Sun. Nov 28th, 2021
Zawgyi
Unicode
ပရိသတ်ကြီးရေ အချိန်တိုအတွင်းမှာ ပရိသတ်တွေရဲ့ လက်ခံအားပေးမှုကို အပြည့်အ၀ရယူနိုင်ခဲ့ပြီး beauty bloggerတစ်ယောက်အနေနဲ့ကနေ ရုပ်ရှင်မင်းသမီးတစ်ယောက်အနေနဲ့ရပ်တည်လာတဲ့ နေခြည်ဦးကိုသိကြမယ်ထင်ပါတယ်နော်။
ချီချီဟာ ဇာတ်လမ်းတွဲတွေအပြင် ရုပ်ရှင်ကားကြီးတွေကိုပါ လက်ခံ‌ရိုက်ကူးနေတဲ့ ဒိတ်ဒိတ်ကြဲမင်းသမီးတစ်ယောက်လည်းဖြစ်ပြီးတော့ သူမရဲ့ ပွင့်လင်းတဲ့အပြောအဆိုလေးတွေကြောင့်လည်း ပရိသတ်အချစ်ကိုရရှိနေတာပါ။
ချီချီဟာ ရုပ်ရှင်ကားတွေ ဇာတ်လမ်းတွဲတွေနဲ့ ကြော်ငြာတွေအပြင် အခုဆိုရင်လည်း Live salesရောင်းချမှုတွေပါ ပြုလုပ်နေတာဖြစ်ပြီး အပြောအဆိုချိုသာမှုလေးတွေကြောင့် အောင်မြင်မှုတွေလည်း ဆက်တိုက်ရရှိနေတာဖြစ်ပါတယ်။
အခုဆိုရင်လည်းနေခြည်ဟာ ပြင်ဦးလွင်မှာဇာတ်လမ်းတွဲရိုက်ကူးဖို့အတွက်ရောက်ရှိနေတာလည်းဖြစ်ပြီး မင်းသားချောမြင့်မြတ်နဲ့အတူ ရိုက်ကူးနေတာလည်းဖြစ်ပါတယ်နော်။ နေခြည်ဟာ ချစ်ပန်းဝါဝါဆိုတဲ့ဇာတ်လမ်းတွဲကို ရိုက်ကူးနေတာဖြစ်ပြီး ရှုတင်မှာအကောင်းဆုံးကြိုးစားနေတာလည်းဖြစ်ပါတယ်။
မကြာသေးမီကလည်း ချီချီဟာ သူမရဲ့Facebook my dayလေးမှာ အရမ်းအေးနေတဲ့ရာသီဥတုကိုအံတုရင်း ရှုတင်နားတုန်းလေးမှာအချဉ်ပေါင်းစားနေတဲ့ ဗီဒီယိုလေးကိုတင်ပေးလာခဲ့ပါတယ်။ ကဲ….ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။