတ္ျပန္ၿပီးျဖစ္ေၾကာင္း၊ COVID ကာကြယ္ေရးႏွင့္ပတ္သက္ၿပီးလည္း ႀကိဳတင္ျပင္ဆင္ထားၿပီးျဖစ္ေၾကာင္း ၎ကေျပာသည္။ ေက်ာင္းမ်ားကို ကြင္းဆင္းစစ္ေဆးၿပီး အဆင္သင့္ျဖစ္သည့္အခ်ိန္တြင္ COVID ဗဟိုေကာ္မတီသို႔

တင္ျပသြား မည္ျဖစ္ၿပီး COVID ဗဟိုေကာ္မတီက ျပန္လည္ဖြင့္လွစ္ခြင့္ျပဳမွ ေက်ာင္းမ်ားျပန္ဖြင့္ခြင့္ရမည္ျဖစ္ေၾကာင္း၊ COVID ကာလအတြင္း ပညာေရးဝန္ႀကီးဌာနအေနျဖင့္

က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန၏ လမ္းၫႊန္ ခ်က္မ်ားႏွင့္အညီ အထက္တန္းေက်ာင္းမ်ားကို စတင္ဖြင့္လွစ္ေပးခဲ့ေသာ္လည္း ျပည္တြင္းကူးစက္မႈမ်ား ျမင့္တက္လာသည့္အတြက္ ျပန္ပိတ္ခဲ့ရေၾကာင္း သိရသည္။

Crd; News Wath ဖူးဖူးေအာင္

Unicode

အခြေခံပညာကျောင်းများကို ပြန်လည်ဖွင့်လှစ်နိုင်ရေးကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ရန်အတွက် Technical Team ဖွဲ့ပြီး ဆွေးနွေးနေသည်ဟု အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောသည်။

အခြေခံပညာကျောင်းများ အဆင်သင့်ဖွင့်လှစ်နိုင်ရေးအတွက် သက်ဆိုင်ရာကျောင်းအုပ်ကြီးများက စီမံချက်များ ရေးဆွဲကာ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန် အခြေခံပညာဦးစီးဌာနက ဇန်နဝါရီ ၅ ရက်က ညွှန်ကြား ထားခြင်းဖြစ်သည်။

ဦးကိုလေးဝင်းက “Technical Team က စစ်ဆေးဖို့ ပြည်နယ်၊ တိုင်းအလိုက် အဆင့်အလိုက် ကျန်းမာရေး၊ ပညာရေး၊ ထွေအုပ်ပေါင်းစစ်တဲ့ဟာကတော့ လောလောဆယ် Technical Team တွေ ပြန်ဖွဲ့ပြီး ပြန်ပြီးဆွေးနွေးနေတယ်”ဟု ပြောသည်။

ထို့အပြင် အခြေခံပညာကျောင်းတခုတည်းမဟုတ်ဘဲ အဆင့်မြင့်ပညာရေး၊ နည်းပညာနှင့် သက်မွေးပညာရေးလေ့ကျင့်ရေးစသည်ဖြင့် ကဏ္ဍအစုံကြိုတင် ပြင်ဆင်ထားရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ အခြေခံပညာကျောင်းများအနေဖြင့် ကျောင်းပြန်ဖွင့်ခွင့်ရရှိရန်

အချက်ပေါင်း ၈ဝ နှင့် ကိုက်ညီအောင် ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်ပြီး A အဆင့်ရရှိသည့် ကျောင်းများသာ ပြန်လည်ဖွင့်လှစ်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် အဆိုပါအချက် ၈ဝ နှင့်ပတ်သက်ပြီး ကြိုတင်ပြင်ဆင်ထားမှုများကို

မြို့နယ်အချို့တွင် မြို့နယ်ပညာရေးမှူးများက ကြိုတင်စစ်ဆေးမှုများ ဆောင်ရွက်နေကြောင်းလည်း သိရသည်။ ထို့အပြင် COVID ကာလအတွင်း Quarantine Centre အဖြစ် ပြုလုပ်ထားသည့် ကျောင်းအချို့ရှိပြီး အဆိုပါကျောင်းများနှင့်

ပတ်သက်၍လည်း ကျောင်းမဖွင့်မီသင့်တင့်သည့် အချိန်အတိုင်းအတာတခုတွင် ပြန်အပ်ရန် ကြေညာချက် ထုတ်သွားမည်ဖြစ်ကြောင်း ဦးကိုလေးဝင်းက ဆိုသည်။ ကျောင်းပြန်ဖွင့်ပါက ကျောင်းသူ၊ ကျောင်းသားများကို COVID ရှိ၊ မရှိ စစ်ဆေးပေးရန်

အစီအစဉ်ရှိ၊ မရှိ မေးမြန်းခဲ့ရာ ဦးကိုလေးဝင်းက”ကျောင်းသူ၊ကျောင်းသားရှိသမျှ ၉ ဒသမ ၇ သန်းလုံးတော့ ဘယ်လိုစစ်နိုင် မှာလဲ။ လိုအပ်ရင် လိုအပ်သလို စစ်တာပြုတာတွေကတော့ရှိမှာပေါ့။ ရှိသမျှ ကျောင်းသူ၊ကျောင်းသား အကုန်လုံးစစ်ဖို့ဆိုတာကတော့ မဖြစ်နိုင်ဘူးလေ” ဟု ပြောသည်။

ထို့အပြင် ကျောင်းပြန်ဖွင့်ပါကလည်း ကျောင်းအကြိုအပို့များတွင် မိဘနှင့်ကျောင်းသားလိုက်နာရမည့်ကိစ္စ၊ စာသင်ခန်းအတွင်း ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများလိုက်နာရမည့်ကိစ္စများ စသည်ဖြင့် ထုတ်ပြန်ပြီးဖြစ်ကြောင်း၊ COVID ကာကွယ်ရေးနှင့်ပတ်သက်ပြီးလည်း

ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ကြောင်း ၎င်းကပြောသည်။ ကျောင်းများကို ကွင်းဆင်းစစ်ဆေးပြီး အဆင်သင့်ဖြစ်သည့်အချိန်တွင် COVID ဗဟိုကော်မတီသို့ တင်ပြသွား မည်ဖြစ်ပြီး COVID ဗဟိုကော်မတီက ပြန်လည်ဖွင့်လှစ်ခွင့်ပြုမှ ကျောင်းများပြန်ဖွင့်ခွင့်ရမည်ဖြစ်ကြောင်း၊ COVID ကာလအတွင်း

ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန် ချက်များနှင့်အညီ အထက်တန်းကျောင်းများကို စတင်ဖွင့်လှစ်ပေးခဲ့သော်လည်း ပြည်တွင်းကူးစက်မှုများ မြင့်တက်လာသည့်အတွက် ပြန်ပိတ်ခဲ့ရကြောင်း သိရသည်။

Crd; News Wath ဖူးဖူးေအာင္